My light channel ကနေကြိုဆိုပါတယ်/ my light channel ကနေအထွေထွေဗဟုတများတရားတော်များ ဓမ္မစာပေများကိုနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..ဓမ္မသုတအထွေထွေရရှိလိုက like and subscribe လေးနိပ်ထားကြဖို့လိုပါတယ်။ ဘေးကင်းကြပါစေ အေးချမ်းကြပါစေ ကောင်းကျိုးသုခများရရှိကြပါစေ အလုပ်အကိုင် စီးပွားလာဘ်လာဘများတိုးတက်ကြပါစေ
#mylight
#ပဋ္ဌာန်းနှင့်ပရိတ်ကြီး
#တရားတော်များ
#ပရိတ်တရားတော်များ
# အမေးအဖြေ
#မဟာဗောဓိမြိုင်ဆရာတော်
#ပါမောက္ခချုပ်ဆရာတော်
#သစ္စာလေးပါးတရား
#My Light
#mylight266


mylight

လူ့ဘဝမှ ကောင်းသော
ပြန်ခြင်း ဖြစ်ပါစေ။
•••••••••••••••••••••••

စပယ်ပန်းတွင်
ဖြူစင်ခြင်း ရနံ့သင်းခြင်း
လန်းဆန်းခြင်း ဂုဏ်များရှိ၏။

သည့်ပမာ လူ့ဘုံခန်းဝါသည်လည်း
စိတ်ဖြူစင်ခြင်း ဂုဏ်သတင်းကြီးခြင်း
တက်လမ်းရှိခြင်း စသော ဂုဏ်များနှင့်
တင့်တယ် လှပနေ၏။

ထိုသို့သော ဂုဏ်ပေါင်းခ
လူ့ဘဝထူးကို အချင်းချင်း
ရန်ဖြစ်နေခြင်းဖြင့်

သုခဘုံကို ဒုက္ခဘုံဖြစ်အောင်
သင်မဖန်တီးချင်စမ်းပါနှင့်။

တစ်ဦးနှင့်တဦး
စိတ်ကောက်နေခြင်းဖြင့်

ဖြူသော လူ့ကာမသုခကို မည်းညစ်
အောင် မဖန်တီးချင်စမ်းပါနှင့်။

တဦးနှင့်တဦး လိမ်လည်
ကောက်ကျစ်နေခြင်းဖြင့်

ရက်ရော ကြည်ဖြူ လူ့သဘောထားကို
အရုပ်ဆိုး အကျည်းတန်သွားအောင်
မဖျက်ဆီးချင်စမ်းပါနှင့်။

သင်၏လူ့ဘဝ လာရောက်ခြင်းသည်
ကောင်းသော လာခြင်းဖြစ်ဘိသို့

သင်၏ ဤလူ့ဘဝမှ
ပြန်ခြင်းသည်လည်း
ကောင်းသောပြန်ခြင်း ဖြစ်ပါစေ။

▪️

မဟာဗောဓိမြိုင်ဆရာတော်

11 months ago | [YT] | 516

mylight

အားလုံးသတ္တဝါ ဘေးရန်ကွာ ချမ်းသာကြပါစေ
မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးကြပါစေ

11 months ago | [YT] | 377

mylight

❒ စိတ်ပါလက်ပါ

ကိုယ်လက်ဆိုတာ စိတ်ခိုင်းတာလုပ်နေရတာ၊ စိတ်မပါဘဲ ကိုယ်လက်ခန္ဓာဘာမှ မလုပ်သာဘူး။

ကိုယ်လက်ခန္ဓာအစိပ်အပိုင်းတွေကို ကားတစ်စီးလိုပဲ နှိုင်းကြည့်ကြပါစို့။ မျက်စိက ကားမီးပမာ ရှေ့လမ်းပြ၊ နားနှစ်ဖက်က သွားလမ်း သိ ကြည့်မှန်ပမာ၊ နှာခေါင်းက မီးခိုးမှုတ်စရာ အိတ်ဇောပိုက်ပမာ၊ ပါးစပ်က ကားဟွန်းလိုအချက်ပေး၊ ခြေက ဘီးလိုသွားပေးရ၊ အတွင်းကလီစာတွေက ကားထဲက စက်အင်ဂျင်အစိတ်အပိုင်းတွေလိုပေါ့၊ အစာအိမ်က ဆီတိုင်ကီ၊ စိတ်ကတော့ဒရိုင်ဘာ (ဝါ) ကားပိုင်ရှင်ပဲပေါ့။ လက်ကတော့ ကားစပါယ်ယာ။

စိတ်လိုလက်ရဆိုတဲ့စကား စိတ်နဲ့ကိုယ်လက်အသွားညီပုံကို ဖော်ပြနေတာ၊ လက်ဆိုတာ ကိုယ်ရဲ့ကိုယ်စားလှယ်။ လက်တို့ ပြီးပြော၊ လက်နဲ့ပုတ် ပုတ်ပြီးပြောတတ်သူဟာ (ယေဘုယျအားဖြင့်) ရာဂစိတ် အားကြီးကြောင်းပြနေတာ။ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ပြောတတ်သူဟာ ဒေါသကြီးကြောင်းပြနေတာ။ လက်မှိုင်ချနေသူကတော့ မောဟကြီးကြောင်းပြနေတာ၊ လက်ကစိတ်အခြေအနေကို ဖော်ညွှန်းနေတတ်တယ်။ စိတ်ပါမှလက်ပါတာ။

ဒါကြောင့် ကိုယ်လက်အမှုအရာကိုကြည့်ပြီး ဒီလူမှာ ဘယ်လို စိတ်ရှိတယ်ဆိုတာ ပညာရှိတွေ သိနေတယ်။ ကိုယ့်ကိုယ်ကို မသိတာ ပညာမရှိလို့။ မိမိကိုယ်လက်လှုပ်ရှားပုံတွေကြည့်ပြီး မိမိစိတ်မိမိ သိအောင်လုပ်ကြပါ။

【၁၉၉၉ ခုနှစ်၊ ပုလဲမြို့နယ် ဝါးသုံးရုံသစ်တောစခန်း သြဝါဒ】

🖋️ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
📖 မောင်သွေးချွန် - လက်မိလက်ရဩဝါဒများ

#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

1 year ago | [YT] | 520

mylight

ဆွမ်းတော်တင်တာ
ပန်း , ရေချမ်း , ဆီမီး ကပ်တာတွေဟာ
ဘုရားအတွက် မဟုတ်ဘူး အဲဒီ ကုသိုလ်တွေက
ကိုယ့် အတွက်ဗျ။

ကိုယ် ကောင်းကောင်းမွန်မွန် လုပ်ရင်
ကိုယ် ကောင်းကောင်းမွန်မွန် အကျိုး ရမှာပဲ။

ဝတ္တရားလို သဘောထားပြီး
ဝတ္တရားလိုပဲ လုပ်ရင်
အကျိုးပေးကလည်း ဝတ္တရားပေး, ပေးမှာပါ။

သက်တော်ထင်ရှား ဘုရားရှင်ကို မှန်းဆကာ
စေတနာသုံးတန် ပြဋ္ဌာန်းပြီး
စေတနာပါ, ပါ လုပ်ရင် အကျိုးပေးတဲ့အခါမှာလဲ
ထူးထူးခြားခြား အကျိုး ပေးမှာပါ။

ဆွမ်း စတာတွေကို
ဘုရားရှေ့မှာ သွားလှူတာဟာ
ကိုယ့်အတွက်ကောင်းကျိုးတရားတွေကိုသွားယူတာ။ကိုယ်ယူတတ်ရင် ယူတတ်သလောက် ရမှာပဲ။

အလှူ ဆိုတာ
တကယ်တော့ အယူပါ
မယူတတ်ရင် ကုန်မယ် , ယူတတ်ရင် စုံတယ်။

စေတနာလေး စစ်စစ်သာထား …
နည်းတယ်ထင်တဲ့ ဒီကုသိုလ်လေးက
သွားချင်တဲ့ နတ်ပြည်ကို သွားလို့ ရတယ်ဗျ
အမြတ်များတယ် လှူတတ်ရင်ပေါ့။

(မဟာဗောဓိမြိုင်ဆရာတော်ကြီး)

1 year ago | [YT] | 649

mylight

သူတော်ကောင်း၊ သူတော်စင်
•••••••••••••••••••••••••••••
• သူတော်ကောင်းဆိုတာ ...
သူတော်ဖို့ ကိုယ်ကောင်းပေးနေတာ။

• သူတော်စင်ဆိုတာ ...
သူတော်ဖို့ ကိုယ်စင်ကြယ်ပေးနေတာ။

သမ္မာဝါဒီသမား သူတော်ကောင်းအစားစားတို့ရဲ့
အမူအကျင့်တွေဟာ ကိုယ်ကျင့်ကောင်းကို ရွေးဆယ် ...

ကိုယ်ကျင့်ယုတ်ကို ဘေးဖယ်ထားပြီး
ကိုယ်စိတ် စင်ကြယ်ခြင်းကို အလေးပေးတယ် ...

သူတစ်ပါးမကျေချမ်းသောအမှု
ဘာတစ်ခုမှ မပြုရဘူး ...

သူတစ်ပါးအကျိုးများကို အခုရောနောင်ပါ
တိုးပွားစေမယ့် အရေးကိုသာ အရေးပေးရမယ် ...

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

အညွန်း၊ ၊ ၉၈၊ ကျောက်ထီးတောရသြဝါဒ]

1 year ago | [YT] | 446

mylight

💥ကိုယ့်ကို▪︎▪︎▪︎မကြောက်
သူ့ကို▪︎▪︎▪︎ကြောက်
(အကြောက်)မစစ်သေး

💥ကိုယ့်မှာ▪︎▪︎▪︎မမုန်း
သူ့ကို▪︎▪︎▪︎မုန်း
(အမုန်း)မစစ်သေး

💥မတည့်လျင်▪︎▪︎▪︎ပစ်
တည့်လျင်▪︎▪︎☆ချစ်
(မိတ်စစ်)မဟုတ်သေး

💥မှန်လျင်သာ▪︎▪︎▪︎ချစ်
မှားသော်▪︎▪︎▪︎လှစ်
(ရန်စစ်)မဟုတ်သေး

💥မလိုသော်▪︎▪︎▪︎စွန့်
လို▪︎▪︎မစွန့်
(အစွန့်)မစစ်သေး

💥ပျော်လှူ▪︎▪︎▪︎မျှော်လှူ
မတော်▪︎▪︎▪︎လှူ
(ပူဇော်)မစစ်သေး

💥ခိုးလှူဘက်လှူ
ညစ်ပတ်လှူ
(သူတော်)မစစ်သေး

💥ဖြစ်ပျက်▪︎▪︎▪︎မရှု့
လှူ▪︎▪︎☆ပေါင်းစု
(ကောင်းမှု့)မစစ်သေး

💥အပြစ်နှင့်စပ်
ထို ရလာဒ်
(အမြတ်)မစစ်သေး

💥ကိုယ်ကျင့်ကို ဖျက်
ကြီးပွားချက်
အတက် မစစ်သေး

💥မတွေ့မိမှ လုံခြုံရ
(သီလ)မစစ်သေး

💥ကွက်၍▪︎▪︎▪︎သူ့သာ
ချစ်မိရာ
မေတ္တာ မစစ်သေး

💥စွဲလမ်းသူမှာ သနားရာ
(ကရုဏာ)မစစ်သေး

💥ကိုယ့်အောက်သူမှာ
ဝမ်းမြောက်ရာ
(မုဒိတာ)မစစ်သေး

💥မုန်းသောကြောင့်သာ
စွန့်ပစ်ခွာ
(ဥပေက္ခာ)မစစ်သေး

💥ကောင်းရာသို့မှီ
စိတ်သာကြည်
ခန္တီ မစစ်သေး

💥ပြောင်းလဲတတ်ရာ
《ဓမ္မတာ》
သစ္စာ မစစ်သေး

💥သူပြော ၌▪︎▪︎▪︎သာ
ကွဲသိရာ
(ပညာ)မစစ်သေး

💥သူချင်းစကား
အငြင်းပွား
(တရား)မစစ်သေး

💥ဖြစ်/ပျက်▪︎▪︎▪︎မမြင်
စခန်း▪︎▪︎▪︎လျင်
လမ်းစဉ် မစစ်သေး

💥တိုက်ခိုက်မရှိ
ငြိမ်သက်ဘိ
(သမာဓိ)မစစ်သေး

💥ခဏ'သာ ကောင်း
ကြာသော် ညောင်း
အကောင်း မစစ်သေး

💥ပျက်စီးပြီးမှ
ချမ်းသာရ
(သုခ)မစစ်သေး

💥အငြိမ်းမလာ
သိမလာ
(ဘာဝနာ)မစစ်သေး

💥အေးကားအေး၏
မငြိမ်းဘိ
(မုတ္တိ)မစစ်သေး

🙏ကျေးဇူးတော်ရှင်

🛎(မဟာ'ဗောဓိမြိုင်)
ဆရာတော် ဘုရားကြီး၊

1 year ago | [YT] | 626

mylight

"ကြိုက်တာကို ရွေးခွင့်ရှိပေမယ့်"
"အရွေးမှန်ဖို့လည်း လိုတယ်"
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

'ကာမ'က
စိတ်ယုတ်စိတ်ညံ့နဲ့ ကိုယ်နှုတ်အမူအကျင့် အားကြီးမှ ဖြစ်နိုင်တာ..

'ဓမ္မ'က
စိတ်သန့်စိတ်မြတ်နဲ့ ကောင်းသောအမူအကျင့်ရှိမှ ဖြစ်နိုင်တာ..

'ကာမ'ဆိုတာ
လူတစ်ဦးတည်းပိုင်မဟုတ်
တိရိစ္ဆာန်များနှင့်တကွ
အပါယ်ခံသား အပါယ်လေးဘုံသားများအားလုံး ကိုင်ခွင့်ရနေတဲ့ ဘုံဆိုင်အရာ..

'ဓမ္မ'ဆိုတာ
လူဖြစ်ရုံသက်သက်နှင့် လူတိုင်းကိုင်ခွင့်မရတဲ့အရာ..

'ကာမ'က ချောင်းရေပမာ
အနည် အမှုန်တွေနဲ့ နောက်ကျိကျိ

'ဓမ္မ'က အနည်ထိုင်နေတဲ့'ကန်'ပမာ
အေးမြကြည်လင်နေပါတယ်..

ဒီတော့
ချောင်းရေသုံးမလား? ကန်ရေသုံးမလား?
စဉ်းစားဆုံးဖြတ် ရွေးချယ်ကြပါ..
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မဟာဗောဓိမြိုင်ဆရာတော်ကြီး

1 year ago | [YT] | 554

mylight

🌸🌸🌸ရေကိုအဲ့လို မသောက်ဖူးခဲ့ပါ
ခုချိန်ကစပြီး အနန္တရေအဖြစ်သောက်တော့မယ်🌸🌸🌸

အနန္တ ရေ
🌼🌼🌼🌼🌼🌼
ယနေ့မြန်မာပြည်မှာကျနော်အကြည်ညိုဆုံးသံဃာတော်တစ်ပါးဖြစ်တဲ့မဟာဗောဓိမြိုင်ဆရာတော်ကြီးပေးတဲ့ အနန္တရေအကြောင်းကိုမိတ်ဆွေတို့အတွက်မျှဝေပေးပါရစေ။အခုအချိန်အခါအရလည်းမျှဝေဖို့တကယ်လိုအပ်နေပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးငယ်စဉ်အခါအသက်လေးဆယ်ဝန်းကျင်လောက်တုန်းကသမထကိုအလွန်ပြင်းထန်တဲ့ဓူတင်တွေနဲ့လုံ့လကြီးစွာအားထုတ်ခဲ့ပါတယ်။နေသဇ္ဇိကဓူတင်နဲ့အားထုတ်ကျင့်ကြံရာမှာအနေ၊အစား၊အအိပ်တွေမမှန်တော့တဲ့အတွက်တစ်နေ့တစ်ခြားကျန်းမာရေးချို့ယွင်းလာပါတော့တယ်။နောက်ဆုံးမှာတော့သွေးဝမ်းတွေပါလာပြီးလူကမျော့မျော့ပဲကျန်ပါတော့တယ်။

တစ်ညမှာတော့အိပ်ရင်းနဲ့ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်ပါတယ်။အိပ်မက်ထဲမှာဆရာတော်လောင်းကိုနယ်ပြောင်းခိုင်းတာပါ။အောက်မြန်မာပြည်ကနေအထက်မြန်မာပြည်ဘက်ကိုပြောင်းပြီးတရားကျင့်ဖို့ပြောတာဖြစ်တယ်။ဒါနဲ့ဆရာတော်လည်းပြောင်းရတော့တာပေါ့။အထက်မြန်မာပြည်ကိုခရီးသွားရင်းနဲ့မြေလတ်ဒေသမုန်တိုင်ဆည်နားမှာခရီးတစ်ထောက်နားတုန်းဥပတိရုပ်ကောင်းကောင်းနဲ့ထူးဆန်းတဲ့လူတစ်ယောက်ရောက်လာပါတယ်။ဆရာတော်ကိုဦးချပြီးလျှောက်ထားပါတယ်။သူလျှောက်ထားတာကိုအတိုချုံးပြီးပြောပြရရင်တော့-
`အရှင်ဘုရားမြေတို့မည်သည်ရေနှင့်မကင်းကောင်းပါဘုရား၊အရှင်ဘုရားရဲ့ကိုယ်မှာလည်းမြေဓာတ်၂၀နဲ့တည်ဆောက်ထားလေတော့ရေကိုများများသောက်ပေးဖို့လိုနေတယ်ဘုရား။သောက်နည်းကိုတပည့်တော်ပေးပါရစေ။

၁။ပထမတစ်ကျိုက်သောက်ရင်-ဗုဒ္ဓဂုဏောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ကဘုရားဂုဏ်တော်ကိုမှန်း။

၂။ဒုတိယတစ်ကျိုက်သောက်ရင်-ဓမ္မဂုဏောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကတရားဂုဏ်တော်ကိုမှန်း။

၃။တတိယတစ်ကျိုက်သောက်ရင်-သံဃဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကသံဃဂုဏ်တော်ကိုမှန်း။

၄။စတုတ္ထတစ်ကျိုက်သောက်ရင်-မာတာပိတုဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကအမိအဖမျက်နှာကိုမှန်း။

၅။ပဉ္စမတစ်ကြိုက်သောက်ရင်၊အာစရိယဂုနောအနန္တောလို့ရွတ်ပြီးမျိုချ၊စိတ်ထဲကမိမိကိုအကျိုးများစေခဲ့တဲ့ဆရာရဲ့မျက်နှာကိုမှန်း။

အဲဒီနည်းနဲ့တတ်နိုင်သလောက်နေ့စဉ်ရေသောက်ပေးပါ၊အနန္တရေဖြစ်တယ်၊ဒီလိုသာစွဲစြွဲမဲမြဲသောက်ပေးသွားရင်ဆေးမလိုပဲရှေးပုဂ္ဂိုလ်တွေလိုအရည်အသွေးအလိုလိုပြည့်မှီလာပါလိမ့်မယ်ဘုရားလို့လျှောက်ထားပြီးနောက်ဆရာတော်လောင်းကိုဦးချပြီးထွက်သွားပါတယ်။

အထက်မြန်မာပြည်ရောက်သွားတော့ဆရာတော်လည်းအဲဒီနည်းအတိုင်းအနန္တရေကိုစသောက်ပါတယ်။ရေသောက်လို့၅ရက်ပြီးမြောက်တဲ့နေ့မှာပဲ၅နှစ်တာခံစားခဲ့ရတဲ့တစ်ကိုယ်လုံးကရောဂါဝေဒနာတွေယူပစ်သလိုပျောက်ကင်းသွားပါတယ်။ဒီလိုနဲ့တရားအားထုတ်လာခဲ့လိုက်တာယနေ့အချိန်မှာတော့ဆရာတော်ကြီးဟာရဟန္တာကြီးတစ်ဆူအဖြစ်တောင်သမုတ်နေကြပြီမဟုတ်ပါလား။

အနန္တရေဟာအင်မတန်အစွမ်းကြီးပါတယ်။ဘာကြောင့်လဲဆိုရင်လောကမှာဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာတို့ရဲ့ဂုဏ်ကျေးဇူးနဲ့မေတ္တာဂရုဏာတွေဟာအတိုင်းအဆမရှိမရေတွက်နိုင်လောက်အောင်ကြီးမားလှပါတယ်။အဲဒီဂုဏ်တွေကမျက်စိနဲ့မမြင်ရပေမဲ့ရေခွက်ထဲကရေထဲကိုဝင်ရောက်သွားတဲ့အခါမှာအလွန်စွမ်းတဲ့ဆေးတစ်ခွက်ဖြစ်သွားပြီးမိမိကိုကောင်းကျိုးပြုပေးပါတယ်။အဲ့လိုရွတ်ပြီးသောက်တာကြာလာလေထုံလာလေအစွမ်းကြီးလေအကျိုးပေးလေပါပဲ။မိမိကိုယ်တိုင်သာသီလလုံပါစေ၊အနန္တရေနေ့စဉ်သောက်ရင်ကျန်းမာစေရုံမကအန္တရာယ်လည်းကင်းစေပါတယ်။မိတ်ဆွေတို့တစ်သက်လုံးသောက်သွားရမယ့်၊ဆရာတော်ကြီးပေးတဲ့အနန္တရေပဲဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာယ္ခုလည်းအထက်မြန်မာပြည်တစ်နေရာမှာသီတင်းသုံးလျှက်ရှိနေပါတယ်။ညစဉ်(၇)နာရီတိတိမှာတစ်လောကလုံးကိုမေတ္တာပို့ပါတယ်။ဆရာတော်ကြီးရဲ့မေတ္တာခံယူချင်တယ်ဆိုရင်ည(၇)နာရီတိတိမှာဆရာတော်ကြီးကိုအာရုံပြုပြီး`ဆရာတော်ပို့သသောမေတ္တာကိုတပည့်တော်မှခံယူပါ၏ လို့မိမိစိတ်ထဲကနေရွတ်ပေးပါ။ပို့သတဲ့မေတ္တာကိုရပါလိမ့်မယ်။

ဆရာတော်ကြီးပေးတဲ့နည်းကအင်မတန်ရိုးရှင်းလွယ်ကူလှပါတယ်။စွဲစြွဲမဲမြဲလုပ်သွားရင်အကျိုးကျေးဇူးတွေအများကြီးခံစားရမယ်ဆိုတာကိုကိုယ့်တွေ့နဲ့မျှဝေလိုက်ခြင်းဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ကြီးကျန်းမာ၍အသက်ရာကျော်ရှည်ပါစေ။မိတ်ဆွေအပေါင်းတို့လည်းထာဝရကျန်းမာရွှင်လန်းကြပါစေ။

အားလုံးချမ်းသာ နှစ်ဖြာကိုယ်စိတ်မြဲကြပါစေ🌸

🌸မေတ္တာဖြင့် ပြန်လည်မျှဝေပါသည် 🌸

1 year ago (edited) | [YT] | 127

mylight

ပဋ္ဌာန်းဆက်
-----------
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

. သတ္တဝါတို့ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ကြရာတိုင်း၌ ဤပဋ္ဌာန်းသည် ပဓာနကျ၏ … !

. ကုသိုလ်ချင်းဆက်သွယ်၍ ကုသိုလ်ဖြစ်ရန်လည်း ဤပဋ္ဌာန်းက ကျေးဇူးပြုပေး၏ … !

. ကုသိုလ်ချင်းဆက်သွယ်၍ အကုသိုလ်ဖြစ်ရန်လည်း ဤပဋ္ဌာန်းက ကျေးဇူးပြုပေး၏ … !

. ကုသိုလ်ချင်း ဆက်သွယ်၍ ကုသိုလ် အကုသိုလ်မှ လွတ်ရန်လည်း ဤပဋ္ဌာန်းကပင် ကျေးဇူးပြုပေး၏ … !

. ထိုပဋ္ဌာန်းကြောင့်ပင် အချို့ ကုသိုလ်ချင်း ဆက်လျက် ပဋ္ဌာန်းဆက် ဖြစ်သွားကြလေပြီ … !

. အချို့ အကုသိုလ်ချင်းဆက်လျက် ပဋ္ဌာန်းဆက် ဖြစ်သွားကြလေပြီ … !

. အချို့ ကုသိုလ် အကုသိုလ်မှ အလွတ်ဆက်လျက် ပဋ္ဌာန်းဆက် ဖြစ်သွားကြလေပြီ … !

. လောကဝယ် အမိ မတော်ခဲ့ဘူးသော သူ …

. အဖ မတော်ခဲ့ဘူးသော သူ …

. မရှိဘိ သို့ …

. ❝ ပဋ္ဌာန်းဆက် ❞ မဖြစ်ခဲ့ဘူးသော သူလည်း ရှိအံ့ မထင်ပြီ … !

. သံသရာတစ်ကွေ့ တွေ့ရာရာတိုင်းတို့၌ပင် တစ်ဦးနှင့်တစ်ဦး ကုသိုလ်ဖြင့် တုံ့ခြင်း …

. အကုသိုလ်ဖြင့် တုံ့ခြင်း, အလွတ်ဖြင့် တုံ့ခြင်း များက သက်သေခံနေချေပြီ … !

. တစ်ဦးနှင့်တစ်ဦး ကိုယ် နှုတ် ကျူး၍ ကျေးဇူး မပြုဘူးဘဲ ထားဘိဦး … !

. တစ်ခါဘူးမှ မတွေ့ဘူးပါပဲလျက်က မျက်နှာမြင်ရုံမျှနှင့် မေတ္တာစိတ် သက်ဝင်နေတတ်ခြင်း …

. အသံကြားရုံမျှနှင့် ကူညီဖေးမလိုခြင်းများသည် နံဘေးကမပြောသော်လည်း …

. သွေးကပြောနေသော ❝ ချစ် ပဋ္ဌာန်းဆက် ❞ ပေါ်ခြင်းများပင်တည်း … !

. တစ်ဖန် တစ်ခါဘူးမှမတွေ့ရစဘူး တစ်ခါဘူးမှလည်း မကြားသိရစဘူးပါပဲလျက်က ပက်ပင်းကြုံလာသောအခါ …

. မျက်နှာမြင်ရုံမျှဖြင့် မုန်းတီးနေတတ်ခြင်း …

. အသံကြားရုံမျှဖြင့် မုန်းတီး နေတတ်ခြင်းများသည်လည်း နံဘေးက မတို့သော်လည်း …

. သွေးကတို့နေသော ❝ မုန်း ပဋ္ဌာန်းဆက် ❞ ပေါ်ခြင်းများပင်တည်း … !

. အလောင်းတော် လောကမှလွတ်မြောက်ကြောင်းကျင့်စဉ်ကာလ ယသော်ဓရာလောင်းလျာနှင့် ပဇာပတိလောင်းလျာ နှစ်ဦးစလုံးတို့က အလောင်းတော်အား တွေ့ရသည်နှင့် တခဏအတွင်း …

. ❝ ချစ်ခြင်းမေတ္တာ ❞ ဝင်ဆံ့လာ၏ … !

. တစ်ဖန် စိဉ္စမာနလောင်းလျာနှင့် ဒေဝဒတ်လောင်းလျာ နှစ်ဦးစလုံးတို့ကလည်း အလောင်းတော်အား တွေ့ရသည်နှင့် တစ်ပြိုင်နက် …

. ❝ မုန်းခြင်း အာဃာတ ❞ ဝင်ဆံ့ကြ၏ … !

. ထိုမြင်ကွင်းနှင့် ဖြစ်ရပ်နှစ်ခုစလုံးကပင် နောက်ကြောင်း မကင်းသော …

. ပဋ္ဌာန်းဆက် သတ္တိ၏ ကျေးဇူးပြုခြင်းများ ပင်တည်း …🙏🙏🙏
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

🌸မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🌸

1 year ago | [YT] | 517