Hello! I am a Buddhist monk. I talk bout Buddha's Dhamma. I hope that you would like to my Dhammachanel. Thanks for watching my Dhammachanel.
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
ဆုတောင်းတကယ်ပြည့်ပြီး တန်ခိုးကြီးသော ရွှေသိမ်တော်မြတ်စွာဘုရား
5 months ago | [YT] | 730
View 17 replies
အပျိုကြီးများတွက်
5 months ago | [YT] | 25
View 0 replies
ဝါဆိုသင်္ကန်းလှူဖို့မေ့မနေကြနဲ့နော်🤣🤣
5 months ago | [YT] | 15
ကျန်းမာဖို့ဗောဇ္ဈင်(၅)သုတ် နာယူစို့--------------------------------အပြာရောင်စာတန်းလေးကို နှိပ်ပြီးနာယူနိုင်ပါတယ်ဗျ။https://youtu.be/6DejIYGlCGw?si=qZQtr...ကျန်းမာချမ်းသာကြပါစေ...။
7 months ago | [YT] | 42
🙏ကံသုံးပါးတွင် မည်သည့်ကံသည်အပြစ်ကြီးသနည်း...???????=========================🌹“ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာဘယ်ကံက အပြစ်ကြီးပါသလဲ လို့ မေးထားတဲ့ ပြဿနာကိုလည်း ဖြေတော်မူပါဦးဘုရား”🌹“ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာဘယ်ကံက အပြစ်ကြီးပါသလဲဆိုတာထောက်တော့ ဒီကံသုံးပါးဟာ ကောင်းကျိုးပေးတဲ့ ကုသိုလ်ကံမဟုတ်ဘူး၊မကောင်းကျိုးပေးတဲ့ အကုသိုလ်ကံကို မေးတာပဲဆိုတာ သိသာသွားတယ်၊ ဒီလိုဆို ကာယကံဘယ်လောက်၊ဝစီကံဘယ်လောက်၊ မနောကံ ဘယ်လောက်ရှိတယ်ဆိုတာ သိဖို့လိုတယ်၊ ဒါကြောင့် ကံအရေအတွက်ကိုဦးစွာ ပြောပြဦးမယ်”“မိန့်တော်မူပါ ဘုရား”🌹“ကာယကံဆိုတာ ကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံကိုဆိုလိုတယ်၊ အဲဒီကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံဟာ -(၁) ပါဏာတိပါတ = သူ့အသက်ကိုသတ်တဲ့ကံ၊(၂) အဒိန္နာဒါန =သူတစ်ပါးပစ္စည်းကို ခိုးယူတဲ့ကံ၊(၃) ကာမေသုမိစ္ဆာစာရ = ကာမမှု၌ မှားယွင်းစွာ ပြုကျင့်မိတဲ့ကံရယ်လို့သုံးပါးရှိတယ်။နှုတ်ဖြင့်ပြောမှားဆိုမှားတဲ့ကံကိုဝစီကံလို့ခေါ်တယ်၊ အဲဒီနှုတ်ဖြင့် အပြောမှားတဲ့ ကံဟာ -(၁) မုသာဝါဒ = လိမ်ပြောတဲ့ကံ၊(၂) ပိသုဏဝါစာ = သူတစ်ပါး အချစ်ပျက်အောင် ကုန်းတိုက်တဲ့ အကုသိုလ်ကံ၊(၃) ဖရုသဝါစာ = ကြမ်းတမ်းစွာ ပြောဆိုဆဲရေးသော အကုသိုလ်ကံ၊(၄) သမ္မပ္ပလာပ = ပြိန်ဖျင်းသောစကားကို ဆိုသော အကုသိုလ်ကံရယ်လို့လေးပါးရှိတယ်။🌹စိတ်မှာဖြစ်ပွားတဲ့အကုသိုလ်ကံကို မနောကံလို့ခေါ်တယ်၊ မနောကံက -(၁) အဘိဇ္ဈာ =သူ့ပစ္စည်းဟာ ငါ့ပစ္စည်းဖြစ်ပါတော့လို့ မတရားရချင်တဲ့ အကုသိုလ်ကံ၊(၂) ဗျာပါဒ =သူတစ်ပါး ပျက်စီးအောင်၊ သေအောင် ကြံစည်တဲ့ အကုသိုလ်ကံ၊(၃) မိစ္ဆာဒိဋ္ဌိ =အယူအဆ မှားယွင်းတဲ့ အကုသိုလ်ကံရယ်လို့ သုံးပါးရှိတယ်။ဒီ၁၀-ပါးသော အကုသိုလ်ကံတရားကို အပါယ်ရောက်ကြောင်း လမ်းမကြီးနှင့်တူလို့ (အကုသလ ကမ္မပထတရား) လို့ ခေါ်တယ်၊ အကုသလ ကမ္မပထဆိုတာအကုသိုလ်ကံတည်းဟူသော အပါယ်သွား လမ်းမကြီးကို ဆိုလိုတယ်။🌹ဒီလမ်းမကြိး ၁၀-ခုအနက် တစ်ခုခုပေါ်နင်းသွားမိလျှင် လမ်းမကြီးက ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး ကိုညွှန်ပြနေသတဲ့၊ ဒါကြောင့် ဒီ ၁၀-ပါးသော အကုသိုလ်ကံအနက် တစ်ကံကံကို လွန်ကျူးမိသလျှင်အပါယ်လမ်းက သေချာနေတယ်၊ ဒါကြောင့် အကုသလကမ္မပထ ၁၀-ပါး အပြစ်ငယ်တာရယ်လို့တော့ မရှိဘူး၊သို့သော် ဒီ ၁၀-ပါးအနက် ဘယ်ကံတရားဟာ အပြစ်အကြီးဆုံးလဲလို့ တွက်ခဲ့လျှင် နောက်ဆုံး မိစ္ဆာဒိဋ္ဌိကံဟာအပြစ်အကြီးဆုံး ဖြစ်တယ်၊ ဒီအကြောင်းကို တွက်ပြဦးမယ်။🌹အကုသိုလ်ကံအတွင်းမှာဂရုကံဟာ အလေးဆုံးကံဖြစ်တယ်၊ ဂရုကံဆိုတာ (ပဉ္စာနန္တရိယကံ)ကို ခေါ်တာပဲ၊ ပဉ္စာနန္တရိယဆိုတာကွယ်လွန်သည်၏အခြားမဲ့မှာ ဧကန် အဝီစိငရဲကြီး ကျရောက်မည့်ကံလို့ ဆိုလိုတယ်။🌹အဲဒီအနန္တရိယကံဟာ ပဉ္စဆိုတဲ့အတိုင်း ငါးပါးရှိတယ်။(၁) မာတုဃာတက = အမိကို သတ်သောကံ၊(၂) ပိတုဃာတက = အဖကို သတ်သောကံ၊(၃) အရဟန္တဃတက = ရဟန္တာကို သတ်သောကံ၊(၄) လောဟိတုပ္ပါဒက = ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုသောကံ၊(၅) သံဃဘေဒက = သံဃာကွဲအောင် ပြုသောကံ၊ဒီဂရုကံကြီး ငါးပါးလုံးဟာ ကာယကံတွေချည်းပဲ၊ ဒါကြောင့် ကာယကံ အပြစ်ကြီးတယ်လို့ ဖြေစရာပေါ့၊သို့သော်လည်း ကာယကံသာ အပြစ်ကြီးတာ မဟုတ်ဘူး။🌹ဝစီကံအတွင်းကမုသာဝါဒဆိုတာလည်း အလွန် အပြစ်ကြီးတယ်၊ အပြစ်ကြီးလွန်းလို့ ဘုရားအလောင်းများဟာ အခြားအကုသိုလ်များကိုသာကျူးလွန်ခဲ့တယ်၊ မုသာဝါဒကံကိုတော့ မကျူးလွန်ဘူးတဲ့ကွယ်၊ ဒါကြောင့် မဃဒေဝလင်္ကာသစ်များ“အကုသိုလ်မှာ မုသာဝါဒ၊ ကုသိုလ်မှားကား သစ္စာဝါစာလေးဆုံးသာတည့်” လို့ စပ်ဆိုထားတယ်၊ ဒီကံတွေထက် အပြစ်အကြီးဆုံးကတော့ မိစ္ဆာဒိဋ္ဌိကံပဲကွယ့်၊မိစ္ဆာဒိဋ္ဌိဆိုတာ အယူအဆမှားတာပေါ့၊ ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိကံက ၁၀-ပါးရှိတယ်၊ (ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ) လို့ ခေါ်တယ်။အဲဒီမိစ္ဆာဒိဋ္ဌိ ၁၀-ပါးက -(၁) နတ္ထိ ဒိန္နံ =အလှူငယ်ပေးလှူလို့ အကျိုးမရှိ၊(၂) နတ္ထိ ယိဋ္ဌံ = အလှူကြီးပေးလှူလို့ အကျိုးမရှိ၊(၃) နတ္ထိ ဟုတံ = ပူဇော်၍ အကျိုးမရှိ၊(၄) နတ္ထိ ဖလံ ဝိပါကော = ကုသိုလ်ကံ၊ အကုသိုလ်ကံမရှိ၊(၅) နတ္ထိ အယံ လောကော = ဘဝတစ်ပါးမှ လာသူမရှိ၊(၆) နတ္ထိ ပရော လောကော = တမလွန်လောကမရှိ၊(၇) နတ္ထိ မာတာ =မိခင်၏ ကျေးဇူးမရှိ၊(၈) နတ္ထိ ပိတာ =ဖခင်၏ ကျေးဇူးမရှိ၊(၉) နတ္ထိ သြပပါတိကာ = ဥပပတ်သတ္တဝါမရှိ၊(၁၀) နတ္ထိ သမဏဗြဟ္မဏ = ကိလေသာ ငြိမ်းအေးသော သမဏ ဗြဟ္မဏဟူ၍ မရှိ။ဒီအယူ၁၀-ပါးကို ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ဒီမိစ္ဆာဒိဋ္ဌိကြီးဆယ်ပါးကို ကံ၏ အကျိုး မရှိလို့ ပယ်တဲ့အတွက်ကြောင့် နတ္ထိကဒိဋ္ဌိလို့ ခေါ်တယ်၊ကောင်းမှုပြုသော်လည်း ပြုသည်မမည်၊ အကောင်းမှု ပြုသော်လည်း ပြုသည်မမည်လို့ ကံကို ပယ်တဲ့အတွက်ကြောင့်အကြိယဒိဋ္ဌိလို့လည်း ခေါ်ကြတယ်။သတ္တဝါဆိုတာကကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကြောင့် အထောက်အပံ့မရှိ၊သူဖြစ်ချင်ရာ ဖြစ်တာပဲလို့ အကြောင်းပယ်တဲ့အတွက် အဟေတုကဒိဋ္ဌိလို့လည်းခေါ်တယ်။နတ္ထိကာဟေတုက အကြိယ ဒိဋ္ဌိဟိ ဧဝ ကမ္မပထဘေဒေါ ဟောတိ။နတ္ထိက အဟေတုက အကြိယ အမည်ရတဲ့ ဒီအယူဆိုး ဒိဋ္ဌိကြီးဆယ်ပါးစွဲကိုင်ထားခဲ့လျှင် အပါယ်လားဖို့ ကမ္မပထမြောက်သွားပြီတဲ့၊ ဒီအယူဆိုးကြီးကို စွဲစွဲမြဲမြဲယူခဲ့လျှင်နိယတမိစ္ဆာဒိဋ္ဌိဖြစ်သွားပြီး ထိုသူကွယ်လွန်လျှင် လူ့ဘဝ, နတ်ဘဝမှာ ဖြစ်ခွင့်မရှိ၊ ဧကန်မဟာအဝီစိငရဲကို ကျမယ်၊ ကမ္ဘာပျက်လျှင် အနန္တရိယကံကြောင့် ငရဲကျသူများ ဗြဟ္မာ့ဘုံ၌ ဖြစ်ခွင့်ရှိသော်လည်းနိယတမိစ္ဆာဒိဋ္ဌိ အယူဆိုး ယူမိသူကတော့ ဗြဟ္မာ့ဘုံမှာ မဖြစ်ဘဲ ဒီစကြဝဠာကမ္ဘာကြီးပျက်လျှင်အခြားမပျက်သေးတဲ့ ကမ္ဘမှာကူးပြီး ငရဲခံရလိမ့်မယ်တဲ့။ဒါလားဆိုတော့ မကသေးဘူး၊ အယူမှားယူမိတဲ့သူဟာ မိမိယူထားတဲ့ မိစ္ဆာဒိဋ္ဌိအယူကို ဖြစ်ရာဘဝမှာ အခိုင်အမာ ဆုပ်ကိုင်စွဲယူထားတဲ့အတွက်ဘုရားပေါင်း အရာအထောင် ကြွရောက် တရားဟောသည့်တိုင်အောင် စွဲယူမိတဲ့ မိစ္ဆာအယူကို မစွန့်နိုင်အောင်အလွန် အယူပြင်းထန်သတဲ့၊ ဒါကြောင့် မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဟာ အပါယ်ပြီး အပါယ်ကျ၍ ကမ္ဘာ့သစ်ငုတ်ကြီးအဖြစ်ကျန်ရစ်တတ်တယ်လို့ ကျမ်းဂန်များမှာ ဖွင့်ပြထားတယ်။မိစ္ဆာဒိဋ္ဌိကံဆိုတာ ကာယကံလည်းမဟုတ်ဘူး၊ဝစီကံလည်းမဟုတ်ဘူး၊ မနောကံစစ်စစ်ဖြစ်တယ်၊ ဒါကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ အကုသိုလ်ကံသုံးပါးမှာမနောကံဟာ အပြစ်အကြီးဆုံးလို့ မှတ်သင့်တာပေါ့ကွယ်”.....။“သာဓု . . . သာဓု . . . သာဓု”မှတ်သားဖွယ် ဓမ္မစာစုများCredit Original Uploader.
7 months ago | [YT] | 48
View 4 replies
🌹🌹🌹အတာအိုးထိုးနည်း🌹🌹🌹🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻⭐ရိုးရာသင်္ကြန်မှာ အတာကြိုအိုးနှင့်ကြိုဆိုသော မြန်မာတို့အတွက်မျှဝေခြင်း ရှေးယခင်က အတာအိုးထိုးနည်း ------------------ မသိကြတော့တာရယ် ၊ စျေးမှာရောင်းတာကို လွယ်လွယ်ကူကူပဲ ဝယ်ပြီး သုံးခဲ့ကြတာတွေရယ်ကြောင့် ဒီနည်းလမ်းက ပျောက်ကွယ် လုနီးပါ ဖြစ်နေပါပြီ။ ပြောရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်တောင် တစ်ချို့နှစ် အနည်းငယ်လောက်ပဲ (အရေးကြီးသည်ထင်တဲ့ နှစ်လောက်သာ) အသုံးပြုတာပါ။ ဒီနှစ်ကတော့ အားလုံးအတွက် အရေးကြီးတဲ့ နှစ်လို့ထင်တာကြောင့်မလို့ ဖော်ပြပေးလိုက်ပါတယ်။လိုအပ်တာက အတာအိုး၊ 📌ခရေညွန့် (ခရေလုံးဝမရနိုင်ခဲ့ရင်မာလကာကိုသုံးပါ)၊ 📌ကံ့ကော်ညွန့် ၊မြေဇာ၊📌သီဟိုဠ် (သီဟိုဠ် လုံးဝမရနိုင်ခဲ့ရင် သရက်ကိုသုံးပါ)📌သပြေ (ဖြစ်နိုင်ရငိ အာစီယံ သပြေမသုံးသင့်ပါ)📌ထန်း ( ထန်းလုံးဝမရနိုင်ရင် ဒန်းကို သုံးပါ)📌အုန်းညွန့် (အုန်းညွန့်လုံးဝ မရနိုင်ရင်သြဇာကို သုံးပါ)ထီး ၁လက်၊ တံခွန်၊ ကုက္ကား၊ ကြက်လျှာ၊ ယပ် တစ်လက်စီ။( ၃လက်သုံး ချင်ပါက ဝါ စိမ်း နီ သုံးပါ)မွှေးသောရနံရှိသောပန်း (ပန်းရှာရမလွယ်ရင် နံ့သာရေသုံးပါ)အိမ်ထောင်ဦးစီး (အိမ်ထောင်ဦးစီးမရှိတော့ရင် ၊အိမ်မှာနေတဲ့ အသက်အကြီးဆုံးသူ အလုပ်မှာဆိုရင် ရာထူးအြကီးဆုံးသူ )သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားမီးရဲ့ အရပ်နှင့် တိုင်းပြီး အပ်ချည် ၉ပင်ဖြတ်ထားပါ။အဲ့အပ်ချည်ကို ထီးရိုးမှာ ပတ်ပြီးချည်ထားပါ။အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် အညွန့်တွေရဲ့ အလယ်မှာ ထီးကို စိုက်ပြီး အတာအိုးထဲထည့်ပါ။ နံ့သာရည်ပတ်ဖြန်းပါ။အညွန့်တွေရဲ့ဘေးကနေ တံခွန် ကုက္ကား ယပ် ကြက်လျှာများကို ဝန်းရံပြီးထည့်ပါ။သတိထားရမည်မှာ အညွန့်များ ၊တံခွန် ၊ကုက္ကားများသည် ထီးထက် ပိုမရှည်သင့်ပါ။ပြီးရင် အိမ်ထောင်ဦးစီး သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားသမီး၏ ချည်သားအင်္ကျီကို ကရွတ်ခွေခွေပြီး အဲ့ အပေါ်ကနေ အတာအိုးကို တင်ပြီး အတာကြိုလို့ ရပါပြီ။အတာအိုးကို တာဝန်ယူဆောင်ရွက်မယ့်သူကရှစ်ပါးသီလခံယူပြီး ၃၁ဘုံသား အပေါင်းကို မေတ္တာပို့သပေးပါ။ ( တစ်နေကုန် ရှစ်ပါးသီလထိန်းဖို့ ခက်ရင် အားလုံးပြီးတာနဲ့ ၅ပါးသီလ ပြန်ခံယူပါ ☺️)#ယုံကြည်သူများအတွက်သာမျှဝေခြင်းဖြစ်ပါသည်🙂 #မေတ္တာဖြင့်မျှဝေသူ #crd
7 months ago | [YT] | 18
🙏ဒိဝါတပတိငွေဝင်ဂါထာတော်ကြီး🙏$$$$$$$$$$$$$$_$$$$$$$$$$$$$ဂါထာတော်များကိုလဲ ဝင်ရောက်ပြီး နာယူကြည်ညိုပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျ။အားလုံးကို ကျေးဇူးတင်ပါတယ်။💎နေကောင်းကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေဗျ။
7 months ago | [YT] | 40
🙏ဒိဝါတပတိငွေဝင်ဂါထာတော်ကြီး🙏$$$$$$$$$$$$$$_$$$$$$$$$$$$$ဂါထာတော်များကိုလဲ ဝင်ရောက်ပြီး နာယူကြည်ညိုပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျ။အားလုံးကို ကျေးဇူးတင်ပါတယ်။နေကောင်းကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေဗျ။
7 months ago | [YT] | 20
🍀ညောင်ပင်ပျိုး ပေါင်ကျိုး၊ညောင်ကိုင်းချိုး ရွှေအိုးရ 💰💰( မြန်မာစကားပုံ ) ==================== 🎄ရှေးသရောအခါက အရပ်လေးမျက်နှာမှ ခရီး သွားများ လာရောက်နားခိုကြရသော ညောင်ပင် ကြီးတစ်ပင်ရှိသည်။ တစ်နေ့တွင် လူတစ်ယောက် သည် ဤညောင်ပင်ကြီး ဝေဝေဆာဆာရှိနေသော ကြောင့် ဤနေရာတွင် လူပေါင်းစုံလာစုနေကြသည်။ လူရှုပ်သည်။ ညောင်ပင်မရှိမှ အေးမည်ဟုဆိုကာ ညောင်ပင်ပေါ်သို့တက်၍ ညောင်ကိုင်းများကို ဓားဖြင့် ခုတ်သည်။ ဤသို့ တက်ခုတ်စဉ် ညောင်ပင်ခွကြားမှ ရွှေဒင်္ဂါးအပြည့်ပါသော ရွှေအိုးတစ်လုံးကိုရလိုက်သောကြောင့် ဆက်မခုတ်တော့ဘဲ ရွှေအိုးပိုက်လျက် ဝမ်းသာအားရ ထွက်ခွာသွားသည်။ 🎄အခြားသူတစ်ဦးသည် ဤညောင်ပင်ကြီးကြောင့် လူအများ ချမ်းချမ်းသာသာ နားခိုရသည်။ ညောင်ပင်ကြီး ပို၍ရှင်သန်အောင် လုပ်မည်ဟု ရည်ရွယ်ပြီး ညောင်ပင်အောက်တွင် တံမြက်လှည်းသည်။ ရေဖျန်းသည်။ ညောင်ပင်အခြေကို မြေဖို့ပေးသည်။ ဤသို့ပြုလုပ်စဉ် ဆွေးနေသော ညောင်ကိုင်းတစ်ကိုင်းသည် သူ့အပေါ် တည့်တည့်ကျိုးကျလာရာ ထိုသူမှာ ပေါင်ကျိုးရရှာသည်။ 🎄ဤတွင် ဤအကြောင်းအရာနှစ်ခုကို သိကြ သောလူများသည် ညောင်ပင်အောက်တွင် စုဝေးပြီး “လောကကြီးတွင် ကောင်းမှုအကျိုး၊ မကောင်းမှု အပြစ် ဟူသည်မရှိ၊ လောကကြီးက ဖြစ်ချင်သလို ဖြစ်နေသော လောကကြီးပါတကား” ဟု ပြောဆို နေကြလေတော့သည်။ 🎄အကြောင်းစုံသိနေသော ညောင်ပင်စောင့်နတ် မှာ “လူအများ အသိအမြင်မှားလျက် အကုသိုလ် များပြုကာ ဒုက္ခရောက်ကြပေတော့မည်” ဟု မနေ သာတော့ဘဲ ကိုယ်ထင်ပြလျက် တရားဟောရပေ တော့သည်။ 🎄 “အချင်းတို့၊ အယူမမှားကြကုန်လင့်။ စင်စစ် ညောင်ကိုင်းချိုး၍ ရွှေအိုးရသူကား ရှေးဘဝကုသိုလ်ကံကြောင့် ယခုဘဝ ရှင်ဘုရင်ဖြစ်ရမည့်သူပင်တည်း။ သို့သော် သူ၏ညောင်ပင်ကို ဖျက်ဆီးသော အကုသိုလ်ကံကြောင့် ဘုရင်မဖြစ်တော့ဘဲ ရွှေအိုးမျှနှင့် ကျေနပ်လိုက်ရလေတော့သည်။ 🎄 ညောင်ပင်ပျိုး၍ ပေါင်ကျိုးသောသူကား စင်စစ် ထိုနေ့မှာပင် သေရမည့်သူပင်တည်း။ သို့သော် ညောင်ပင်ပျိုးသော ကုသိုလ်ကံကြောင့် အသက်မသေတော့ဘဲ ပေါင်ကျိုးရုံမျှဖြင့် ပြီးသွားရခြင်းပေတည်း။ လောကတွင် ကံ၊ ကံ၏အကျိုးဟူသည်ကား ဧကန်ရှိသည်။ ကောင်းမှုသည် ကောင်းကျိုးကိုပေးသည်။ မကောင်းမှုသည် မကောင်းကျိုးကိုပေးသည်။ အချင်းတို့၊ အယူမမှားကြကုန်လင့်။” 🎄 အယူမှားတော့မည့်လူအများ ညောင်ပင်စောင့် ရုက္ခစိုးကြောင့် အမြင်မှန်ဖြင့် ချမ်းသာခဲ့ကြရသည်။ 🎄 ကံတရား၏ ဆန်းကြယ်ပုံကို ဖော်ပြသော ဤဖြစ်ရပ်ကိုအကြောင်းပြု၍ “ညောင်ပင်ပျိုး ပေါင်ကျိုး၊ ညောင်ကိုင်းချိုး ရွှေအိုးရ” ဟူသော ဆိုရိုးစကား (စကားပုံ) ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။************************လေးစားစွာဖြင့် မောင်ကျော်ပြည့်ဝင်း (လုမ္ဗိနီ)#ဘ၀လမ်းညွှန် #ideaverse #hightlightseveryone #မေတ္တာဖြင့်စာပေမျှဝေသူ#ပန်းနုလေးမေမေ
7 months ago | [YT] | 25
ငွေဝင်ဒိဝါတပတိဂါထာတော်ကြီးအဓိဋ္ဌာန်
8 months ago | [YT] | 123
Load more
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
ဆုတောင်းတကယ်ပြည့်ပြီး တန်ခိုးကြီးသော ရွှေသိမ်တော်မြတ်စွာဘုရား
5 months ago | [YT] | 730
View 17 replies
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
အပျိုကြီးများတွက်
5 months ago | [YT] | 25
View 0 replies
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
ဝါဆိုသင်္ကန်းလှူဖို့မေ့မနေကြနဲ့နော်🤣🤣
5 months ago | [YT] | 15
View 0 replies
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
ကျန်းမာဖို့ဗောဇ္ဈင်(၅)သုတ် နာယူစို့
--------------------------------
အပြာရောင်စာတန်းလေးကို နှိပ်ပြီးနာယူနိုင်ပါတယ်ဗျ။
https://youtu.be/6DejIYGlCGw?si=qZQtr...
ကျန်းမာချမ်းသာကြပါစေ...။
7 months ago | [YT] | 42
View 0 replies
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
🙏ကံသုံးပါးတွင် မည်သည့်ကံသည်
အပြစ်ကြီးသနည်း...???????
=========================
🌹“ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာဘယ်ကံက အပြစ်ကြီးပါသလဲ လို့ မေးထားတဲ့ ပြဿနာကိုလည်း ဖြေတော်မူပါဦးဘုရား”
🌹“ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာဘယ်ကံက အပြစ်ကြီးပါသလဲဆိုတာထောက်တော့ ဒီကံသုံးပါးဟာ ကောင်းကျိုးပေးတဲ့ ကုသိုလ်ကံမဟုတ်ဘူး၊မကောင်းကျိုးပေးတဲ့ အကုသိုလ်ကံကို မေးတာပဲဆိုတာ သိသာသွားတယ်၊ ဒီလိုဆို ကာယကံဘယ်လောက်၊ဝစီကံဘယ်လောက်၊ မနောကံ ဘယ်လောက်ရှိတယ်ဆိုတာ သိဖို့လိုတယ်၊ ဒါကြောင့် ကံအရေအတွက်ကိုဦးစွာ ပြောပြဦးမယ်”
“မိန့်တော်မူပါ ဘုရား”
🌹“ကာယကံဆိုတာ ကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံကိုဆိုလိုတယ်၊ အဲဒီကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံဟာ -
(၁) ပါဏာတိပါတ = သူ့အသက်ကိုသတ်တဲ့ကံ၊
(၂) အဒိန္နာဒါန =သူတစ်ပါးပစ္စည်းကို ခိုးယူတဲ့ကံ၊
(၃) ကာမေသုမိစ္ဆာစာရ = ကာမမှု၌ မှားယွင်းစွာ ပြုကျင့်မိတဲ့ကံရယ်လို့သုံးပါးရှိတယ်။
နှုတ်ဖြင့်ပြောမှားဆိုမှားတဲ့ကံကိုဝစီကံလို့ခေါ်တယ်၊ အဲဒီနှုတ်ဖြင့် အပြောမှားတဲ့ ကံဟာ -
(၁) မုသာဝါဒ = လိမ်ပြောတဲ့ကံ၊
(၂) ပိသုဏဝါစာ = သူတစ်ပါး အချစ်ပျက်အောင် ကုန်းတိုက်တဲ့ အကုသိုလ်ကံ၊
(၃) ဖရုသဝါစာ = ကြမ်းတမ်းစွာ ပြောဆိုဆဲရေးသော အကုသိုလ်ကံ၊
(၄) သမ္မပ္ပလာပ = ပြိန်ဖျင်းသောစကားကို ဆိုသော အကုသိုလ်ကံရယ်လို့လေးပါးရှိတယ်။
🌹စိတ်မှာဖြစ်ပွားတဲ့အကုသိုလ်ကံကို မနောကံလို့ခေါ်တယ်၊ မနောကံက -
(၁) အဘိဇ္ဈာ =သူ့ပစ္စည်းဟာ ငါ့ပစ္စည်းဖြစ်ပါတော့လို့ မတရားရချင်တဲ့ အကုသိုလ်ကံ၊
(၂) ဗျာပါဒ =သူတစ်ပါး ပျက်စီးအောင်၊ သေအောင် ကြံစည်တဲ့ အကုသိုလ်ကံ၊
(၃) မိစ္ဆာဒိဋ္ဌိ =အယူအဆ မှားယွင်းတဲ့ အကုသိုလ်ကံရယ်လို့ သုံးပါးရှိတယ်။
ဒီ၁၀-ပါးသော အကုသိုလ်ကံတရားကို အပါယ်ရောက်ကြောင်း လမ်းမကြီးနှင့်တူလို့ (အကုသလ ကမ္မပထတရား) လို့ ခေါ်တယ်၊ အကုသလ ကမ္မပထဆိုတာအကုသိုလ်ကံတည်းဟူသော အပါယ်သွား လမ်းမကြီးကို ဆိုလိုတယ်။
🌹ဒီလမ်းမကြိး ၁၀-ခုအနက် တစ်ခုခုပေါ်နင်းသွားမိလျှင် လမ်းမကြီးက ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး ကိုညွှန်ပြနေသတဲ့၊ ဒါကြောင့် ဒီ ၁၀-ပါးသော အကုသိုလ်ကံအနက် တစ်ကံကံကို လွန်ကျူးမိသလျှင်အပါယ်လမ်းက သေချာနေတယ်၊ ဒါကြောင့် အကုသလကမ္မပထ ၁၀-ပါး အပြစ်ငယ်တာရယ်လို့တော့ မရှိဘူး၊သို့သော် ဒီ ၁၀-ပါးအနက် ဘယ်ကံတရားဟာ အပြစ်အကြီးဆုံးလဲလို့ တွက်ခဲ့လျှင် နောက်ဆုံး မိစ္ဆာဒိဋ္ဌိကံဟာအပြစ်အကြီးဆုံး ဖြစ်တယ်၊ ဒီအကြောင်းကို တွက်ပြဦးမယ်။
🌹အကုသိုလ်ကံအတွင်းမှာဂရုကံဟာ အလေးဆုံးကံဖြစ်တယ်၊ ဂရုကံဆိုတာ (ပဉ္စာနန္တရိယကံ)ကို ခေါ်တာပဲ၊ ပဉ္စာနန္တရိယဆိုတာကွယ်လွန်သည်၏အခြားမဲ့မှာ ဧကန် အဝီစိငရဲကြီး ကျရောက်မည့်ကံလို့ ဆိုလိုတယ်။
🌹အဲဒီအနန္တရိယကံဟာ ပဉ္စဆိုတဲ့အတိုင်း ငါးပါးရှိတယ်။
(၁) မာတုဃာတက = အမိကို သတ်သောကံ၊
(၂) ပိတုဃာတက = အဖကို သတ်သောကံ၊
(၃) အရဟန္တဃတက = ရဟန္တာကို သတ်သောကံ၊
(၄) လောဟိတုပ္ပါဒက = ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုသောကံ၊
(၅) သံဃဘေဒက = သံဃာကွဲအောင် ပြုသောကံ၊
ဒီဂရုကံကြီး ငါးပါးလုံးဟာ ကာယကံတွေချည်းပဲ၊ ဒါကြောင့် ကာယကံ အပြစ်ကြီးတယ်လို့ ဖြေစရာပေါ့၊သို့သော်လည်း ကာယကံသာ အပြစ်ကြီးတာ မဟုတ်ဘူး။
🌹ဝစီကံအတွင်းကမုသာဝါဒဆိုတာလည်း အလွန် အပြစ်ကြီးတယ်၊ အပြစ်ကြီးလွန်းလို့ ဘုရားအလောင်းများဟာ အခြားအကုသိုလ်များကိုသာကျူးလွန်ခဲ့တယ်၊ မုသာဝါဒကံကိုတော့ မကျူးလွန်ဘူးတဲ့ကွယ်၊ ဒါကြောင့် မဃဒေဝလင်္ကာသစ်များ“အကုသိုလ်မှာ မုသာဝါဒ၊ ကုသိုလ်မှားကား သစ္စာဝါစာလေးဆုံးသာတည့်” လို့ စပ်ဆိုထားတယ်၊ ဒီကံတွေထက် အပြစ်အကြီးဆုံးကတော့ မိစ္ဆာဒိဋ္ဌိကံပဲကွယ့်၊မိစ္ဆာဒိဋ္ဌိဆိုတာ အယူအဆမှားတာပေါ့၊ ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိကံက ၁၀-ပါးရှိတယ်၊ (ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ) လို့ ခေါ်တယ်။
အဲဒီမိစ္ဆာဒိဋ္ဌိ ၁၀-ပါးက -
(၁) နတ္ထိ ဒိန္နံ =အလှူငယ်ပေးလှူလို့ အကျိုးမရှိ၊
(၂) နတ္ထိ ယိဋ္ဌံ = အလှူကြီးပေးလှူလို့ အကျိုးမရှိ၊
(၃) နတ္ထိ ဟုတံ = ပူဇော်၍ အကျိုးမရှိ၊
(၄) နတ္ထိ ဖလံ ဝိပါကော = ကုသိုလ်ကံ၊ အကုသိုလ်ကံမရှိ၊
(၅) နတ္ထိ အယံ လောကော = ဘဝတစ်ပါးမှ လာသူမရှိ၊
(၆) နတ္ထိ ပရော လောကော = တမလွန်လောကမရှိ၊
(၇) နတ္ထိ မာတာ =မိခင်၏ ကျေးဇူးမရှိ၊
(၈) နတ္ထိ ပိတာ =ဖခင်၏ ကျေးဇူးမရှိ၊
(၉) နတ္ထိ သြပပါတိကာ = ဥပပတ်သတ္တဝါမရှိ၊
(၁၀) နတ္ထိ သမဏဗြဟ္မဏ = ကိလေသာ ငြိမ်းအေးသော သမဏ ဗြဟ္မဏဟူ၍ မရှိ။
ဒီအယူ၁၀-ပါးကို ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။
ဒီမိစ္ဆာဒိဋ္ဌိကြီးဆယ်ပါးကို ကံ၏ အကျိုး မရှိလို့ ပယ်တဲ့အတွက်ကြောင့် နတ္ထိကဒိဋ္ဌိလို့ ခေါ်တယ်၊ကောင်းမှုပြုသော်လည်း ပြုသည်မမည်၊ အကောင်းမှု ပြုသော်လည်း ပြုသည်မမည်လို့ ကံကို ပယ်တဲ့အတွက်ကြောင့်အကြိယဒိဋ္ဌိလို့လည်း ခေါ်ကြတယ်။
သတ္တဝါဆိုတာကကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကြောင့် အထောက်အပံ့မရှိ၊သူဖြစ်ချင်ရာ ဖြစ်တာပဲလို့ အကြောင်းပယ်တဲ့အတွက် အဟေတုကဒိဋ္ဌိလို့လည်းခေါ်တယ်။
နတ္ထိကာဟေတုက အကြိယ ဒိဋ္ဌိဟိ ဧဝ ကမ္မပထဘေဒေါ ဟောတိ။
နတ္ထိက အဟေတုက အကြိယ အမည်ရတဲ့ ဒီအယူဆိုး ဒိဋ္ဌိကြီးဆယ်ပါးစွဲကိုင်ထားခဲ့လျှင် အပါယ်လားဖို့ ကမ္မပထမြောက်သွားပြီတဲ့၊ ဒီအယူဆိုးကြီးကို စွဲစွဲမြဲမြဲယူခဲ့လျှင်နိယတမိစ္ဆာဒိဋ္ဌိဖြစ်သွားပြီး ထိုသူကွယ်လွန်လျှင် လူ့ဘဝ, နတ်ဘဝမှာ ဖြစ်ခွင့်မရှိ၊ ဧကန်မဟာအဝီစိငရဲကို ကျမယ်၊ ကမ္ဘာပျက်လျှင် အနန္တရိယကံကြောင့် ငရဲကျသူများ ဗြဟ္မာ့ဘုံ၌ ဖြစ်ခွင့်ရှိသော်လည်းနိယတမိစ္ဆာဒိဋ္ဌိ အယူဆိုး ယူမိသူကတော့ ဗြဟ္မာ့ဘုံမှာ မဖြစ်ဘဲ ဒီစကြဝဠာကမ္ဘာကြီးပျက်လျှင်အခြားမပျက်သေးတဲ့ ကမ္ဘမှာကူးပြီး ငရဲခံရလိမ့်မယ်တဲ့။
ဒါလားဆိုတော့ မကသေးဘူး၊ အယူမှားယူမိတဲ့သူဟာ မိမိယူထားတဲ့ မိစ္ဆာဒိဋ္ဌိအယူကို ဖြစ်ရာဘဝမှာ အခိုင်အမာ ဆုပ်ကိုင်စွဲယူထားတဲ့အတွက်ဘုရားပေါင်း အရာအထောင် ကြွရောက် တရားဟောသည့်တိုင်အောင် စွဲယူမိတဲ့ မိစ္ဆာအယူကို မစွန့်နိုင်အောင်အလွန် အယူပြင်းထန်သတဲ့၊ ဒါကြောင့် မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဟာ အပါယ်ပြီး အပါယ်ကျ၍ ကမ္ဘာ့သစ်ငုတ်ကြီးအဖြစ်ကျန်ရစ်တတ်တယ်လို့ ကျမ်းဂန်များမှာ ဖွင့်ပြထားတယ်။
မိစ္ဆာဒိဋ္ဌိကံဆိုတာ ကာယကံလည်းမဟုတ်ဘူး၊ဝစီကံလည်းမဟုတ်ဘူး၊ မနောကံစစ်စစ်ဖြစ်တယ်၊ ဒါကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ အကုသိုလ်ကံသုံးပါးမှာမနောကံဟာ အပြစ်အကြီးဆုံးလို့ မှတ်သင့်တာပေါ့ကွယ်”
.....။
“သာဓု . . . သာဓု . . . သာဓု”
မှတ်သားဖွယ် ဓမ္မစာစုများ
Credit Original Uploader.
7 months ago | [YT] | 48
View 4 replies
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
🌹🌹🌹အတာအိုးထိုးနည်း🌹🌹🌹
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
⭐ရိုးရာသင်္ကြန်မှာ အတာကြိုအိုးနှင့်ကြိုဆိုသော မြန်မာတို့အတွက်မျှဝေခြင်း
ရှေးယခင်က အတာအိုးထိုးနည်း ------------------
မသိကြတော့တာရယ် ၊ စျေးမှာရောင်းတာကို လွယ်လွယ်ကူကူပဲ ဝယ်ပြီး သုံးခဲ့ကြတာတွေရယ်ကြောင့် ဒီနည်းလမ်းက ပျောက်ကွယ် လုနီးပါ ဖြစ်နေပါပြီ။ ပြောရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်တောင် တစ်ချို့နှစ် အနည်းငယ်လောက်ပဲ (အရေးကြီးသည်ထင်တဲ့ နှစ်လောက်သာ) အသုံးပြုတာပါ။
ဒီနှစ်ကတော့ အားလုံးအတွက် အရေးကြီးတဲ့ နှစ်လို့ထင်တာကြောင့်မလို့ ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်တာက အတာအိုး၊
📌ခရေညွန့် (ခရေလုံးဝမရနိုင်ခဲ့ရင်မာလကာကိုသုံးပါ)၊
📌ကံ့ကော်ညွန့် ၊မြေဇာ၊
📌သီဟိုဠ် (သီဟိုဠ် လုံးဝမရနိုင်ခဲ့ရင် သရက်ကိုသုံးပါ)
📌သပြေ (ဖြစ်နိုင်ရငိ အာစီယံ သပြေမသုံးသင့်ပါ)
📌ထန်း ( ထန်းလုံးဝမရနိုင်ရင် ဒန်းကို သုံးပါ)
📌အုန်းညွန့် (အုန်းညွန့်လုံးဝ မရနိုင်ရင်သြဇာကို သုံးပါ)
ထီး ၁လက်၊ တံခွန်၊ ကုက္ကား၊ ကြက်လျှာ၊ ယပ် တစ်လက်စီ။( ၃လက်သုံး ချင်ပါက ဝါ စိမ်း နီ သုံးပါ)
မွှေးသောရနံရှိသောပန်း (ပန်းရှာရမလွယ်ရင် နံ့သာရေသုံးပါ)
အိမ်ထောင်ဦးစီး (အိမ်ထောင်ဦးစီးမရှိတော့ရင် ၊အိမ်မှာနေတဲ့ အသက်အကြီးဆုံးသူ အလုပ်မှာဆိုရင် ရာထူးအြကီးဆုံးသူ )သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားမီးရဲ့ အရပ်နှင့် တိုင်းပြီး အပ်ချည် ၉ပင်ဖြတ်ထားပါ။
အဲ့အပ်ချည်ကို ထီးရိုးမှာ ပတ်ပြီးချည်ထားပါ။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် အညွန့်တွေရဲ့ အလယ်မှာ ထီးကို စိုက်ပြီး အတာအိုးထဲထည့်ပါ။ နံ့သာရည်ပတ်ဖြန်းပါ။
အညွန့်တွေရဲ့ဘေးကနေ တံခွန် ကုက္ကား ယပ် ကြက်လျှာများကို ဝန်းရံပြီးထည့်ပါ။
သတိထားရမည်မှာ အညွန့်များ ၊တံခွန် ၊ကုက္ကားများသည် ထီးထက် ပိုမရှည်သင့်ပါ။
ပြီးရင် အိမ်ထောင်ဦးစီး သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားသမီး၏ ချည်သားအင်္ကျီကို ကရွတ်ခွေခွေပြီး အဲ့ အပေါ်ကနေ အတာအိုးကို တင်ပြီး အတာကြိုလို့ ရပါပြီ။
အတာအိုးကို တာဝန်ယူဆောင်ရွက်မယ့်သူက
ရှစ်ပါးသီလခံယူပြီး ၃၁ဘုံသား အပေါင်းကို မေတ္တာပို့သပေးပါ။ ( တစ်နေကုန် ရှစ်ပါးသီလထိန်းဖို့ ခက်ရင် အားလုံးပြီးတာနဲ့ ၅ပါးသီလ ပြန်ခံယူပါ ☺️)
#ယုံကြည်သူများအတွက်သာမျှဝေခြင်းဖြစ်ပါသည်🙂
#မေတ္တာဖြင့်မျှဝေသူ #crd
7 months ago | [YT] | 18
View 0 replies
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
🙏ဒိဝါတပတိငွေဝင်ဂါထာတော်ကြီး🙏
$$$$$$$$$$$$$$_$$$$$$$$$$$$$
ဂါထာတော်များကိုလဲ ဝင်ရောက်ပြီး နာယူကြည်ညိုပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျ။
အားလုံးကို ကျေးဇူးတင်ပါတယ်။💎
နေကောင်းကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေဗျ။
7 months ago | [YT] | 40
View 0 replies
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
🙏ဒိဝါတပတိငွေဝင်ဂါထာတော်ကြီး🙏
$$$$$$$$$$$$$$_$$$$$$$$$$$$$
ဂါထာတော်များကိုလဲ ဝင်ရောက်ပြီး နာယူကြည်ညိုပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
နေကောင်းကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေဗျ။
7 months ago | [YT] | 20
View 0 replies
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
🍀ညောင်ပင်ပျိုး ပေါင်ကျိုး၊
ညောင်ကိုင်းချိုး ရွှေအိုးရ 💰💰
( မြန်မာစကားပုံ )
====================
🎄ရှေးသရောအခါက အရပ်လေးမျက်နှာမှ ခရီး သွားများ လာရောက်နားခိုကြရသော ညောင်ပင် ကြီးတစ်ပင်ရှိသည်။ တစ်နေ့တွင် လူတစ်ယောက် သည် ဤညောင်ပင်ကြီး ဝေဝေဆာဆာရှိနေသော ကြောင့် ဤနေရာတွင် လူပေါင်းစုံလာစုနေကြသည်။ လူရှုပ်သည်။ ညောင်ပင်မရှိမှ အေးမည်ဟုဆိုကာ ညောင်ပင်ပေါ်သို့တက်၍ ညောင်ကိုင်းများကို ဓားဖြင့် ခုတ်သည်။ ဤသို့ တက်ခုတ်စဉ် ညောင်ပင်ခွကြားမှ ရွှေဒင်္ဂါးအပြည့်ပါသော ရွှေအိုးတစ်လုံးကိုရလိုက်သောကြောင့် ဆက်မခုတ်တော့ဘဲ ရွှေအိုးပိုက်လျက် ဝမ်းသာအားရ ထွက်ခွာသွားသည်။
🎄အခြားသူတစ်ဦးသည် ဤညောင်ပင်ကြီးကြောင့် လူအများ ချမ်းချမ်းသာသာ နားခိုရသည်။ ညောင်ပင်ကြီး ပို၍ရှင်သန်အောင် လုပ်မည်ဟု ရည်ရွယ်ပြီး ညောင်ပင်အောက်တွင် တံမြက်လှည်းသည်။ ရေဖျန်းသည်။ ညောင်ပင်အခြေကို မြေဖို့ပေးသည်။ ဤသို့ပြုလုပ်စဉ် ဆွေးနေသော ညောင်ကိုင်းတစ်ကိုင်းသည် သူ့အပေါ် တည့်တည့်ကျိုးကျလာရာ ထိုသူမှာ ပေါင်ကျိုးရရှာသည်။
🎄ဤတွင် ဤအကြောင်းအရာနှစ်ခုကို သိကြ သောလူများသည် ညောင်ပင်အောက်တွင် စုဝေးပြီး “လောကကြီးတွင် ကောင်းမှုအကျိုး၊ မကောင်းမှု အပြစ် ဟူသည်မရှိ၊ လောကကြီးက ဖြစ်ချင်သလို ဖြစ်နေသော လောကကြီးပါတကား” ဟု ပြောဆို နေကြလေတော့သည်။
🎄အကြောင်းစုံသိနေသော ညောင်ပင်စောင့်နတ် မှာ “လူအများ အသိအမြင်မှားလျက် အကုသိုလ် များပြုကာ ဒုက္ခရောက်ကြပေတော့မည်” ဟု မနေ သာတော့ဘဲ ကိုယ်ထင်ပြလျက် တရားဟောရပေ တော့သည်။
🎄 “အချင်းတို့၊ အယူမမှားကြကုန်လင့်။ စင်စစ် ညောင်ကိုင်းချိုး၍ ရွှေအိုးရသူကား ရှေးဘဝကုသိုလ်ကံကြောင့် ယခုဘဝ ရှင်ဘုရင်ဖြစ်ရမည့်သူပင်တည်း။ သို့သော် သူ၏ညောင်ပင်ကို ဖျက်ဆီးသော အကုသိုလ်ကံကြောင့် ဘုရင်မဖြစ်တော့ဘဲ ရွှေအိုးမျှနှင့် ကျေနပ်လိုက်ရလေတော့သည်။
🎄 ညောင်ပင်ပျိုး၍ ပေါင်ကျိုးသောသူကား စင်စစ် ထိုနေ့မှာပင် သေရမည့်သူပင်တည်း။ သို့သော် ညောင်ပင်ပျိုးသော ကုသိုလ်ကံကြောင့် အသက်မသေတော့ဘဲ ပေါင်ကျိုးရုံမျှဖြင့် ပြီးသွားရခြင်းပေတည်း။ လောကတွင် ကံ၊ ကံ၏အကျိုးဟူသည်ကား ဧကန်ရှိသည်။ ကောင်းမှုသည် ကောင်းကျိုးကိုပေးသည်။ မကောင်းမှုသည် မကောင်းကျိုးကိုပေးသည်။ အချင်းတို့၊ အယူမမှားကြကုန်လင့်။”
🎄 အယူမှားတော့မည့်လူအများ ညောင်ပင်စောင့် ရုက္ခစိုးကြောင့် အမြင်မှန်ဖြင့် ချမ်းသာခဲ့ကြရသည်။
🎄 ကံတရား၏ ဆန်းကြယ်ပုံကို ဖော်ပြသော ဤဖြစ်ရပ်ကိုအကြောင်းပြု၍ “ညောင်ပင်ပျိုး ပေါင်ကျိုး၊ ညောင်ကိုင်းချိုး ရွှေအိုးရ” ဟူသော ဆိုရိုးစကား (စကားပုံ) ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
************************
လေးစားစွာဖြင့် မောင်ကျော်ပြည့်ဝင်း (လုမ္ဗိနီ)
#ဘ၀လမ်းညွှန် #ideaverse #hightlightseveryone
#မေတ္တာဖြင့်စာပေမျှဝေသူ
#ပန်းနုလေးမေမေ
7 months ago | [YT] | 25
View 0 replies
Powerful Ghathataws အစွမ်းထက်ဂါထာတော်များ
ငွေဝင်ဒိဝါတပတိဂါထာတော်ကြီးအဓိဋ္ဌာန်
8 months ago | [YT] | 123
View 0 replies
Load more