Welcome to Burmese News (မြန်မာ News မှ ကြိုဆိုပါတယ်)

Burmese News is an independent news channel dedicated to bringing you the latest updates and important events happening across Myanmar every day.

We carefully collect information from trusted and reliable sources, then present it with our own original commentary and perspective. Our goal is not just to report news, but to help viewers understand the meaning behind the events through clear and thoughtful storytelling.

At Burmese News, we focus on accuracy, context, and balanced analysis. We aim to make complex news easier to understand while providing deeper insights into both current developments and historical background.

Our mission is to keep our audience informed, aware, and connected with what is really happening in Myanmar.


Burmese News

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မြန်မာဌာနေကိုယ်စားလှယ် တွေ့ဆုံခဲ့ကြောင်း စစ်တပ်က ဓာတ်ပုံများနှင့်အတူ ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က ယနေ့နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်တပ်က ဓာတ်ပုံများနှင့်အတူ သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် တွေ့ဆုံမှုပြုလုပ်ခဲ့သည့် နေရာ၊ ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ တွေ့ဆုံချိန် ကြာမြင့်မှုတို့ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လက်ရှိတွင် ထောင်ဒဏ်များ ချမှတ်ခံထားရသည်။

တစ်ဖက်တွင် သားဖြစ်သူ ကင်မ်အဲရစ်က ဇူလိုင် ၃၀ ရက်တွင် လူမှုကွန်ရက်မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရသည်မှာ ရက်ပေါင်း ၂,၀၀၀ ကျော်ရှိလာသော်လည်း အသက်ရှင်နေကြောင်း လွတ်လပ်စွာ အတည်ပြုနိုင်သည့် ယုံကြည်စိတ်ချရသော သက်သေအထောက်အထား မရရှိသေးကြောင်း ပြောကြားထားသည်။

၎င်းက မိခင်၏ ကျန်းမာရေး၊ လက်ရှိအခြေအနေနှင့် နေရာတို့ကိုလည်း မသိရှိရသေးကြောင်း ဆိုထားပြီး "ဒီတိတ်ဆိတ်မှုကို အဆုံးသတ်သင့်နေပြီ" ဟု တိုက်တွန်းကာ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။

8 hours ago | [YT] | 47