Please watch and subscribe my Youtube Channel so that you can enjoin and got knowledge of Myanmar society.


Saw James Vlog

မာလက္ကာ ပုံတွေ စာတွေ ရုပ်သံတွေ မကိုင်ရသေးဘူး နောက်တစ်ပွဲ လာပြန်ပြီ။ အလုပ်က ၆၀% စိုက်ပေးလို့ စီးလိုက်အုံးမယ်။
OCBC cycling 2026

#OCBCcycling
#cycling
#sawjamesvlog

1 month ago | [YT] | 13

Saw James Vlog

အခု မာလက္ကာ ကို စက်ဘီးနဲ့သွားတဲ့ ခရီးစဉ်မှာ အတွေ့အကြုံတွေ အတွေးအခေါ်တွေ အများကြီး ရရှိခဲ့ပါတယ်။ စက်ဘီးစီးတယ် ဆိုတာထက် ပိုပါတယ်။ ကျတော် ကြိုးစားပြီး တင်ပြပါမယ်။ ဘယ်က ဘယ်လို စရေးရမှန်းတော့ မသိသေးဘူး။

ပုံတွေထဲမှာ အမြဲပြုံးနေပေမယ့် ကိုယ်လုံးတွေ နာနေတာတွေရှိပါတယ်။ တစ်ခါတလေ #စိတ် ရဲ့နောက်ကို #ရုပ် က မလိုက်နိုင်တာတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်း ရုပ်က အရမ်းပင်ပန်းလာတော့ စိတ် ကိုယ်တိုင်က ပြန်အားနည်း သွားတာတွေလည်း ကြုံရတယ်။ စိတ် နဲ့ ရုပ် က အပြန်အလှန် ဆက်နေတာကိုးဗျာ။

အခု ခရီးစဉ်မှာ အားအနည်းဆုံးသူက ကျတော်ဖြစ်ခဲ့တယ်။ ကျန် ၃ ယောက်စလုံးက ကျတော်ထက် စိတ်ရော ကိုယ်ရော အားသာကြတယ်။ အများကြီး ကြိုးစား ပြင်ဆင် ရအုံးမယ်။

I have to write the experiences, feelings and thoughts regarding about this cycling to Malacca trip. This journey goes beyond the physical ride; it's a path to deeper reflection. I will try to write one by one. But I don’t have no idea yet.

Even you see my smile face always, my body was so painful inside. Firstly the physical body followed the mind, but later the body don’t want to follow because the body became very tired. Later the mind became malfunctioning and weak itself because of the body. There are interrelationship between and mind.

I was the weakest cyclist among four. The rest three are stronger than me physically and mentally. I have to practice more and more for next….

#malaccamalacca
#cycling
#sawjamesvlog

1 month ago | [YT] | 21

Saw James Vlog

မနက်ဖြန်မနက် စတင်စီးမှာ ဖြစ်ပါတယ်။ မိတ်ဆွေ ၃ ယောက် နဲ့အတူ စုစုပေါင်း ၄ ယောက် စီးမှာ ဖြစ်ပါတယ်။ ၄ ယောက်စလုံး မလက္ကာ ကို စက်ဘီးနဲ့ မစီးသေးဘူးပဲ unseen ဖြစ်ပါတယ်။ တတ်နိုင်သလောက် ဖုန်းနဲ့ မှတ်တမ်းတင်ပါမယ်။ ကင်မရာ သီးသန့် မပါပါဘူးခင်ဗျာ။ စက်ဘီး ကလည်း အရမ်းစျေးမြှင့်တာ မဟုတ်ပါဘူး။ ရွက်ကြမ်းရေကျို စက်ကန်းဟန်း ဖြစ်ပါတယ်။ အကျီအပါအဝင် ကျန်တဲ့ accessories လေးတွေကိုလည်း စက်ဘီးစီးဖေါ် သူငယ်ချင်းတွေက ပေးထားတာ ဖြစ်ပါတယ်။ ဒီတစ်ခါစီးတာကတော့ အဝေးဆုံး စံချိန် ဖြစ်ပါလိမ့်မယ်။ အခုလို စက်ဘီးစီး မှတ်တမ်းလေးတွေကို စောင့်ကြည့်ပေးကြတဲ့ သူ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။

#malacca
#cycling
#sawjamesvlog

1 month ago | [YT] | 8

Saw James Vlog

မာလက္ကာ ကို လာမယ့် မေဒေးနေ့မှာ စက်ဘီးနဲ့ စီးသွားဖို့ ပြင်ဆင်နေပါပြီ။ Giant Gravel အဟောင်းလေးတစ်စီး ဝယ်လိုက်ပါတယ် (စပွန်ဆာ ပေးမယ့်သူမရှိဘူးလေ 😂)။ နောက်က ကယ်ရီယာ ခုံလေးက ကိုပိုင် ပေးတာ။ ကယ်ရီယာမှာ တင်မယ့် အထုတ်လေးက ရုံးက ပေးထားတဲ့ မိုးလုံလေလုံ အိတ်လေး ဖြစ်မယ်။ ရှေ့ဘက်မှာတော့ အိတ်လေးတွေက စမ်းတင်ကြည့်ထားတာ။ အဆင်မပြေရင် ဖြုတ်မယ်။ လေလုံး အပို ၂ ခု၊ လေထိုးတံ နဲ့ တာရာခွါတဲ့ ကလော်တံလေးတွေ ပါမယ်။ L key ၊ ဂွရှင်၊ ဝက်အူလှည့် အတိုလေး ပါမယ်။ ရှေ့မီး နောက်မီး ပါမယ်။ အိုစကေနေပါပြီ။ လိုက်ကြအုံးမလား သယ်ချင်းတို့။

#cycling
#malacca
#sawjamesvlog

1 month ago | [YT] | 3

Saw James Vlog

Cycling to Legoland JB… 25.1.2026

4 months ago | [YT] | 0

Saw James Vlog

အသက် ၁၀၉ နှစ်ထိ အသက်ရှည်ခဲ့သည် စက်ဘီးသမားကြီး

မိမိလည်း စက်ဘီးအကြောင်းတွေ ဖတ်လေ့ရှိရာ Facebook ရဲ့AI များကလည်း မိမိကို စက်ဘီးအကြောင်းချည်း ပြသလေ့ရှိပါတော့တယ်။ ဒီလိုနဲဘ ဒီစက်ဘီးသမားကြီးအကြောင်း မရှာပါဘဲ မျက်စိရှေ့ ဒိတ်ဒိတ်ထိ ပို့ဆောင်လာပါလေရောဗျာ။ ဒါနဲ့ ဒီ အသက်ရာကျော်ရှည်တဲ့ Robert Marchand အကြောင်းကို လိုက်ရှာမိပါလေတော့တယ်။

Robert Marchand က ပြင်သစ်နိုင်ငံသားဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ်ကြီးမဖြစ်ခင်​ ၁၉၁၁ ခုနှစ် မှာ သူ့ကို မွေးပါတယ်။ ၁၉၃၀ မှာ သူက မီးသတ်သမား ဖြစ်နေပါပြီ။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက အဖမ်းခံရပါသေးတယ်။ လွတ်လာတဲ့နောက် ဗင်နီဇွဲလားကို သွားပြီး ကုန်ကားမောင်းခြင်း နဲ့ ကြံစိုက်ပျိုးခြင်းတို့ လုပ်ခဲ့ပါတယ်။ ၁၉၅၀ မှာ ကနေဒါကို ပြောင်းခဲ့ပါသေးတယ်။ ၁၉၆၀ ရောက်မှ ပြင်သစ်ကို ပြန်လာပြီး ဥယျာဉ်စိုက်ပျိုးခြင်း နဲ့ ဝိုင်အရောင်းအဝယ်ကို ၁၉၈၇ ထိ လုပ်ခဲ့ပါတယ်။ ကမ္ဘာပတ်ပြီး အလုပ်မျိုးစုံ လုပ်ခဲ့သူကြီးပါ။

၁၉၇၈ ခုနှစ် (အသက် ၆၇ နှစ်) ကနေ အသက် ၁၀၀ ပြည့်သိအထိ စက်ဘီးတွေ ပြန်စီးတယ် လေ့ကျင့်တယ်လို့ ရေးထားတာ ဆိုတော့ အရင်ကလည်း စီးခဲ့တယ် ထင်ပါတယ်။ အဲကာလတွေမှာ စက်ဘီးစီးတဲ့ ကမ္ဘာ့စံချိန် အမျိုးမျိုးကို ချိုးတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သူ့အသက် ၁၀၁ နှစ်မှာ ၁၅ မိုင်​လောက်ကို တစ်နာရီ နဲ့ စီးပြီး အသက်ရာကျော်စက်ဘီးသမားအဖြစ် ကမ္ဘာ့စံချိန်ကို ချိုးခဲ့ပါတယ်။ ၂၀၁၇ သူ့အသက် ၁၀၅ နှစ်ကျော်မှာ ၁၄ မိုင်လောက်ကို တစ်နာရီ နဲ့ စီးပြီး စံချိန် ထပ်ချိုးပါတယ်။ သူအရွယ် လူတွေက အရိုးဆွေးနေချိန်မှာ သူက စက်ဘီးစီးလို့ ကောင်းတုန်းပါ။ အဲဒီ ၁၀၅ နှစ်မှာ ကမ္ဘာ့အသက်ကြီးဆုံးစက်ဘီးသမား အဖြစ် ဂရင်းနစ်စံချိန်လည်း တင်ခဲ့ပါတယ်။

သူက အသီး အရွက်များများစားပါတယ်၊ အသားနည်းနည်းစားတယ်၊ ကော်ဖီလည်း သိပ်မသောက်ဘူးတဲ့။ တစ်နေ့ကို တစ်နာရီလောက် အိမ်မှာ စက်ဘီးစီး လေ့ကျင့်တယ်တဲ့။ ပသက် ၁၀၇ နှစ်မှာ ကီလိုမီတာ ၂၀ လောက် စီးပြီး မွေးနေ့ပွဲကျင်းပခဲ့သတဲ့။ အသက် ၁၀၈ နှစ်မှာတော့ နားတော်တော်လေး မကြားတော့လို့ လမ်းပေါ်မှာ စက်ဘီးစီးခြင်းကို ရပ်နားလိုက်ပါတယ်တဲ့။ သူဟာ ပြင်သစ်ကွန်မြူနစ်ပါတီ နဲ့ CGT Trade Union တို့မှာ အဖွဲ့ဝင်အဖြစ် နှစ်ပေါင်း ၉၀ ကျော် ဖြစ်ခဲ့ပါသတဲ့။ သူမသေဆုံးခင်မှာ သူဟာ တစ်ဦးတည်းသော ဒုတိယကမ္ဘာစစ်ပြန်ကြီး တစ်ဦးဖြစ်ခဲ့ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ် သူ့အသက် ၁၀၉ နှစ်မှာ ကွယ်လွန် ခဲ့ပါတယ်။

ကဲ ကျတော်တို့လည်း သူ့လို အသက်ရှည်ရှည်နေရင်း စက်ဘီး စီးကြစို့ဗျာ။ ကံကြမ္မာကတော့ ပြောလို့ မရဘူးပေါ့လေ။

#cycling

#robertmarchand

5 months ago | [YT] | 6

Saw James Vlog

ဘာတွေပွါးထားလဲ သွားကြည့်ပေးပါနော့

New Year First Content with Caterpillar (လိပ်ပြာလောင်း သို့မဟုတ် ဖလံလောင်း) တစ်မျိုးအ​ကြောင်း နဲ့ ဆက်စပ်​တွေးမိသမျှ

#sawjamesvlog
#2026newyear
#caterpillar
#newcontentcreator

5 months ago | [YT] | 6

Saw James Vlog

Christmas Round Island ride

#2025christmas
#Christmas
#sawjamesvlog

5 months ago | [YT] | 4

Saw James Vlog

မနေ့ညက သွားတဲ့ဟာလေး ညကပဲ ဆက်ပြီး တင်ဖြစ်ပါတယ်။ Facebook, YouTube နဲ့ TikTok တွေမှာ တင်ဖြစ်ပါတယ်။ အားပေးကြပါအုံးနော်။ ပရော်ဖက်ရှင်နယ် ဆန်ဆန် မဟုတ်သေးပေမယ့် လျက်တပြက်အတွေ့အကြုံလေးတွေ ထင်မြင်တာလေးတွေကို ထည့်ပြောပြီး ချက်ချင်း ဆက်ပြီး ချက်ချင်းတင်တာမျိုးဖြစ်ပါတယ်။ သို့အတွက်ကြောင့် အားနည်းချက် နဲ့ အမှားတွေ ရှိခဲ့ရင် ထောက်ပြ ပြောဆိုပေးပါ။ ကျတော်ကတော့ ကိုယ်ဟင်းကောင်းစားရရင် ကိုယ့်အမျိုးတွေကိုလည်း စားစေချင်တဲ့ စေတနာ အရင်းခံမျိုးနဲ့ ရိုက်ကူးတင်ဆင် ခဲ့တာတွေချည်း ဖြစ်ပါတယ်။ video လုပ်စေချင်တာတွေရှိရင်လည်း ကွန်းမန့်ရေးပေးသွားပါနော်။

#sawjamesvlog

5 months ago | [YT] | 5