ဒီပွဲမှာ အဆိုတော်တွေကို Old Skools Music Band က တီးခတ်ဧည့်ခံသွားမှာဖြစ်ပြီး Peace Melody Society က ဦးစီးကျင်းပတာဖြစ်ပါတယ်။ ပွဲကို Desales Center (309 S. Genesee St. Utica, NY 13501) မှာ ကျင်းပသွားမှာဖြစ်ပြီး ညနေ ၄ နာရီမှာ တံခါးဖွင့်လှစ်ကာ ညနေ ၅ နာရီမှာ စတင်ဖျော်ဖြေမှာပါ။
Win Win Entertainment
“Podcast with SHIFU !!” ဆိုတဲ့ ဗီဒီယို ပေါ့ဒ်ကတ်စ် အစီအစဉ်သစ်နဲ့ ပြန်လာတော့မယ့် မင်းသား အောင်မြင့်မြတ်
မင်းသား အောင်မြင့်မြတ်ကတော့ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ သူ့ရဲ့ ရဲဘော်ရဲဖက်တွေ၊ မိတ်ဆွေတွေနဲ့အတူ စကားစမြည် ပြောဆိုထားကြတဲ့ "Podcast with SHIFU !!"ဆိုတဲ့ အစီအစဉ်သစ်လေးတစ်ခုကို ပရိသတ်တွေဆီ ယူဆောင်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီအစဉ်မှာဆိုရင် သူတို့ကိုယ်တိုင်တောင် မေ့လျော့နေခဲ့ကြတဲ့ အတိတ်က အမှတ်တရ အကြောင်းအရာလေးတွေကို ပေါ့ပေါ့ပါးပါး ပြန်လည်မျှဝေသွားကြမှာဖြစ်သလို၊ အခုလို ခက်ခဲတဲ့ ကာလကြီးမှာရော ဘယ်လိုမျိုး အဆင်ပြေအောင် ဖြတ်သန်းနေကြသလဲဆိုတာတွေကိုပါ ဗီဒီယို ပေါ့ဒ်ကတ်စ် (Video Podcast) အနေနဲ့ စိတ်ဝင်စားဖွယ် နားထောင်ကြရမှာ ဖြစ်ပါတယ်။
သူနဲ့အတူတူ ပါဝင်ဆွေးနွေးကြမယ့် ဧည့်သည်တော် (Guest) တွေက ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကျရင် သူ့ရဲ့ တရားဝင် YouTube Channel ကနေတစ်ဆင့် စောင့်မျှော်ကြည့်ရှုကြဖို့ ပရိသတ်တွေကို အသိပေး နှိုးဆော်ထားပါတယ်။
မင်းသား အောင်မြင့်မြတ်ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးခဲ့တဲ့ "Deception: ဥပါယ်တံမျဉ်" အပါအဝင် ထင်ရှားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း တော်လှန်ရေးခရီးစဉ်နဲ့ ခက်ခဲတဲ့ ကာလတွေကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း အနုပညာနဲ့ တော်လှန်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။
Photo - Aung Myint Myat
#AungMyintMyat
#podcastwithshifu!!
#win_win_entertainment
3 hours ago | [YT] | 16
View 0 replies
Win Win Entertainment
Utica မြို့မှာ ကျင်းပမယ့် Rဇာနည်၊ ခင်စုစုနိုင်နဲ့ Mသီဟ တို့ရဲ့ Live Show ဖျော်ဖြေပွဲ
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် Utica မြို့မှာ အဆိုတော် Rဇာနည်၊ ခင်စုစုနိုင်နဲ့ Mသီဟ တို့ ပါဝင်ဖျော်ဖြေမယ့် "LIVE SHOW @ UTICA" ဂီတဖျော်ဖြေပွဲကြီးကို လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီပွဲမှာ အဆိုတော်တွေကို Old Skools Music Band က တီးခတ်ဧည့်ခံသွားမှာဖြစ်ပြီး Peace Melody Society က ဦးစီးကျင်းပတာဖြစ်ပါတယ်။ ပွဲကို Desales Center (309 S. Genesee St. Utica, NY 13501) မှာ ကျင်းပသွားမှာဖြစ်ပြီး ညနေ ၄ နာရီမှာ တံခါးဖွင့်လှစ်ကာ ညနေ ၅ နာရီမှာ စတင်ဖျော်ဖြေမှာပါ။
ဒါ့အပြင် ပွဲနေ့ မွန်းလွဲ ၁၂ နာရီကတည်းက မြန်မာ့ရိုးရာ အစားအသောက်တွေကိုလည်း စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
လက်မှတ်စျေးနှုန်းတွေအနေနဲ့ VIP လက်မှတ်ကို ဒေါ်လာ ၁၅၀ နဲ့ ရိုးရိုးလက်မှတ်ကို ဒေါ်လာ ၇၅ သတ်မှတ်ထားပြီး လက်မှတ်ဝယ်ယူလိုပါက အောက်ပါ ဖုန်းနံပါတ်များထံ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
* Cho Zin - 315 316 7499
* Bo Hein - 929 398 7499
* Su Chaie - 315 527 9783
* Zaw Aung - 315 790 9149
* Min Maung - 315 749 5627
#mသီဟ
#Rzarni
#khinsusunaing
#win_win_entertainment
1 day ago | [YT] | 89
View 4 replies
Win Win Entertainment
ဒီကနေ့ ဩဂုတ်လ ၂၅ ရက်မှာ ကျရောက်တဲ့ သရုပ်ဆောင် မင်းသား ဇာဏ်ခီ အတွက် မွေးနေ့ဆုတောင်းလေးပါ.....
🎂 Happy Birthday ပါ မင်းသား ရေ….
ဒီနေ့လေးမှာ ကျရောက်တဲ့ မွေးနေ့မှစပြီး ဘဝရဲ့နေ့ရက်တိုင်းဟာ အလင်းရောင်လေးတွေနဲ့ ပိုမိုလှပပြည့်စုံပါစေ။
အနုပညာလမ်းပေါ်မှာ ကိုယ်ယုံကြည်တဲ့အိပ်မက်တွေကို မလျော့သောဇွဲနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်း မေတ္တာနဲ့အတူ အောင်မြင်မှုအသစ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ရယူနိုင်ပါစေ။
ဘဝမှာ အောင်မြင်မှုတွေချည်းပဲ မဟုတ်ဘဲ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုနဲ့ ကိုယ်ချစ်ရသူတွေရဲ့ နွေးထွေးမှုတွေကိုလည်း အမြဲပိုင်ဆိုင် နိုင်ပါစေ။
အသက်တစ်နှစ်တိုးလာတိုင်း အိပ်မက်တွေ ပိုနီးလာပြီး၊ ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေထက် ပိုလှပတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေ။
ချစ်ရတဲ့ မိသားစုနဲ့အတူ မွေးနေ့မှစပြီး ကံကောင်းခြင်း၊ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းတွေ ထာဝရ အမြဲအတူရှိပါစေ 🎉🎁
ကြောင်း Win Win မှ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
#ZennKyi
#happybirthday
#win_win_entertainment
2 days ago | [YT] | 130
View 13 replies
Win Win Entertainment
တောင်းပိုင်းစစ်ဒေသက ဆေးရုံတည်ဆောက်ရာမှာ (၁၀၀)% ပြန်လည်လှူဒါန်းသွားမယ့် "အိမ်ဝေးကြယ်တို့၏ ပစ္စက္ခကောင်းကင်"
"အိမ်ဝေးကြယ်တို့၏ ပစ္စက္ခကောင်းကင်" Premium Gift Box စာအုပ်အမှတ်တရလေးတွေကို မှာယူချင်တဲ့ စာချစ်သူတွေနဲ့ တော်လှန်ပြည်သူတွေအတွက် လက်ကျန်အခြေအနေလေး သတင်းကောင်းပါးချင်ပါတယ်။
အခုဆိုရင် Premium Gift Box လေးတွေဟာ နိုင်ငံအများစုမှာ ပစ္စည်းကုန်သွားခဲ့ပြီဖြစ်ပေမဲ့ မလေးရှားမှာ ၁၀ အုပ်၊ ဂျပန်မှာ ၄ အုပ်နဲ့ စင်္ကာပူမှာ ၁၅ အုပ်စီ အသီးသီး ကျန်ရှိနေသေးတာမို့ အမြန်ဆုံး လှမ်းမှာယူလို့ ရပါသေးတယ်။
တခြားနိုင်ငံတွေမှာတော့ လက်ကျန်လုံးဝ မရှိတော့တာမို့လို့ တခြားနိုင်ငံက စာချစ်သူတွေအနေနဲ့လည်း ကျန်ရှိနေသေးတဲ့ အဆိုပါ နိုင်ငံကိုယ်စားလှယ်တွေဆီကနေတစ်ဆင့် လှမ်းမှာယူနိုင်ပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေကနေ မှာယူတဲ့အခါ ပို့ဆောင်ခ သီးသန့်ထပ်မံကျသင့်မှာဖြစ်လို့ ပို့ခ သက်သက်သာသာနဲ့ မှာယူနိုင်အောင် သူငယ်ချင်း မိတ်ဆွေတွေနဲ့ စုပေါင်းပြီး မှာယူကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒီအမှတ်တရ လက်ကျန်လေးတွေ ကုန်သွားရင်တော့ Limited ပစ္စည်းလေးတွေဖြစ်တာမို့ ထပ်မံရရှိနိုင်တော့မှာ မဟုတ်ပါဘူး။
ဒါ့အပြင် ဒီစာအုပ်ရောင်းရသမျှ အမြတ်ငွေ ၁၀၀ ရာခိုင်နှုန်းလုံးကို တောင်ပိုင်းစစ်ဒေသက ဆေးရုံတည်ဆောက်ရေးမှာ ပြန်လည်လှူဒါန်းသွားမှာပါ။ ဒါကြောင့် ပါဝင်အားဖြည့်ချင်သူများအနေနဲ့ Diary of Comrade page မှာ တင်ထားတဲ့ သက်ဆိုင်ရာ နိုင်ငံကိုယ်စားလှယ် Link တွေ ဒါမှမဟုတ် Page Chat Box ကနေ အမြန်ဆုံး ဆက်သွယ်မှာယူနိုင်ကြပါတယ်။
#အိမ်ဝေးကြယ်
#စိတ်တွေကိုတော်လှန်ရေးနဲ့ပူးချည်ထား
#ကလောင်စွမ်းဖြင့်တော်လှန်ခြင်း
#diary_of_comrade
#win_win_entertainment
2 days ago | [YT] | 37
View 0 replies
Win Win Entertainment
အဆိုတော် ဖြူဖြူကျော်သိန်း ၂၃ နှစ်တာ ဂီတခရီးလမ်း အမှတ်တရအဖြစ် သီချင်းများ စုစည်းထားသည့် Special Edition USB Stick ကို ထုတ်လုပ်ရောင်းချသွားမည်
အဆိုတော် ဖြူဖြူကျော်သိန်းက သူမရဲ့ ၂၃ နှစ်တာ ဂီတခရီးလမ်း အမှတ်တရအဖြစ် သီချင်းများ စုစည်းထားသည့် Special Edition USB Stick ကို ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း သူမ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားထားပါတယ်။
ယခုခေတ်ကာလနဲ့ ကိုက်ညီအောင် ဖုန်း၊ ကွန်ပျူတာတို့မှာ အလွယ် တပ်ဆင်နားထောင်နိုင်ဖို့ Type-C နှင့် Type-B ခေါင်းနှစ်မျိုးပါဝင်သည့် USB Stick အဖြစ် ဖန်တီးထားတာပါ။
သူမ တစ်ယောက်တည်း ထွက်ပြေးလာခဲ့ရစဉ် ဂီတာတစ်လက်ကိုသာ အဖော်ပြုခဲ့ရသည့် အမှတ်တရကို အခြေခံပြီး ဂီတာပုံစံ ပုံဖော်ထားတယ်လို့ အဆိုတော် ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။
အော်ဂဲနစ်ဆန်စေဖို့ သစ်သား (Bamboo Laminated Coating) ဖြင့် ပြုလုပ်ထားပြီး သော့ချိတ် (Keychain) အဖြစ်လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
အခုရေ ၁,၀၀၀ အကန့်အသတ် (Limited Edition) ထုတ်လုပ်မှာ ဖြစ်ပြီး Stick တစ်ခုစီမှာ "PPKT26-001" မှ "PPKT26-1000" အထိ ကိုယ်ပိုင်နံပါတ်စဉ်များ ပါဝင်မှာဖြစ်ပါတယ်။
အထူးအစီအစဉ်အဖြစ် နံပါတ်စဉ်ပိုင်ရှင်များအတွက် နောက်ထပ် ရင်ခုန်စရာ ကံစမ်းမဲ အစီအစဉ်များ ပါဝင်ဦးမှာပါ။
သဘာဝသစ်သားပစ္စည်းဖြင့် ပြုလုပ်ထားသည့်အတွက် ပို့ဆောင်ရေး (Shipping) အဆင့်ဆင့်မှာ စစ်ဆေးမှုများရှိတာကြောင့် ပရိသတ်များထံ ရောက်ရှိရန် အနည်းငယ် အချိန်ယူရမယ်လို့ သိရပါတယ်။
ယခု အမှတ်တရ ဂီတာ USB Stick လေးကို ပိုင်ဆိုင်လိုသည့် ပရိသတ်များအနေဖြင့် မူရင်း Post (Phyu Phyu Kyaw Thein) ရဲ့ Comment မှာ "I want one" ဟု ရေးသားကာ ကြိုတင် စိတ်ဝင်စားမှု ပြသနိုင်ကြောင်း သတင်းပါးထားပါတယ်။
ကဲ…ဘယ် နံပါတ်ပိုင်ရှင်ဖြစ်မလဲ ဆိုတာကတော့ "ဇာတ်ဆရာအလိုကျ" ကံစမ်းမဲလေးပေါ့နော်😜။
Photo - Phyu Phyu Kyaw Thein
#PhyuPhyuKyawThein
#usbkeychain
#win_win_entertainment
3 days ago | [YT] | 76
View 0 replies
Win Win Entertainment
တောင်ကိုရီးယားကို ရောက်လာတော့မယ့် RAY
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာမိသားစုတွေ စောင့်မျှော်နေကြတဲ့ "RAY" ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလအတွင်းမှာ ဂင်မဲ၊ ဘူဖျောင်းနဲ့ ချွန်းနန်းမြို့ ၃ မြို့မှာ ပြသသွားတော့မှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ စာရေးဆရာ ခက်ဇော်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကြောရိုးကို အခြေခံပြီး ဒါရိုက်တာ သည်ခေတ်နေက ရိုက်ကူးထားတာပါ။ ရုပ်ရှင်သရုပ်ဆောင် ထားထက်ထက်၊ မင်းမော်ကွန်း၊ ဒေါင်းနဲ့ တော်လှန်ညီအစ်ကို မောင်နှမများစွာ ပါဝင်အားဖြည့်ထားပြီး ခေတ်ဆိုးကြီးကို ရင်ကော့ကျော်ဖြတ်နေကြတဲ့ လူငယ်တွေရဲ့ ပေးဆပ်မှုနဲ့ ရဲရင့်မှုတွေကို ပီပြင်စွာ ပုံဖော်ထားတဲ့ သမိုင်းမှတ်တမ်း ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။
လက်မှတ် ၁ စောင်လျှင် ဝမ် ၃ သောင်း ဖြစ်ပြီး ဂင်မဲမြို့မှာ စက်တင်ဘာ ၆ရက် (တနင်္ဂနွေနေ့)၊ မွန်းလွဲ ၁၂:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ Gimhae Chilam Cultural Center (칠암문화센터)မှာပြသမှာ ဖြစ်ပါတယ်။
လက်မှတ်ဝယ်ယူရန်ဖို့ "ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့" Page Messenger သို့မဟုတ် ဖုန်း ၀၁၀-၃၆၉၇-၉၆၇၉၊ ၀၁၀-၉၆၇၄-၇၁၄၈ တို့ သို့ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
ဘူဖျောင်းမြို့ (Bupyeong)မြို့မှာ စက်တင်ဘာ ၁၃ ရက် (တနင်္ဂနွေနေ့)၊ မွန်းလွဲ ၁၂:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီအထိ ဘူဖျောင်းမြို့တော်ခန်းမ၊ ၇ လွှာ (ဘူဖျောင်းဂူချောင်းဘူတာ ထွက်ပေါက် - ၅) မှာ ပြသသွားမှာဖြစ်ပြီး လက်မှတ်တွေကို "MFDMC" Page Messenger သို့မဟုတ် ဖုန်း ၀၁၀-၇၅၈၃-၃၂၄၇၊ ၀၁၀-၃၃၂၂-၅၁၄၂ တို့ သို့ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
ချွန်းနန်းမြို့ (Cheonan) မြို့မှာတော့ စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁၂:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီအထိ Cheonan Football Center 2nd Floor (천안축구센터 2층)မှာ ပြသသွားမှာဖြစ်ပြီး လက်မှတ်တွေကို "MFDMC" Page Messenger သို့မဟုတ် ဖုန်း ၀၁၀-၅၈၁၄-၈၉၀၅၊ ၀၁၀-၂၁၃၆-၃၁၂၃ တို့ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
တောင်ကိုရီးယားရောက် တော်လှန်ပြည်သူများအနေနဲ့ မိမိတို့နဲ့ နီးစပ်ရာ မြို့များမှာ လက်မှတ်များ ကြိုတင်ဝယ်ယူပြီး အမိမြေနဲ့ ရင်ဘတ်ချင်း ထပ်တူကျစွာ သွားရောက်အားပေးနိုင်ကြပါတယ်။
Photo - RAY - The Movie
#Ray
#korea
#မင်းမော်ကွန်း
#Daung
#tharhtethtet
#win_win_entertainment
3 days ago | [YT] | 72
View 1 reply
Win Win Entertainment
အဆိုတော်လင်းလင်း၊ ချစ်သုဝေနဲ့ ခါရာတို့ရဲ့ Tulsa မြို့မှာ ဖျော်ဖြေတဲ့ 8888 Uprising Fundraising Live Concert ရန်ပုံငွေပွဲကနေ ဒေါ်လာ သုံးသောင်းကျော်ရရှိခဲ့
--------
အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ Tulsa မြို့က ဖျော်ဖြေပွဲကနေ ဒေါ်လာ သုံးသောင်းကျော်ရရှိခဲ့ပြီး မြေပြင်ကို နှစ်သောင်းကျော် လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ဩဂုတ်လ ၈ ရက်နေ့က Tulsa မြို့မှာ ကျင်းပခဲ့တဲ့ 8888 Uprising Fundraising Live Concert တော်လှန်ရေး ရန်ပုံငွေပွဲကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ရရှိလာတဲ့ ဘဏ္ဍာရေး စာရင်းဇယားတွေကို တာဝန်ရှိသူတွေက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးထားကြောင်း Myanmar Community Of Tulsa page မှာ အသိပေးတင်ပြထားပါတယ်။
ဒီပွဲလေး အောင်မြင်သွားတာဟာ တစ်ဦးတစ်ယောက်တည်းကြောင့် မဟုတ်ဘဲ အဘက်ဘက်ကနေ ပါဝင်ကူညီပေးခဲ့ကြတဲ့ တော်လှန်မိသားစုဝင်တွေ အားလုံးရဲ့ စုပေါင်းအားကြောင့်ပဲ ဖြစ်ပါတယ်လို့ဆိုထားပါတယ်။
ပွဲက ရရှိငွေ စုစုပေါင်း ဒေါ်လာ (၃၄၃၅၅.၂၆) ရရှိခဲ့ပြီး ကုန်ကျစရိတ် စုစုပေါင်း ဒေါ်လာ (၁၄၁၂၄.၅၀) ကုန်ကျခဲ့ကာ တော်လှန်ရေးအတွက် လှူဒါန်းနိုင်မည့် အသားတင် စုစုပေါင်းငွေ ဒေါ်လာ (၂၀၂၃၀.၇၆) ဖြစ်တယ်လို့ သိရပါတယ်။
ဒီလှူဒါန်းငွေတွေကို မြေပြင်ဆီ တိုက်ရိုက် စီးဆင်းနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လက်ခံရရှိတဲ့အခါမှာလည်း အသေးစိတ်ကို ထပ်မံ တင်ပြပေးသွားမယ်လို့လည်း ပြောထားပါတယ်။
ဒါ့အပြင် ပွဲအတွက် အချိန်၊ ငွေ၊ လူအားနဲ့ နည်းပညာတွေ ထောက်ပံ့ပေးခဲ့ကြသူများ၊ နောက်ကွယ်ကနေ ကူညီပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းများ၊ ရပ်နီးရပ်ဝေးမှ လာရောက် အားပေးခဲ့ကြသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပွဲစီစဉ်သူတွေက သတင်းပါးထားပါတယ်။ ပွဲစဉ်အတွင်း အားနည်း ချက်များ ရှိခဲ့ပါကလည်း နားလည်ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
#tulsaoklahoma
#tulsa
#ရန်ပုံငွေပွဲ
#win_win_entertainment
3 days ago (edited) | [YT] | 59
View 0 replies
Win Win Entertainment
အဆိုတော် ဆောင်းဦးလှိုင်ရဲ့ "ကူညီစာနာ ပြည်မြန်မာ" ရန်ပုံငွေဂီတဖျော်ဖြေပွဲ
အဆိုတော် ဆောင်းဦးလှိုင်ရဲ့ "ကူညီစာနာ ပြည်မြန်မာ" Charity Concert ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့ (Auckland, New Zealand) မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ပွဲလေးကိုတော့ လာမယ့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် (စနေနေ့) မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီပွဲအတွက် ကူညီစာနာ ပြည်မြန်မာ ဆောင်းဦးလှိုင် New Zealand page မှာ လက်မှတ်ဈေးနှုန်းနှင့် ပွဲအစီအစဉ်နဲ့ပတ်သက်သော အကြောင်းအရာအသေးစိတ်များကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
နယူးဇီလန်မှာရှိတဲ့ မြန်မာပရိသတ်တွေအနေနဲ့ ဆောင်းဦးလှိုင်ရဲ့ သီချင်းကောင်းတွေကို တိုက်ရိုက်နားဆင်ရင်း ကူညီထောက်ပံ့မှုတွေမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းနိုင်ကြမှာ ဖြစ်ပါတယ်။
နယူးဇီလန်ရောက် မြန်မာမိသားစုတွေအနေနဲ့ အနုပညာရှင်နဲ့အတူ ချစ်ခင်ရင်းနှီးစွာ ဆုံစည်းရင်း ပရဟိတအတွက်လည်း ပါဝင်လှူဒါန်းနိုင်မယ့် အခွင့် အရေးတစ်ခု ဖြစ်ပါတယ်။
ထို့ပြင် အရင်က ကြေညာထားပြီး Aussie ၃ ပွဲ ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မယ်လ်ဘန်းမြို့၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဆစ်ဒနီမြို့ နှင့် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဘရစ္စဘိန်းမြို့ တို့မှာ Sydney မှာဆိုရင် လက်မှတ် ၉၀% ရောင်းကုန်ပြီး Melbourne & Brisbane တို့မှာလည်းအတော်လေးရောင်းရတယ် ဆိုပြီး Song Oo Hlaing က သူ၏ လူမှုကွန်ယက်ပေါ်မှာ ပြောထားပါတယ်။
"Aussie ၃ ပွဲ၊ New Zealand ၁ ပွဲဟာ အဆိုပါဒေသတွေအတွက် နောက်ဆုံးဖျော်ဖြေပွဲတွေ ဖြစ်ပါတယ်။ ဂီတလောကမှာ ၃၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် Music ကို တာဝန်ကြီးတစ်ခုလို မလုပ်တော့ဘဲ အပျော်နဲ့ စိတ်အပန်းဖြေအဖြစ်သာ လုပ်ဆောင်ချင်တော့တယ်လို့ ဆိုပါတယ်။ ရံပုံငွေပွဲများစွာမှာလည်း တတ်နိုင်သမျှ အကောင်းဆုံး ဖျော်ဖြေပေးခဲ့ပြီး ယခုနောက်ဆုံးပွဲများကိုလည်း အကောင်းဆုံး တင်ဆက်ပေးသွားမယ်လို့" ပြောထားပါသေးတယ်။
#ဆောင်းဦးလှိုင်
#songoohlaing
#win_win_entertainment
4 days ago | [YT] | 109
View 1 reply
Win Win Entertainment
Until We Meet Again ကို ကမ္ဘာအနှံက မြို့ကြီး ၁၁ မြို့မှာ ပြသမည်
တော်လှန်ရေးကာလ အချစ်၊ အလွမ်း၊ အမှတ်တရတို့အကြောင်းရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်ဖြစ်တဲ့ တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား "Until We Meet Again" ရုပ်ရှင်ရဲ့ Screening Tour ကို August နဲ့ September လအတွင်းမှာ ကမ္ဘာအနှံက မြို့ကြီး ၁၁ မြို့မှာ ပြသဖို စီစဉ်ထားကြောင်းသိရပါတယ်။
- ပထမဆုံးပွဲကို လာမယ့် ဩဂုတ်လ ၃၀ ရက် (တနင်္ဂနွေနေ့) မှာ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ San Francisco Bay Area ရဲ့ Daly City မှာ ပြသသွားမှာဖြစ်ပြီး
- ဒုတိယမြောက်ပွဲကိုတော့ စက်တင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြသသွားမှာဖြစ်ပါတယ်။ ဘန်ကောက်ပွဲချိန်တွေကို *မနက် ၁၁ နာရီခွဲ* နဲ့ *နေ့လည် ၂ နာရီ* ဆိုပြီး ပွဲချိန် ၂ ချိန် ခွဲခြားပြသ ပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။
- စက်တင်ဘာလ ၁၂ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ အင်ဒီးယားနား (Indiana) ပြည်နယ်၊ ဖို့တ် ဝိန်း (Fort Wayne) မြို့မှာ ပထမအကြိမ် အဖြစ် ပြသပေး သွားမှာဖြစ်ပါတယ်။
- ထို့ပြင် စက်တင်ဘာလ ၁၃ ရက် (တနင်္ဂနွေနေ့) တွင် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ (Sydney) မြို့မှာ အထူးပြပွဲတစ်ပွဲ ထပ်မံတိုးမြှင့် ပြသသွားမယ်လို့လည်း သိရပါတယ်။
- စက်တင်ဘာ ၂၀ ရက်နေ့မှာ တောင်ကမ္ဘာခြမ်းက ဩစတြေးလျနိုင်ငံ ပါ့သ့် (Perth) မြို့နဲ့ မြောက်ကမ္ဘာခြမ်းက ပြင်သစ်နိုင်ငံ ပါရီ (Paris) မြို့တို့မှာ Until We Meet Again (UWMA) အချစ်ဇာတ်လမ်းကို တစ်ရက်တည်း တပြိုင်တည်း ပြသသွားမယ်လို့ UWMA စာမျက်နှာက အသိပေးထားပါတယ်။ Perth မှာ စတင်ပြသပြီး နှစ်နာရီအကြာမှာ Paris ကို ရောက်ရှိပြသသွားမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ရိုးရိုးအချစ်ဇာတ်လမ်းလေး တပုဒ်ဖြစ်သလို ရှေ့တန်းက ရဲဘော်တွေအတွက် နောက်တန်းမှာ ကြံ့ကြံ့ခံကာ ပေးဆပ် နေကြသူ အမျိုးသမီးများအထိ လက်တွေ့ဘဝထဲက ဒဏ်ရာတွေနဲ့ မျှော်လင့်ချက်တွေကို အရှိကိုအရှိအတိုင်း ရိုက်ကူးထားတဲ့ တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား တစ်ကားလည်းဖြစ်ပါတယ်။
တော်လှန်ရေးအမြန်အောင်ဖို့အတွက် ရန်ပုံငွေများများ ပုံမှန်ရရှိစေရန် ရည်ရွယ်ပြီး နောက်ထပ် တော်လှန်ရေးရုပ်ရှင်များကိုလည်း ဆက်လက်ပြသနိုင်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
သိပ်မကျန်းမာတဲ့ နိုင်ငံငယ်လေးမှာ စတင်ခဲ့တဲ့ Until We Meet Again အချစ်ဇာတ်လမ်းလေး ကမ္ဘာအနှံ့ ခရီးဆက်နိုင်ခဲ့တာဟာ ယုံကြည်ပေးပြီး လက်တွဲအားဖြည့်ပေးသူတွေရဲ့ မေတ္တာကြောင့်ပါ။ နွေးနွေးထွေးထွေး ကြိုဆိုပေးကြတဲ့အတွက် အားအင်သစ်တွေ ရရှိရပါတယ်။ အတူရှိပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။
ဒီလိုဆိုတော့ကာ ရုပ်ရှင်နှင့် ပတ်သက်၍ သိလိုအသေးစိတ်အချက်အလက်နှင့် လက်မှတ်ဝယ်ယူရန် Until We Meet Again Page Messenger မှာ ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်။ နောက်ထပ် ပြသမည့် နိုင်ငံ၊ မြို့၊ ရက်နှင့် အချိန်များကို ထပ်မံကြေညာ ပေးသွားမှာဖြစ်တဲ့အတွက် UWMA page မှာ ဆက်လက်စောင့်ကြည့်ပေးနိုင်သလို win win ကနေလည်း ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူထားပြီး လူကိုယ်တိုင်လာရောက် မကြည့်နိုင်သူများအတွက်လည်း ရုပ်ရှင်ပြသပြီးနောက် တစ်ကြိမ် ကြည့်ရှုနိုင်မယ့် Link ပို့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
လက်မှတ်များများရောင်းချနိုင်ဖို့ အချင်းချင်း Share ပေးပြီး အားဖြည့်ပေးကြပါဦးနော်….. တော်လှန်ရေးအတွက် သွေးမအေးဘဲ ဆက်လက်ပါဝင်ပူးပေါင်းကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်.. ရှင်
#ပြန်ဆုံကြမယ်နော်
#untilwemeetagainfilm
#UntilWeMeetAgain
#MyanmarFilm
#filmforfreedom
#RomanceDrama
#win_win_entertainment
5 days ago (edited) | [YT] | 52
View 0 replies
Win Win Entertainment
အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ တေးစီးရီးသစ်မှာ ဘာသီချင်းတွေပါဝင်မလဲ?
ဂီတချစ်သူ ပရိသတ်တွေ ပရော်ဖက်ရှင်နယ် ဆရာမကြီးလို့ တင်စားကြတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ သီချင်း (၁၁) ပုဒ်ပါဝင်မယ့် အယ်လ်ဘမ်အသစ်ကို မကြာခင် ထွက်ရှိတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဒီအယ်လ်ဘမ်ထဲမှာ ပြီးခဲ့တဲ့ ကာလတွေအတွင်း ထွက်ရှိထားပြီးသား သီချင်း ၅ ပုဒ် ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ကျန်ရှိနေတဲ့ သီချင်း ၆ ပုဒ်က ဘာတွေဖြစ်မလဲဆိုတာကိုတော့ ပရိသတ်တွေက စိတ်ဝင်စားစွာနဲ့ ခန့်မှန်းနေကြပါတယ်။ ဒီလို ခန့်မှန်းနေကြရင်း သီချင်း ၈ ပုဒ်ထိ သိရှိခဲ့ရပြီး ကျန် ၃ ပုဒ်က ဘာတွေများလဲဆိုတာ ရင်ခုန်နေကြပါတယ်။
"ဖေ့ဖေ့စကား"၊ "Come What May"၊ "ကောက်ရိုးမီး"၊ "မငိုနဲ့တဲ့"၊ "သူမ"၊ "သွားနှင့်ဦးကြယ်လေးရယ်"၊ "နောက်ဆုံးတော့လည်း" နဲ့ အယ်လ်ဘမ်ခေါင်းစဉ်ဖြစ်တဲ့ "ငါဆက်ရှိနေဦးမှာ" စတဲ့ သီချင်းတွေ ပါဝင်လာနိုင်ပါတယ်။
ဖြူဖြူကျော်သိန်းရဲ့ World Tour ပွဲတွေတုန်းက ပရိသတ်တွေကို ရှေ့ပြေး ပထမဆုံး ဖျော်ဖြေပြသခဲ့တဲ့ သီချင်းအသစ်တွေအပြင် ကိုဗစ်ကာလတုန်းက ရေးသားခဲ့တဲ့ အချစ်သီချင်းလေးတွေလည်း ပါဝင်လာမလားဆိုပြီး ရင်ခုန်စွာ စောင့်မျှော်နေကြပါတယ်။
အထူးသဖြင့် World Tour မှာ ပထမဆုံးအကြိမ် နားထောင်ခဲ့ရတဲ့ ပရိသတ်တွေဆိုရင် မျက်ရည်ကျတဲ့အထိ ထိခိုက်ခံစားခဲ့ရတယ်လို့ ဆိုတာကြောင့် ဒီအယ်လ်ဘမ်အသစ်ဟာ ပရိသတ်တွေရဲ့ ရင်ကို စွဲကိုင်လှုပ်ရှားစေဦးမယ့် လက်ရာတစ်ခု ဖြစ်လာမှာ သေချာနေပါတယ်။
#Phyu Phyu Kyaw Thein
#newalbum
#win_win_entertainment
6 days ago | [YT] | 181
View 1 reply
Load more