ဓမ္မမိတ်ဆွေများအားလုံး ကျေးဇူးရှင်ဆရာတော်ကြီးများ၏တရားများကိုနာယူကြ၍ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများဖြင့်ပြည့်စုံကြပြီးလျင် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာဖြစ်သော မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ခန္ဓာအရှိ၊ ဥာဏ်အသိဖြင့် ကိုယ်တိုင်ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်သော သူတော်ကောင်းများဖြစ်ကြပါစေ။
I am Buddhist and "Dhamma Buddha" is one of the Myanmar Buddha channels and Sharing Dhamma Talks, Creative Common Suttas in native Burmese-Myanmar language.
Thanks for watching my channel. [16June, 2024: Channel Starting Date]
All videos from this channel are owned by me & have educational value purposes for all. My channel does not have any purposes to violate the guidelines of google & YouTube policy. I solely follow all the terms of Google & YouTube Channel.
My channel used only Creative Common Voice, Creative Common Pictures, Creative Common Footage and my own footage.
Dhamma Buddha
"အမြတ်ဆုံးအလှူ နိဗ္ဗာန်ယူ" အလုပ်ပေးတရားတော်
- ဆရာတော်အရှင်ဣန္ဓာစာရ
https://youtu.be/h4eLoxMMjqw
9 hours ago | [YT] | 3
View 0 replies
Dhamma Buddha
လူဆိုတာ တန်ဖိုးရှိလေလေ တိတ်ဆိတ်လေလေပဲ။
တန်ဖိုးမဲ့လာလေ ဆူညံလေပဲ။
လူဆိုတာမြင့်မြတ်လာလေ တည်ငြိမ်လာလေပဲ။
ယုတ်နိမ့်လာလေ ဗရုတ်ကျလေပဲ။
လူဆိုတာ သီလရှိလေ စကားနည်းလေပဲ။
သီလမဲ့လာလေ စကားများလေပဲ။
လူဆိုတာ အမှားများလာလေ ဖုံးဖိနေရလေပဲ။
အမှားနည်းလာလေ တည်ငြိမ်အေးချမ်းလာလေပဲ။
လူဆိုတာ အလိုကြီးလေ ရန်သူပေါလေပဲ။
အလိုနည်းလေ မိတ်ဆွေပေါလေပဲ။
လူဆိုတာ အတ္တကြီးလေ ခက်ထန်လာလေပဲ။
အတ္တနည်းလေ မျက်နှာချိုအေးလာလေပဲ။
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်ဆရာတော်ကြီး🙏🙏🙏
9 hours ago | [YT] | 149
View 3 replies
Dhamma Buddha
မဟာသမယ(၇)သုတ်ပါဠိတော်ပူဇော်ခြင်း🙏
မဟာသမယ(၇)သုတ်၏ အကျိူးကျေးဇူးများမှာ
(၁)။အနာရောဂါ ကင်းရှင်းခြင်း
(၂)။ ဘေးဆိုးရန်ဆိုး အန္တရာယ်အမျိုးမျိုးတို့
မကျရောက်ပဲ ပြေပျောက်ခြင်း
(၃)။အသက်ရှည်ရှည် နေရခြင်း
(၄)။ ဒေါသတရား နည်းပါးခြင်း
(၅)။ မောဟစိတ်များ ဖုံးလွှမ်းမှု မရှိခြင်း
(၆)။ ထောင်ပေါင်းများစွာသော နတ်ဗြဟ္မာတို့၏
ချစ်ခင်နှစ်သက် ယုယမှုကို ရရှိခြင်း
(၇)။သစ္စာလေးပါး တရားတို့ကို ထိုးထွင်း၍
သိမြင်နိုင်ခြင်း-အစရှိသော အကျိုးထူးတရားတို့ကို
မုချရစေနိုင်ပါသည်။
https://youtu.be/Necc2yPI4Oo
1 day ago | [YT] | 8
View 0 replies
Dhamma Buddha
ကမ္ဘာတစ်သိန်း
အပါယ်မလားသောကုသိုလ်
၁။ ဓာတုစေတီ(ဓာတ်တော်)
၂။ ဥဒ္ဒိဿကစေတီ(ဆင်းတုရုပ်ပွားတော်)
၃။ ပရိဘောဂစေတီ(မြတ်စွာဘုရား၏ အသုံးအဆောင်)
၄။ ဓမ္မစေတီ( တရားတော်၊ဓမ္မစာပေ)
၅။ ပါဒစေတီ(မြတ်စွာဘုရား၏ခြေတော်ရာ)
ဤစေတီ ၅မျိုးကို ပူဇော်သူသည် သက်တော်ထင်ရှားဘုရားကို ပူဇော်ရသကဲ့သို့ စိတ်ထားတူပါက ကုသိုလ်ရတာချင်း အကျိုးပေးတာချင်း တူပါသည်။ မြန်မာပြည်တွင် ဤ စေတီ ၅မျိုးကို အလွယ်တကူ ဖူးမြင်ရနိုင်သည့်အတွက် ကံကောင်းကြပါသည်။
လွန်ခဲ့သော ကမ္ဘာတသိန်းက အတ္ထဒဿီမြတ်စွာဘုရား ပွင့်ချိန်တွင် အမျိုးကောင်းသား တယောက်သည် ဇရပ်ထဲတွင် ပန်းစေတီပြုလုပ်၍ ပူဇော်ရသည့်အကျိုးကြောင့် ကမ္ဘာ ၁သိန်းပတ်လုံး အပါယ်မလားဘဲ လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ရ၍ ဂေါတမ မြတ်စွာဘုရား လက်ထက်တွင် ပုပ္ဖထူပိယ အမည်ဖြင့် ရဟန္တာအဖြစ် ရောက်ရပါသည် ။
(ပုပ္ဖ=ပန်း +ထူပိယ=စေတီ)
တရားနာ ပရိသတ်လည်း ကမ္ဘာ တသိန်း အပါယ်မလားလိုပါက စေတီ ၅ မျိုး ကို ရိုရိုသေသေ ပူဇော်ဖို့
ဘုန်းဘုန်းက တိုက်တွန်းပါသည်။
🙏🙏🙏🙏🙏
ကျေးဇူးအရှင်
ဗန်းမော်ဆရာတော်ဘုရားကြီး
1 day ago | [YT] | 298
View 4 replies
Dhamma Buddha
နံနက်ခင်း ပငှာန်းတရားတော်
-အရှင်ပညာဝရ ရတနာ့ဂုဏ်ရည်(ဝမ်းတွင်း)
https://youtu.be/GwR_caKklN8
2 days ago | [YT] | 9
View 0 replies
Dhamma Buddha
ကိုယ့်မှာလည်း မပြည့်စုံဘဲနဲ့
ဘာလို့အလှူတွေ ပေးနေကြတာလဲ-?တဲ့။
မပြည့်စုံလို့ကို လှူနေရတာပါ။
မလှူခဲ့လို့
မပြည့်မစုံဖြစ်နေတာလေ။
ဒီဘဝမှာ ဘာမှမလုပ်ရင်
ပိုဆိုးမှာပေါ့။
လူ့ဘဝမှာ ပြည့်စုံမှ လှူမယ်ဆိုရင်
လူတွေရဲ့ လောဘဆိုတာ
ပြည့်စုံတယ်ကို မရှိဘူး မဟုတ်လား။
ကုသိုလ်ဆိုတာက…
ပညာရှာရင်းလည်း
ကုသိုလ်ပါ တွဲထားမှ၊
စီးပွားရှာရင်းလည်း
ကုသိုလ်လေးတွေ တွဲထားမှ
ဖြစ်မှာပေ့ါ။
မဟုတ်ရင်
ရုတ်တရက် သေခြင်းတရား ရောက်လာလို့
ကိုယ့်မှာ ကုသိုလ်ကောင်းမှု ပြုထားတာမရှိရင်
ဒီထက်မပြည့်စုံတဲ့ ဘဝကို ရောက်သွားမှာပါ။
တကယ်တော့…
ကုသိုလ်လုပ်တယ် ဆိုတာ...
မပြည့်စုံတဲ့ဘဝကို ပြည့်စုံဖို့
မလှတဲ့ဘဝကို လှစေဖို့
မဝတဲ့ဘဝကို ဝစေဖို့
မကောင်းတဲ့ဘဝကို ကောင်းစေဖို့
မပြေတဲ့ဘဝကို ပြေစေဖို့
စတာတွေအတွက်
လုပ်ကြရတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်…
ဘဝမှာပြည့်စုံချင်ရင်
ကုသိုလ်လုပ်ပါလို့။
မနာပ ဒါယီ ဆရာတော်အရှင်ဝိစိတ္တ
2 days ago | [YT] | 325
View 6 replies
Dhamma Buddha
ကံအသုံးချသူဖြစ်ပါစေ🙏
- ဆရာတော်အရှင်ဣန္ဒာစာရ
https://youtu.be/idxqqs7uZrw
3 days ago | [YT] | 20
View 0 replies
Dhamma Buddha
🙏🙏🙏
3 days ago | [YT] | 406
View 5 replies
Dhamma Buddha
ဆုတောင်းတာတွေ သိပ်များနေတဲ့သူဟာ ဘာသာတရားဆိုတာရဲ့ သဘာဝကို မသိလို့ပါ။
ဆုတောင်းတယ်ဆိုတာ
ကိုယ့်ဆန္ဒကို ကိုယ်အတည်ပြုတာပဲ။
confirm လုပ်တာပဲ။
ကိုယ့်စိတ်ကို ဦးတည် ပေးလိုက်တာပဲ။
လေးထဲမှာ မျှားကိုထည့်ပြီး လေးကိုတင် ပစ်မှတ်ကိုချိန်ပြီး လွှတ်လိုက်တာပဲ။
လေးနဲ့မျှားက ကိုယ်လုပ်တဲ့ အလုပ်ပဲ။
ပစ်မှတ်ကိုချိန်ပြီး ပစ်လွှတ်လိုက်တာဟာ
ဆုတောင်းလိုက်တာပဲ။
အလုပ်မပါဘဲ ဆုတောင်းနေလို့ အလကားပဲ။
ကိုယ်လိုချင်တာရဖို့ ကိုယ့်အား ကိုယ်ကိုးပြီး လုပ်ယူရမယ်။
အရာရာတိုင်းဟာ ကိုယ့်တာဝန်ပဲ။
ကိုယ့်တာဝန်ကို ကိုယ်အပြည့်အဝ ယူနိုင်တဲ့သူမှသာ ဘာသာတရားကို နားလည်တဲ့သူဖြစ်မယ်။
ကိုယ်စိတ်က လွတ်လပ်လာမှ
ဘုရားကို ကိုးကွယ်တတ်မယ်။
တချို့က ဘုရားရှိခိုးရင်၊ မေတ္တာပို့ရင်
ရာထူးတိုးလိမ့်မယ်လို့ မျှော်လင့်နေတယ်။
ဘာသာတရားကိုးကွယ်တာ
စိတ်အေးချမ်းဖို့နဲ့ အသိအမြင် မှန်ကန်ဖို့၊ ဘဝမှာ လူပီပီနေတတ်ဖို့။
ဘုရားရှိခိုးတာ
လမ်းမှန်ကိုညွန်ပြတဲ့ကျေးဇူးရှင်ဖြစ်လို့
ရိုသေလေးစားလို့ ဂုဏ်တော်တွေကိုအာရုံပြုပြီး ရှိခိုးတာ၊ ဘာမှလိုချင်လို့ မဟုတ်ဘူး။
ကိလေသာတွေ ကင်းရှင်းနေတဲ့အခါမျိုးမှာ ဘုရားကို အာရုံပြုကြည့်ပါ။အဲဒီအခါကျမှ ဘုရားဆိုတာ ဘယ်လိုလဲဆိုတာ နဲနဲ ရိပ်မိလိမ့်မယ်။
ဆရာတော်ဦးဇောတိက [မဟာမြိုင်တောရ]
4 days ago | [YT] | 243
View 5 replies
Dhamma Buddha
ပရိတ်ကြီး ၁၁ သုတ်နှင့် ၇ ရက်သားသမီးမေတ္တာပို့တရားတော်🙏
https://youtu.be/j7W7LZSQFd0
5 days ago | [YT] | 14
View 0 replies
Load more