Uncovering the "why" behind the "who." We interview individuals from all walks of life to share the perspectives you won't find anywhere else.
Bawa - ဘဝ
"ငယ်ငယ်ကတည်းက စာဖတ်တာ ဝါသနာပါတယ်။ စာအုပ် တစ်အုပ်၊ နှစ်အုပ်ကနေ စုလိုက်တာ အခုဆိုရင် စာအုပ်ပေါင်း သောင်းကျော်နေပြီ..."၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ "မေတ္တာလင်း စာကြည့်တိုက်" ကို တည်ထောင်သူ ကိုတင်မျိုးနိုင်က သူဘယ်လို ရုန်းကန်ရပ်တည်ခဲ့ရလဲဆိုတာကို အခုလို ရင်ဖွင့်ထားပါတယ်။💰 စာကြည့်တိုက်ကို ပိုမိုပြည့်စုံလာအောင် ကိုတင်မျိုးနိုင်က မိမိကိုယ်ပိုင်ငွေထဲကနေ တစ်နေ့ကို (၃,၀၀၀) ကျပ်စီ ပုံမှန်စုပါတယ်။ လကုန်ရင် ရလာတဲ့ (၉၀,၀၀၀) ကျပ်နဲ့ စာဖတ်ပရိသတ်တွေအတွက် လိုအပ်တဲ့ စာအုပ်တွေကို ရှာဖွေဝယ်ယူပြီး ဖြည့်ဆည်းပေးနေတာပါ။💔 ၂၀၁၉ ကနေ အခု ၂၀၂၆ ခုနှစ်အထိ (၇) နှစ်တာ ကာလအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် (ငှားရမ်းသူများ မေ့လျော့ခြင်း၊ နေရာရွှေ့ပြောင်းသွားခြင်း စသည်ဖြင့်) ပြန်မရတော့ဘဲ ဆုံးရှုံးသွားရတဲ့ စာအုပ်ပေါင်း (၃၀၀) ကျော်၊ (၄၀၀) နီးပါး ရှိခဲ့ပါတယ်။ စိတ်ပျက်စရာ ကောင်းလှပေမဲ့လည်း "သူတို့ဖတ်လည်း ကိုယ်တွေအတွက် အကျိုးရှိတာပဲ" ဆိုတဲ့ နှလုံးသွင်းမှုနဲ့ ဆက်လျှောက်နေဆဲ ဖြစ်ပါတယ်။🤝 စာကြည့်တိုက်အတွက် ကိုယ်ပိုင်ဝင်ငွေအပြင် အိမ်ကပါ ခဏခဏ ပိုက်ဆံချေးပြီး စိုက်ထုတ်ရတဲ့အခါ... မိသားစုက "စိတ်လည်း ပင်ပန်းတယ်၊ ပိုက်ဆံလည်း မရဘူး" ဆိုပြီး စိုးရိမ်တကြီး ပြောတာတွေ ကြုံရပါတယ်။ ဒါပေမဲ့ ဝါသနာနဲ့ စေတနာအရင်းခံတာမို့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းပြီး အားတင်းဖြတ်သန်းနေရပါတယ်။သူ့မှာ ကိုယ်ပိုင်ဆံပင်ညှပ်ဆိုင် ရှိပြီး တပည့်တွေကို ယုံကြည်စိတ်ချစွာ လက်လွှဲထားနိုင်လို့သာ စာကြည့်တိုက်နဲ့ ပရဟိတဘက်ကို အချိန်ပေးနိုင်ခြင်း ဖြစ်ပါတယ်။⏱️ စာကြည့်တိုက်ကို ကူညီပေးနေတဲ့ လူငယ်မောင်မယ် Volunteer လေးတွေ ရှိသလို၊ ဝါသနာတူ ဆရာသမားများကလည်း စာအုပ်နေရာချထားနည်းနှင့် စနစ်တကျ လိုင်းခွဲနည်းများကို လာရောက်ကူညီ ပေးကြပါတယ်။စာဖတ်သူရဲ့ အချိန်ပေါ်မူတည်ပြီး ၄ ရက်မှ ၁ ပတ်အထိ ညှိနှိုင်းငှားရမ်းပေးပါတယ်။တနင်္လာနေ့: ပါချုပ်ဆရာတော်ဘုရားကြီး၏ သုတဓမ္မဒီပလိုမာ (Level 1) တက်ရောက်ပြီး၊ Level 2 & 3 တွင် Volunteer လုပ်ကိုင်ပေးပါတယ်။အင်္ဂါ၊ ဗုဒ္ဓဟူး: ဓမ္မစကူး (Dhamma School) ကျောင်းများတွင် Volunteer ဆရာအဖြစ် ကူညီပေးပါတယ်။ (ပြီးခဲ့သည့် နွေရာသီက ကလေးငယ် ၂၂ ယောက်ကို အခြေခံစာပေများ သင်ကြားပေးခဲ့)သောကြာ: ကလေးငယ်များအတွက် ပန်းချီပရဟိတ သင်တန်းများ ပို့ချပေးပါတယ်။"ဒီထက်မကလည်း ပိုကြိုးစားဦးမယ်။ ရေရှည်တည်တံ့အောင်လည်း နိုင်သလောက် ရုန်းကန်မယ်။ အဓိကက လူငယ်တွေ၊ လူကြီးတွေ စာဖတ်ဖို့က အရေးကြီးဆုံးပါပဲ..." လို့ကိုတင်မျိုးနိုင်က ဆိုပါတယ်။မေတ္တာလင်းစာကြည့်တိုက် တည်နေရာနှင့် ဆက်သွယ်ရန်လိပ်စာ: မဏိစည်သူလမ်း၊ ၇၀ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ဖွင့်လှစ်ချိန်: ပိတ်ရက်မရှိ (နေ့စဉ် နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀/၆:၀၀ နာရီအထိ)#Bawa #ဘဝ #မေတ္တာလင်းစာကြည့်တိုက် #စာဖတ်ခြင်းမြှင့်တင်ရေး #ပရဟိတ #လူမှုအကျိုးပြု
2 weeks ago | [YT] | 23
View 4 replies
လူတွေအိပ်မောကျနေဆဲ မနက် ၄ နာရီခွဲအချိန်ဆိုရင်ပဲ ဆိပ်ကမ်းသာလမ်းက အဆောင်ကျဉ်းလေးတစ်ခုထဲမှာ ဦးသောင်းစိုးတစ်ယောက် နိုးကြားနေပါပြီ။ ဘုရားဝတ်ပြု၊ ရေနွေးအိုးတည်၊ လက်ဖက်ခြောက်နှပ်ပြီးတာနဲ့ မနက် ၈ နာရီမှာတော့ ပူပူနွေးနွေး လက်ဖက်ရည်အိုးတွေကို စက်ဘီးပေါ်တင်လို့ မြို့ထဲပိုင်းကို ထွက်လာခဲ့ပါပြီ။မင်္ဂလာဒုံလို မြို့ပြင်မှာ နေရင် အရောင်းအဝယ်မဖြစ်လို့ မြို့ထဲမှာ အဆောင်ငှား၊ အဆောင်ခပေးပြီး ကုန်ဈေးနှုန်းတွေကြား ရုန်းကန်နေရတာပါ။ ပန်းဆိုးတန်းကားမှတ်တိုင်၊ ၃၇ လမ်းက စာအုပ်ဆိုင်တွေကနေ လသာဘက်အထိ မိုးရွာရွာ၊ နေပူပူ စက်ဘီးလေးနင်းပြီး ညနေ ၅ နာရီအထိ လှည့်လည်ရောင်းချပါတယ်။ဦးသောင်းစိုး ဒီလောက်အပင်ပန်းခံပြီး ရှာဖွေနေရတဲ့ အဓိကအကြောင်းရင်းကတော့ နယ်မှာရှိတဲ့ သူ့ရဲ့ မိသားစု ၃ ယောက်ကြောင့်ပါ။ သားသမီးနှစ်ယောက်ထဲက တစ်ယောက်ဟာ မွေးကတည်းက ကျန်းမာရေးမကောင်းဘဲ ကိုမာ (Coma) လိုမျိုး အခြေအနေနဲ့ အိပ်ရာထဲလဲနေရှာပါတယ်။ (မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်စဉ်က ကင်းမြီးကောက်အမည်း ကိုက်ခံခဲ့ရလို့ အဲ့ဒီလို ဖြစ်သွားရရှာတာလို့ ဆိုပါတယ်။)ကိုယ်တိုင်အတွက် စုမိဆောင်းမိဖို့ မလွယ်ကူတော့တဲ့အထဲ၊ နယ်ကမိသားစု လိုအပ်ပြီဆိုတာနဲ့ ရှာဖွေရသမျှ ငွေလေးတွေကို လှမ်းလှမ်းလွှဲပေးနေရတာပါ။ ဒီလို ထောက်ပံ့ပေးနိုင်တာကိုပဲ ဦးလေးကတော့ "အတိုင်းအဆမရှိ ပီတိဖြစ်ရပါတယ်" လို့ မျက်ရည်ဝဲစရာ အပြုံးမျိုးနဲ့ ပြောရှာပါတယ်။မြို့ထဲပိုင်းမှာ အလုပ်လုပ်တဲ့သူတွေ၊ လမ်းကြုံတဲ့သူတွေအနေနဲ့ ဦးလေးရဲ့ စက်ဘီးလေးကို မြင်ရင်ဖြစ်ဖြစ်၊ ဖုန်းဆက်ပြီး အော်ဒါမှာချင်ရင်ဖြစ်ဖြစ် အားပေးလို့ရပါတယ်။🚴 ပန်းဆိုးတန်းကားဂိတ်၊ ဗန္ဓုလပန်းခြံရှေ့၊ ၃၇ လမ်း စာအုပ်ဆိုင်များ နှင့် လသာမြို့နယ်အတွင်း။⏰ အချိန်: မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ။📞 ဆက်သွယ်ရန်ဖုန်း: 09-680970069"လာပြီးတော့ အားပေးတဲ့လူ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ..."ဦးလေးရဲ့ စကားသံလေးက ရိုးရှင်းပေမယ့် ရင်ထဲကို ရောက်ပါတယ်။ ရန်ကုန်မြို့ပြရဲ့ လမ်းမတွေပေါ်မှာ မေတ္တာနဲ့ စေတနာကို စက်ဘီးပေါ်တင်မောင်းနေတဲ့ ဦးသောင်းစိုးတို့ မိသားစုလေး အဆင်ပြေပါစေကြောင်း ဆုတောင်းရင်း... လမ်းကြုံရင် ကော်ဖီမစ်နဲ့ လက်ဖက်ရည်ပူပူလေး အားပေးကြပါဦးခင်ဗျာ။ 🙏#Bawa #ဘဝ #HumanInterest #YangonLife #SupportLocal #StreetVendor #Myanmar #StruggleinLife #LifeinMyanmar
3 weeks ago | [YT] | 26
View 0 replies
အင်းယားမြိုင်လမ်းတစ်ဝိုက်က လူတိုင်းသိတဲ့... ပဲပြုတ်သည်ကြီး ဦးအောင်ကျော်မင်း"မနက် ၅ နာရီခွဲဆိုတာနဲ့ အားလုံး အိပ်မောကျနေချိန်မှာ သူကတော့ စက်ဘီးလေးတစ်စီး၊ ပဲပြုတ်အိုးတစ်လုံးနဲ့ ဘဝကို စတင်တွန်းရုန်းနေပါပြီ..."သူ့နာမည်က ဦးအောင်ကျော်မင်း။ အသက် ၄၉ နှစ်။ ရွှေတောင်ကြား၊ အင်းယားမြိုင်၊ သံလွင်လမ်းတစ်ဝိုက်မှာ ပဲပြုတ်နဲ့ မနက်ခင်းမုန့်တွေ လှည့်လည်ရောင်းချလာတာ အခုဆို (၁၅) နှစ်ရှိခဲ့ပါပြီ။ ဆိုက်ကားနင်းခဲ့ဖူးတယ်၊ ကုန်ထမ်းခဲ့ဖူးတယ်၊ ပဲပင်ပေါက်ရောင်းခဲ့ဖူးတယ်။ အခုတော့ ကိုယ်တိုင်ချက်ပြုတ်တဲ့ ပဲပြုတ်လေးနဲ့ မိသားစုကို လုပ်ကျွေးနေတဲ့ ဖခင်တစ်ယောက်ပေါ့။"ဇနီးဖြစ်သူကတော့ ရေနံချောင်းက အိမ်နဲ့ခြံမှာ နေတယ်။ ရေကြည်ရာမြက်နုရာ ရှာရတဲ့ဘဝမို့ မိသားစုတွေ တကွဲတပြား နေရပေမဲ့ စိတ်ထဲမှာတော့ အမြဲတမ်း အတူတူပါပဲ" လို့ ဦးအောင်ကျော်မင်းက ဆိုပါတယ်။သူ့ဆီမှာ ထူးခြားတာက ပဲပြုတ်တင်မကဘူး၊ ဖောက်သည်တွေက ဟင်းသီးဟင်းရွက်၊ ကြက်သား၊ ဝက်သား၊ ငါး မှာရင်လည်း လှိုင်ဈေးကြီးကနေ ဝယ်လာပေးတတ်ပါတယ်။ ဖုန်းဆက်ပြီး Booking မှာထားတဲ့ ပစ္စည်းဆိုရင် ဘယ်သူ ဘယ်လောက်ပေးပေး မရောင်းဘဲ ချန်ထားပေးတတ်တဲ့ သူ့ရဲ့ စိတ်ဓာတ်ကြောင့်ပဲ ဖောက်သည်တွေက သူ့ကို မျှော်ပြီးမှ မနက်စာ စားကြတာပါ။"ကျွန်တော်တို့မှာ သားသမီးတွေကို ပေးစရာ အမွေဆိုလို့ ပညာပဲ ရှိတာ။ သူတို့ အောင်မြင်ရင် သူတို့အတွက်ပဲလေ..." လို့ ပြောတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာက ရင်ထဲကို တကယ့်ကို ထိရှစေပါတယ်။မနက်ခင်း ရွှေတောင်ကြားနဲ့ အင်းယားမြိုင်လမ်းတဝိုက်မှာ ဦးအောင်ကျော်မင်းကို တွေ့ရင်ဖြစ်ဖြစ်၊ မနက်စာ သန့်သန့်ရှင်းရှင်းနဲ့ စေတနာအပြည့် စားချင်ရင်ဖြစ်ဖြစ် အားပေးကြပါဦးခင်ဗျာ။ အသားငါး ကုန်စိမ်းကအစ ဖုန်းဆက်မှာရင်လည်း အိမ်တိုင်ရာရောက် ဖြည့်ဆည်းပေးပါတယ်တဲ့ဗျာ။📞 ဦးအောင်ကျော်မင်း ဖုန်း - ၀၉ ၇၉၇ ၉၆၂ ၀၀၈ 📞 သံလွင်လမ်းဘက်မှာ ရောင်းတဲ့ သမက်ဖြစ်သူ ဖုန်း - ၀၉ ၇၇၅ ၇၈၂ ၁၈၀#bawa #ဘဝ #Life #StoryOfTheDay #HardworkingFather #YangonLife #adayinlife #ရန်ကုန်ဘဝ
1 month ago | [YT] | 26
"မင်းတို့ ဘောပင်ကိုင်မလား... အဖေ့အလုပ်ကိုပဲ ဝိုင်းလုပ်မလား... မင်းတို့သဘောပါ၊ အဖေနဲ့အမေကတော့ လုပ်စားနိုင်သေးတယ်..." 🥺❤️ဒါကတော့ သာကေတ ၇ ဈေးလမ်းမက နှစ်ပေါင်း ၂၀ ကျော် မုန့်ဟင်းခါးရောင်းပြီး သားသမီးတွေကို သမားရိုးကျ ရုန်းကန်ကျွေးမွေးခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ ရင်ထဲက စကားပဲဖြစ်ပါတယ်။တစ်ပွဲကို အလွတ် ၂ ကျပ်ခွဲ၊ အကြော်နဲ့မှ ၃ ကျပ်ခေတ် ကိုးဆယ်ခုနှစ်တွေကတည်းက စတင်ခဲ့တဲ့ ဘဝခရီး။ ပုခုံးပေါ်မှာ ပုဆိုးစခံပြီး တံပိုးနဲ့ထမ်းရောင်းခဲ့ရတဲ့ ပင်ပန်းမှုတွေကို အပြုံးမပျက် ကျော်ဖြတ်ခဲ့တာ ဒီနေ့အထိပါပဲ။ အခုနောက်ပိုင်း ဇနီးသည်ကလည်း ကျန်းမာရေးမကောင်း၊ ကိုယ်တိုင်လည်း သက်လုံမကောင်းတော့ပေမယ့် ဆိုင်မထွက်ရတဲ့ရက်တွေဆို ဝင်ငွေမရှိလို့ စိတ်ညစ်ရရှာတဲ့ ဦးလေးပါ။"အဖေတို့ ကြီးလာရင် သားတို့ ပစ်မထားပါဘူး၊ သားပြန်ကြည့်ပါ့မယ်" ဆိုတဲ့ သားသမီးတွေရဲ့ အသိတရားလေးကပဲ ဒီနေ့အထိ မုန့်ဟင်းခါးအိုးကြီးကို ဆက်ပြီးတွန်းမောင်းစေခဲ့တဲ့ အဓိက အားမာန်ပါပဲ။အရသာလည်းရှိ၊ စေတနာလည်းအပြည့်ပါတဲ့ မိသားစုလက်ရာ မုန့်ဟင်းခါး အိုးဘဲဥ၊ ငါးဖယ်ကြော် ပူပူနွေးနွေးလေးကို အားပေးချင်တယ်ဆိုရင်တော့ သာကေတဘက် ရောက်တဲ့အခါ ဝင်ခဲ့ဦးနော်။ရွှေညာသားမုန့်ဟင်းခါး📞 ၀၉ ၄၂၁ ၀၆၅ ၆၁၃ (သာကေတ ၇ စျေးလမ်းမ၊ အရက်ဆိုင်ကွေ့)
1 month ago | [YT] | 19
Bawa - ဘဝ
"ငယ်ငယ်ကတည်းက စာဖတ်တာ ဝါသနာပါတယ်။ စာအုပ် တစ်အုပ်၊ နှစ်အုပ်ကနေ စုလိုက်တာ အခုဆိုရင် စာအုပ်ပေါင်း သောင်းကျော်နေပြီ..."
၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ "မေတ္တာလင်း စာကြည့်တိုက်" ကို တည်ထောင်သူ ကိုတင်မျိုးနိုင်က သူဘယ်လို ရုန်းကန်ရပ်တည်ခဲ့ရလဲဆိုတာကို အခုလို ရင်ဖွင့်ထားပါတယ်။
💰 စာကြည့်တိုက်ကို ပိုမိုပြည့်စုံလာအောင် ကိုတင်မျိုးနိုင်က မိမိကိုယ်ပိုင်ငွေထဲကနေ တစ်နေ့ကို (၃,၀၀၀) ကျပ်စီ ပုံမှန်စုပါတယ်။ လကုန်ရင် ရလာတဲ့ (၉၀,၀၀၀) ကျပ်နဲ့ စာဖတ်ပရိသတ်တွေအတွက် လိုအပ်တဲ့ စာအုပ်တွေကို ရှာဖွေဝယ်ယူပြီး ဖြည့်ဆည်းပေးနေတာပါ။
💔 ၂၀၁၉ ကနေ အခု ၂၀၂၆ ခုနှစ်အထိ (၇) နှစ်တာ ကာလအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် (ငှားရမ်းသူများ မေ့လျော့ခြင်း၊ နေရာရွှေ့ပြောင်းသွားခြင်း စသည်ဖြင့်) ပြန်မရတော့ဘဲ ဆုံးရှုံးသွားရတဲ့ စာအုပ်ပေါင်း (၃၀၀) ကျော်၊ (၄၀၀) နီးပါး ရှိခဲ့ပါတယ်။ စိတ်ပျက်စရာ ကောင်းလှပေမဲ့လည်း "သူတို့ဖတ်လည်း ကိုယ်တွေအတွက် အကျိုးရှိတာပဲ" ဆိုတဲ့ နှလုံးသွင်းမှုနဲ့ ဆက်လျှောက်နေဆဲ ဖြစ်ပါတယ်။
🤝 စာကြည့်တိုက်အတွက် ကိုယ်ပိုင်ဝင်ငွေအပြင် အိမ်ကပါ ခဏခဏ ပိုက်ဆံချေးပြီး စိုက်ထုတ်ရတဲ့အခါ... မိသားစုက "စိတ်လည်း ပင်ပန်းတယ်၊ ပိုက်ဆံလည်း မရဘူး" ဆိုပြီး စိုးရိမ်တကြီး ပြောတာတွေ ကြုံရပါတယ်။ ဒါပေမဲ့ ဝါသနာနဲ့ စေတနာအရင်းခံတာမို့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းပြီး အားတင်းဖြတ်သန်းနေရပါတယ်။
သူ့မှာ ကိုယ်ပိုင်ဆံပင်ညှပ်ဆိုင် ရှိပြီး တပည့်တွေကို ယုံကြည်စိတ်ချစွာ လက်လွှဲထားနိုင်လို့သာ စာကြည့်တိုက်နဲ့ ပရဟိတဘက်ကို အချိန်ပေးနိုင်ခြင်း ဖြစ်ပါတယ်။
⏱️ စာကြည့်တိုက်ကို ကူညီပေးနေတဲ့ လူငယ်မောင်မယ် Volunteer လေးတွေ ရှိသလို၊ ဝါသနာတူ ဆရာသမားများကလည်း စာအုပ်နေရာချထားနည်းနှင့် စနစ်တကျ လိုင်းခွဲနည်းများကို လာရောက်ကူညီ ပေးကြပါတယ်။
စာဖတ်သူရဲ့ အချိန်ပေါ်မူတည်ပြီး ၄ ရက်မှ ၁ ပတ်အထိ ညှိနှိုင်းငှားရမ်းပေးပါတယ်။
တနင်္လာနေ့: ပါချုပ်ဆရာတော်ဘုရားကြီး၏ သုတဓမ္မဒီပလိုမာ (Level 1) တက်ရောက်ပြီး၊ Level 2 & 3 တွင် Volunteer လုပ်ကိုင်ပေးပါတယ်။
အင်္ဂါ၊ ဗုဒ္ဓဟူး: ဓမ္မစကူး (Dhamma School) ကျောင်းများတွင် Volunteer ဆရာအဖြစ် ကူညီပေးပါတယ်။ (ပြီးခဲ့သည့် နွေရာသီက ကလေးငယ် ၂၂ ယောက်ကို အခြေခံစာပေများ သင်ကြားပေးခဲ့)
သောကြာ: ကလေးငယ်များအတွက် ပန်းချီပရဟိတ သင်တန်းများ ပို့ချပေးပါတယ်။
"ဒီထက်မကလည်း ပိုကြိုးစားဦးမယ်။ ရေရှည်တည်တံ့အောင်လည်း နိုင်သလောက် ရုန်းကန်မယ်။ အဓိကက လူငယ်တွေ၊ လူကြီးတွေ စာဖတ်ဖို့က အရေးကြီးဆုံးပါပဲ..." လို့ကိုတင်မျိုးနိုင်က ဆိုပါတယ်။
မေတ္တာလင်းစာကြည့်တိုက် တည်နေရာနှင့် ဆက်သွယ်ရန်
လိပ်စာ: မဏိစည်သူလမ်း၊ ၇၀ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖွင့်လှစ်ချိန်: ပိတ်ရက်မရှိ (နေ့စဉ် နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀/၆:၀၀ နာရီအထိ)
#Bawa #ဘဝ #မေတ္တာလင်းစာကြည့်တိုက် #စာဖတ်ခြင်းမြှင့်တင်ရေး #ပရဟိတ #လူမှုအကျိုးပြု
2 weeks ago | [YT] | 23
View 4 replies
Bawa - ဘဝ
လူတွေအိပ်မောကျနေဆဲ မနက် ၄ နာရီခွဲအချိန်ဆိုရင်ပဲ ဆိပ်ကမ်းသာလမ်းက အဆောင်ကျဉ်းလေးတစ်ခုထဲမှာ ဦးသောင်းစိုးတစ်ယောက် နိုးကြားနေပါပြီ။ ဘုရားဝတ်ပြု၊ ရေနွေးအိုးတည်၊ လက်ဖက်ခြောက်နှပ်ပြီးတာနဲ့ မနက် ၈ နာရီမှာတော့ ပူပူနွေးနွေး လက်ဖက်ရည်အိုးတွေကို စက်ဘီးပေါ်တင်လို့ မြို့ထဲပိုင်းကို ထွက်လာခဲ့ပါပြီ။
မင်္ဂလာဒုံလို မြို့ပြင်မှာ နေရင် အရောင်းအဝယ်မဖြစ်လို့ မြို့ထဲမှာ အဆောင်ငှား၊ အဆောင်ခပေးပြီး ကုန်ဈေးနှုန်းတွေကြား ရုန်းကန်နေရတာပါ။ ပန်းဆိုးတန်းကားမှတ်တိုင်၊ ၃၇ လမ်းက စာအုပ်ဆိုင်တွေကနေ လသာဘက်အထိ မိုးရွာရွာ၊ နေပူပူ စက်ဘီးလေးနင်းပြီး ညနေ ၅ နာရီအထိ လှည့်လည်ရောင်းချပါတယ်။
ဦးသောင်းစိုး ဒီလောက်အပင်ပန်းခံပြီး ရှာဖွေနေရတဲ့ အဓိကအကြောင်းရင်းကတော့ နယ်မှာရှိတဲ့ သူ့ရဲ့ မိသားစု ၃ ယောက်ကြောင့်ပါ။ သားသမီးနှစ်ယောက်ထဲက တစ်ယောက်ဟာ မွေးကတည်းက ကျန်းမာရေးမကောင်းဘဲ ကိုမာ (Coma) လိုမျိုး အခြေအနေနဲ့ အိပ်ရာထဲလဲနေရှာပါတယ်။ (မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်စဉ်က ကင်းမြီးကောက်အမည်း ကိုက်ခံခဲ့ရလို့ အဲ့ဒီလို ဖြစ်သွားရရှာတာလို့ ဆိုပါတယ်။)
ကိုယ်တိုင်အတွက် စုမိဆောင်းမိဖို့ မလွယ်ကူတော့တဲ့အထဲ၊ နယ်ကမိသားစု လိုအပ်ပြီဆိုတာနဲ့ ရှာဖွေရသမျှ ငွေလေးတွေကို လှမ်းလှမ်းလွှဲပေးနေရတာပါ။ ဒီလို ထောက်ပံ့ပေးနိုင်တာကိုပဲ ဦးလေးကတော့ "အတိုင်းအဆမရှိ ပီတိဖြစ်ရပါတယ်" လို့ မျက်ရည်ဝဲစရာ အပြုံးမျိုးနဲ့ ပြောရှာပါတယ်။
မြို့ထဲပိုင်းမှာ အလုပ်လုပ်တဲ့သူတွေ၊ လမ်းကြုံတဲ့သူတွေအနေနဲ့ ဦးလေးရဲ့ စက်ဘီးလေးကို မြင်ရင်ဖြစ်ဖြစ်၊ ဖုန်းဆက်ပြီး အော်ဒါမှာချင်ရင်ဖြစ်ဖြစ် အားပေးလို့ရပါတယ်။
🚴 ပန်းဆိုးတန်းကားဂိတ်၊ ဗန္ဓုလပန်းခြံရှေ့၊ ၃၇ လမ်း စာအုပ်ဆိုင်များ နှင့် လသာမြို့နယ်အတွင်း။
⏰ အချိန်: မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ။
📞 ဆက်သွယ်ရန်ဖုန်း: 09-680970069
"လာပြီးတော့ အားပေးတဲ့လူ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ..."
ဦးလေးရဲ့ စကားသံလေးက ရိုးရှင်းပေမယ့် ရင်ထဲကို ရောက်ပါတယ်။ ရန်ကုန်မြို့ပြရဲ့ လမ်းမတွေပေါ်မှာ မေတ္တာနဲ့ စေတနာကို စက်ဘီးပေါ်တင်မောင်းနေတဲ့ ဦးသောင်းစိုးတို့ မိသားစုလေး အဆင်ပြေပါစေကြောင်း ဆုတောင်းရင်း... လမ်းကြုံရင် ကော်ဖီမစ်နဲ့ လက်ဖက်ရည်ပူပူလေး အားပေးကြပါဦးခင်ဗျာ။ 🙏
#Bawa #ဘဝ #HumanInterest #YangonLife #SupportLocal #StreetVendor #Myanmar #StruggleinLife #LifeinMyanmar
3 weeks ago | [YT] | 26
View 0 replies
Bawa - ဘဝ
အင်းယားမြိုင်လမ်းတစ်ဝိုက်က လူတိုင်းသိတဲ့... ပဲပြုတ်သည်ကြီး ဦးအောင်ကျော်မင်း
"မနက် ၅ နာရီခွဲဆိုတာနဲ့ အားလုံး အိပ်မောကျနေချိန်မှာ သူကတော့ စက်ဘီးလေးတစ်စီး၊ ပဲပြုတ်အိုးတစ်လုံးနဲ့ ဘဝကို စတင်တွန်းရုန်းနေပါပြီ..."
သူ့နာမည်က ဦးအောင်ကျော်မင်း။ အသက် ၄၉ နှစ်။ ရွှေတောင်ကြား၊ အင်းယားမြိုင်၊ သံလွင်လမ်းတစ်ဝိုက်မှာ ပဲပြုတ်နဲ့ မနက်ခင်းမုန့်တွေ လှည့်လည်ရောင်းချလာတာ အခုဆို (၁၅) နှစ်ရှိခဲ့ပါပြီ။ ဆိုက်ကားနင်းခဲ့ဖူးတယ်၊ ကုန်ထမ်းခဲ့ဖူးတယ်၊ ပဲပင်ပေါက်ရောင်းခဲ့ဖူးတယ်။ အခုတော့ ကိုယ်တိုင်ချက်ပြုတ်တဲ့ ပဲပြုတ်လေးနဲ့ မိသားစုကို လုပ်ကျွေးနေတဲ့ ဖခင်တစ်ယောက်ပေါ့။
"ဇနီးဖြစ်သူကတော့ ရေနံချောင်းက အိမ်နဲ့ခြံမှာ နေတယ်။ ရေကြည်ရာမြက်နုရာ ရှာရတဲ့ဘဝမို့ မိသားစုတွေ တကွဲတပြား နေရပေမဲ့ စိတ်ထဲမှာတော့ အမြဲတမ်း အတူတူပါပဲ" လို့ ဦးအောင်ကျော်မင်းက ဆိုပါတယ်။
သူ့ဆီမှာ ထူးခြားတာက ပဲပြုတ်တင်မကဘူး၊ ဖောက်သည်တွေက ဟင်းသီးဟင်းရွက်၊ ကြက်သား၊ ဝက်သား၊ ငါး မှာရင်လည်း လှိုင်ဈေးကြီးကနေ ဝယ်လာပေးတတ်ပါတယ်။ ဖုန်းဆက်ပြီး Booking မှာထားတဲ့ ပစ္စည်းဆိုရင် ဘယ်သူ ဘယ်လောက်ပေးပေး မရောင်းဘဲ ချန်ထားပေးတတ်တဲ့ သူ့ရဲ့ စိတ်ဓာတ်ကြောင့်ပဲ ဖောက်သည်တွေက သူ့ကို မျှော်ပြီးမှ မနက်စာ စားကြတာပါ။
"ကျွန်တော်တို့မှာ သားသမီးတွေကို ပေးစရာ အမွေဆိုလို့ ပညာပဲ ရှိတာ။ သူတို့ အောင်မြင်ရင် သူတို့အတွက်ပဲလေ..." လို့ ပြောတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာက ရင်ထဲကို တကယ့်ကို ထိရှစေပါတယ်။
မနက်ခင်း ရွှေတောင်ကြားနဲ့ အင်းယားမြိုင်လမ်းတဝိုက်မှာ ဦးအောင်ကျော်မင်းကို တွေ့ရင်ဖြစ်ဖြစ်၊ မနက်စာ သန့်သန့်ရှင်းရှင်းနဲ့ စေတနာအပြည့် စားချင်ရင်ဖြစ်ဖြစ် အားပေးကြပါဦးခင်ဗျာ။ အသားငါး ကုန်စိမ်းကအစ ဖုန်းဆက်မှာရင်လည်း အိမ်တိုင်ရာရောက် ဖြည့်ဆည်းပေးပါတယ်တဲ့ဗျာ။
📞 ဦးအောင်ကျော်မင်း ဖုန်း - ၀၉ ၇၉၇ ၉၆၂ ၀၀၈ 📞 သံလွင်လမ်းဘက်မှာ ရောင်းတဲ့ သမက်ဖြစ်သူ ဖုန်း - ၀၉ ၇၇၅ ၇၈၂ ၁၈၀
#bawa #ဘဝ #Life #StoryOfTheDay #HardworkingFather #YangonLife #adayinlife #ရန်ကုန်ဘဝ
1 month ago | [YT] | 26
View 0 replies
Bawa - ဘဝ
"မင်းတို့ ဘောပင်ကိုင်မလား... အဖေ့အလုပ်ကိုပဲ ဝိုင်းလုပ်မလား... မင်းတို့သဘောပါ၊ အဖေနဲ့အမေကတော့ လုပ်စားနိုင်သေးတယ်..." 🥺❤️
ဒါကတော့ သာကေတ ၇ ဈေးလမ်းမက နှစ်ပေါင်း ၂၀ ကျော် မုန့်ဟင်းခါးရောင်းပြီး သားသမီးတွေကို သမားရိုးကျ ရုန်းကန်ကျွေးမွေးခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ ရင်ထဲက စကားပဲဖြစ်ပါတယ်။
တစ်ပွဲကို အလွတ် ၂ ကျပ်ခွဲ၊ အကြော်နဲ့မှ ၃ ကျပ်ခေတ် ကိုးဆယ်ခုနှစ်တွေကတည်းက စတင်ခဲ့တဲ့ ဘဝခရီး။ ပုခုံးပေါ်မှာ ပုဆိုးစခံပြီး တံပိုးနဲ့ထမ်းရောင်းခဲ့ရတဲ့ ပင်ပန်းမှုတွေကို အပြုံးမပျက် ကျော်ဖြတ်ခဲ့တာ ဒီနေ့အထိပါပဲ။ အခုနောက်ပိုင်း ဇနီးသည်ကလည်း ကျန်းမာရေးမကောင်း၊ ကိုယ်တိုင်လည်း သက်လုံမကောင်းတော့ပေမယ့် ဆိုင်မထွက်ရတဲ့ရက်တွေဆို ဝင်ငွေမရှိလို့ စိတ်ညစ်ရရှာတဲ့ ဦးလေးပါ။
"အဖေတို့ ကြီးလာရင် သားတို့ ပစ်မထားပါဘူး၊ သားပြန်ကြည့်ပါ့မယ်" ဆိုတဲ့ သားသမီးတွေရဲ့ အသိတရားလေးကပဲ ဒီနေ့အထိ မုန့်ဟင်းခါးအိုးကြီးကို ဆက်ပြီးတွန်းမောင်းစေခဲ့တဲ့ အဓိက အားမာန်ပါပဲ။
အရသာလည်းရှိ၊ စေတနာလည်းအပြည့်ပါတဲ့ မိသားစုလက်ရာ မုန့်ဟင်းခါး အိုးဘဲဥ၊ ငါးဖယ်ကြော် ပူပူနွေးနွေးလေးကို အားပေးချင်တယ်ဆိုရင်တော့ သာကေတဘက် ရောက်တဲ့အခါ ဝင်ခဲ့ဦးနော်။
ရွှေညာသားမုန့်ဟင်းခါး
📞 ၀၉ ၄၂၁ ၀၆၅ ၆၁၃ (သာကေတ ၇ စျေးလမ်းမ၊ အရက်ဆိုင်ကွေ့)
1 month ago | [YT] | 19
View 0 replies