​Knowledge Hub

နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ ဗဟုသုတအစုံအလင်ကို ရှာဖွေနေပါသလား? ဒီ channel ဟာ သင့်အတွက်ပါပဲ။ သိပ္ပံပညာ၊ သမိုင်း၊ စီးပွားရေး၊ နည်းပညာအပါအဝင် မသိသေးတဲ့ အကြောင်းအရာတွေကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပေးသွားမှာပါ။ အပတ်စဉ် ဗီဒီယိုအသစ်တွေ တင်ဆက်ပေးမှာမို့ လက်မလွတ်ရအောင် Subscribe လုပ်ထားလိုက်ပါနော်။



​Knowledge Hub

သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့
သီလမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဘယ်လိုကွာခြားလဲဆိုရင်
လူတစ်ယောက်ဟာ သီလမရှိတော့ဘူးဆိုရင်ဘယ်အခါ စဉ်းစားစဉ်းစား ဆင်ခြင်သုံးသပ်လိုက်တိုင်း စိတ်မချမ်းသာမှုတွေနဲ့ ကြုံတယ်။

သီလရှိတဲ့ ပုဂ္ဂိုလ်ကတော့ အပြစ်ကင်းနေသည့်
အတွက်ကြောင့် ဘယ်ဘက်က လှည့်စဉ်းစားလှည့်စဉ်းစား စိတ်ထဲမှာ ကြည်နူးဝမ်းသာမှု ဖြစ်တယ်။
စိတ်ထဲမှာ နှလုံးသာယာမှု ဖြစ်တာကိုအဝိပ္ပဋိသာရလို့ ခေါ်တယ်။

အဝိပ္ပဋိသာရ စိတ်ထဲမှာ နောက်မသွားဘူး။
စိတ်နှလုံးကြည်လင်လာတယ်။
စိတ်နှလုံးကြည်လင်မှုကို အကြောင်းပြုပြီးပါမောဇ္ဇ ဆိုတဲ့ ဝမ်းမြောက်မှု ဖြစ်လာလိုရှိရင်ပီတိ ဆိုတဲ့ ကျေနပ်အားရမှု ဖြစ်လာတယ်၊ကိုယ့်သီလ ဆင်ခြင်လိုက်တာနဲ့ ပီတိဆိုတဲ့ကျေနပ်အားရမှုတွေ ဖြစ်တယ်၊

ပီတိဆိုတဲ့ ကျေနပ်အားရမှုဖြစ်တာနဲ့ ပဿဒ္ဓိလို့ခေါ်တဲ့ ကိုယ်ရောစိတ်ရော နှလုံးစိတ်ဝမ်းအေးချမ်းမှုတွေ ဖြစ်လာတယ်၊နှလုံးစိတ်ဝမ်း အေးချမ်းလာတဲ့ ပုဂ္ဂိုလ်မှာသုခဆိုတဲ့ ကိုယ်ချမ်းသာစိတ်ချမ်းသာမှုကို ရတယ်။ကိုယ်ချမ်းသာစိတ်ချမ်းသာမှုရှိတဲ့ ပုဂ္ဂိုလ်ရဲ့
စိတ်ဓာတ်က တည်ကြည်တယ်၊ သမာဓိရတယ်။

သမာဓိရှိတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ယထာဘူတဥာဏဒဿနအမှန်တကယ်သိမှုတွေ ဖြစ်ပေါ်လာတယ်၊သီလရှိခြင်းရဲ့အကျိုးကျေးဇူးတွေဟာဒီလို ဆင့်ကဲဆင့်ကဲ ဖြစ်လာတယ်။

သီလရှိတာကို အကြောင်းပြုပြီးတော့
နောက်ဆုံးမှာ အသိဥာဏ်တွေ ရှိလာသည်အထိအောင်ဖြစ်တယ်၊ သီလမရှိဘူးဆိုလို့ရှိရင် ကုသိုလ်မှန်သမျှဟာ ပြိုကျပျက်စီးသွားမယ်၊ဒါကြောင့်မို့ သီလဟာ ကုသိုလ်တရားတွေရဲ့အဓိကတည်နေမှုအတွက်အထောက်အကူဖြစ်တယ်။

ပါမောက္ခချူပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

4 hours ago | [YT] | 362

​Knowledge Hub

သူများကိုဒုက္ခပေးပြီး
ကိုယ်ချမ်းသာဖို့ ကြိုးစားရတဲ့ပုဂ္ဂိုလ်ဟာ
ဘယ်တော့မှချမ်းသာသုခမရဘူး။
" ဣဿာ မစ္ဆရိယ " ဆိုတဲ့
မနာလိုဝန်တိုတဲ့စိတ်ဟာအမှန်တကယ်
ကိုယ့်ဟာကိုယ် ဖျက်ဆီးနေတဲ့စိတ်ပါပဲ ။
ပျက်စီးချိန်တန်လာပြီ ဆိုရင်လည်း
ဘယ်လိုအဆောင်၊ ဘယ်လိုယတြာမျိုးကမှ
မစွမ်းနိုင် မကယ်နိုင်တော့ဘဲ
ကျိန်းသေ ပျက်စီးကြရတော့မှာပါပဲ ။
(ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)

7 hours ago | [YT] | 505

​Knowledge Hub

စိတ်ခွန်အား

📍လေပြင်းတိုက်လို့ အသိုက်တဝက်လောက် ပျက်စီးသွားတဲ့အခါတောင် ငှက်လေးဟာ အသိုက်ဆောက်တာကို မရပ်တန့်ဘူး။ သူ့အသိုက်ပြီးအောင် အစာရှာပြီး ဆက်လက်တည်ဆောက်နေတာပဲ။

📍 မြစ်ဟာ ကျောက်တုံးတွေနဲ့ တွေ့တဲ့အခါ စီးဆင်းတာ မရပ်ဘူး။ ကျောက်တုံးတွေကို ကွေ့ပတ်စီးဆင်းသွားတယ်။ စိတ်ဓာတ်ခိုင်မာရင် အတားအဆီးတိုင်းကို ကျော်လွှားနိုင်တယ်ဆိုတာ သက်သေပြနေတာပေါ့။

📍သစ်ပင်တစ်ပင်ဟာ အကိုင်းအခက်တွေ ကျိုးကုန်တဲ့အခါတောင် ကြီးထွားဖို့ မရပ်တန့်ဘူး။ အကိုင်းအခက်အသစ်တွေ ထပ်ထွက်လာတယ်။ ခံနိုင်ရည်ရှိခြင်းက အသစ်တဖန် ပြန်လည်ရှင်သန်စေတယ်ဆိုတာကို ပြသနေတာပေါ့။

📍နေထွက်ချိန်မှာ တိမ်တွေရှိနေလို့ နေရောင်က ထွန်းလင်းတာကို မရပ်တန့်ဘူး။ ထွန်းလင်းနိုင်မယ့် အချိန်ကောင်းကို စောင့်နေတယ်။ စိတ်ရှည်သည်းခံခြင်းက အလင်းရောင်ကို ပေါ်ထွက်စေတယ်ဆိုတာကို သတိပေးနေသလိုပဲ။

📍ပင့်ကူအိမ်ပျက်စီးသွားတဲ့အခါ ပင့်ကူလေးက မစွန့်လွှတ်ဘူး။ စိတ်ရှည်လက်ရှည် ပြန်လည်ရက်လုပ်နေတယ်။ ဇွဲရှိခြင်းရဲ့ တန်ဖိုးကို သင်ခန်းစာပေးနေတာပေါ့။

📍မျိုးစေ့လေးဟာ မြေကြီးမာနေလို့ အပင်ပေါက်ဖို့ မရပ်တန့်ဘူး။ သူ့ရဲ့ကြိုးပမ်းမှုက အသီးအပွင့်ဖြစ်လာမယ်လို့ ယုံကြည်ပြီး ဖောက်ထွက်လာတယ်။ ယုံကြည်မှုနဲ့ လုပ်ဆောင်မှုဟာ ငါတို့ကို ရှင်သန်ကြီးထွားစေသလိုပဲ။

အဆောက်အအုံတွေတောင်မှ သစ်ပင်ပန်းမန်တွေ သူ့ပတ်ဝန်းကျင်မှာ ပေါက်ရောက်လာတာကို လုံးဝ မရပ်တန့်နိုင်ဘူး။

ဘဝမှာရော သင်ကြိုးစားနေတဲ့ အရာတွေမှာပါ လက်လျှော့ချင်စရာ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အဲဒီလိုအချိန်တွေမှာ သဘာဝထဲက သတ္တဝါတွေလည်း သူတို့ရဲ့ရည်မှန်းချက်တွေမှာ နောက်ဆုတ်မှုတွေနဲ့ ကြုံတွေ့ရပေမယ့် ပန်းတိုင်ရောက်အောင် ဆက်လက်ကြိုးပမ်းနေကြတာကို စဉ်းစားကြည့်ပါ။

သဘာဝတရားကဲ့သို့ပဲ ဘယ်တော့မှ အရှုံးမပေးပါနဲ့။

A bird doesn't give up building its nest after a strong wind has blown half of it away; it continues foraging until it completes its nest.

A river doesn’t stop flowing when it encounters rocks; it carves its way around them, proving that persistence can overcome obstacles.

A tree doesn’t stop growing when its branches break; it sprouts new ones, showing that resilience leads to renewal.

A sunrise doesn’t give up shining because of clouds; it waits for the right moment to break through, reminding us that patience reveals light.

A spider doesn’t abandon its web when it’s torn; it patiently weaves again, teaching us the value of determination.

A seed doesn’t stop trying to grow because the soil is hard; it pushes through, trusting that its effort will bear fruit, just as faith and action help us thrive.

Even a building does not stop vegetation completely from growing around it.

In life and whatever you pursue, you may experience setbacks that make you want to give up. In these times, think of how the animals of nature also experience setbacks in their pursuals, but still strive on to complete their goals.

Be like nature, never give up.

English text - Just Keep Trying
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
#knowledgehub

12 hours ago (edited) | [YT] | 64

​Knowledge Hub

သဒ္ဓါလွန်သွားလို့ရှိရင် မယုံသင့်တဲ့နေရာတွေပါ ယုံကြတယ်။ မလုပ်သင့်တာတွေ လုပ်ကြတယ်။

ဥပမာမယ် . . . ဘုန်းကြီးတစ်ပါး ကြွလာလို့ ရှိရင် ခေါင်းပွတ်ပေးစမ်းပါ ကျန်းမာတယ် လို့။

ခေါင်းပွတ်တာနဲ့ ဘယ်တော့မှ မကျန်းမာဘူးနော်။ မယုံနဲ့…အဲ့ဒါ။

ခေါင်းပွတ်ရုံနဲ့ ကျန်းမာမှုဆိုတာ ဘယ်တော့မှ မမျှော်လင့်လေနဲ့။ ပွတ်ချင်တိုင်းပွတ်။

ရှိတဲ့ ဆံပင်တွေသာ ပြောင်သွားမယ် ကျန်းမာလာမှာမဟုတ်ဘူး။ စိတ်က ယုံကြည်နေတာသာ ဖြစ်တယ်။ ကျန်းမာချင်ရင် ဘာလုပ်ရမလဲ။

မတည့်တာ မစားနဲ့။ကိုယ့်ခန္ဓာကိုယ်နဲ့ သင့်တော်အောင်နေ။ရာသီဥတု မျှတအောင်နေ။

ကျန်းမာရေးလိုက်စား ။ အသက်ရှည်ကြောင်း ကုသိုလ်ကောင်းမှုတွေကိုလုပ်။ ဒါပဲ ရှိတယ်နော်။

ဘုန်းကြီးခြေထောက်နဲ့ ခေါင်းနဲ့ ပွတ်မှ ကျန်းမာမယ်လို့ ဘယ်တုန်းကမှ မြတ်စွာဘုရားက မဟောဘူး။

အဲ့ဒါတွေကို ယုံကြည်လွန်းအားကြီးလို့ရှိရင် ပညာမဲ့တဲ့ သဒ္ဓါမျိုးဖြစ်သွားတတ်တယ်။

အဲ့ဒါမျိုး မဖြစ်စေသင့်ဘူးပေါ့နော်။ မဖြစ်စေသင့်ဘူး။ မြန်မာပြည်မှာသာ မဟုတ်ဘူး။

ထိုင်းနိုင်ငံက လူတွေလည်း ဗုဒ္ဓဘာသာတွေလည်း ဒီအတိုင်းပဲ။

Blessing ဆိုတာ ကို သိပ်မျှော်လင့်ကြတယ်။
Blessing ပေးပါဆိုကာ ခေါင်းပွတ်ခိုင်းတယ်။

အဲဒီလို မျှော်လင့်ချက်နဲ့ ခေါင်းကိုပွတ်ခိုင်းတယ်။ ဓာတ်လုံးတောင်းတယ်။

လက်ဖွဲ့တောင်းတယ်။ လက်ဖွဲ့က စွမ်းလို့ရှိရင် ဒီပုဂ္ဂိုလ်က သူ့ဟာသူပဲ သုံးမှာပေါ့။ စဥ်းစားကြည့်ပေါ့နော်။

ဘယ်သူ့ ပေးမတုန်း။ ဓာတ်လုံးက စွမ်းရင်လည်း သူ့ဘာသူ သုံးမှာပေါ့။ဘယ်သူ့ပေးမှာတုန်း။

သို့သော် လောက လူတွေဟာ ယုံကြည်မှုတွေဟာ လွန်ကဲတယ်လို့ခေါ်တယ်ပေါ့နော်။

အဲ့ဒီလိုမျိုး မဖြစ်စေဘဲနဲ့ အကြောင်းစစ် အကြောင်းမှန်ကို နားလည်ဖို့ လိုအပ်တယ်။

သဒ္ဓါကို ပညာနဲ့ ထိန်းချုပ်ပေးရမယ်။ ပညာကိုလည်း သဒ္ဓါနဲ့ ထိန်းချုပ်ရမယ်။

ဆိုလိုတာက သဒ္ဓါနဲ့ ပညာ ဒီနှစ်ခုသည် ညီမျှစေရမယ်လို့ ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ပါချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
လူ့ဆန္ဒပြည့်ဝစေကြောင်း တရားတော်မှ

21 hours ago | [YT] | 230