ဂျပန်စာ ပညာဒါန Video များပုံမှန် မျှဝေသွားပါမည်။ (အရင် Hoshikawa your JP Guide Channel ဖြစ်သည်)


RiseUp Nihogo

久しぶり>⁠.⁠<
အရင်လို ပညာဒါနလေးတွေကို မျှော်နေတုန်းလား?
မိနစံတို့ဆီက အကြံဉာဏ်တောင်းချင်လို့ပါ။

အခုတလော အရမ်း အလုပ်များသွားခဲ့တာနဲ့ သင်ကြားရေးအပိုင်းကို ခနလွတ်သွားပါတယ် ။ゴメンね :⁠'⁠(

အခုရက်ပိုင်းနဲနဲ တည်ငြိမ်လာလို့ ပညာဒါန လေးတွေ ဆက်တင်ပေးမယ်လို့တွေးထားပါတယ်။
အကိုနဲ့အတူတူစာလုပ်ကြရအောင်။

ဒါနဲ့လေ ဒီ Channel ရဲ့ နံမည်ကို ပြောင်းချင်နေတာကြာပါပီ။ အကြောင်းကတော့ ဒီ channel ကို run မယ်လုပ်တိုင်း တစ်ခုမဟုတ် တစ်ခု ပေါ်ပေါ်လာနေလို့ပါ။
အစကတော့ အဲ့လိုအယုံအကြည်မရှိပေမယ့် မိနစံတို့နဲ့ အကြာကြီးအဆက်အသွယ်ပျက်နေရတော့ အဆင်မပြေတာနဲ့ပဲ နံမည်ပြောင်းကြည့်လိုက်ရတာပါ
なんか関係ないと思うんですが、念の為(⁠^⁠^⁠)

မိနစံတို့ကိုလဲမေးချင်လို့ပါ။ အခုစဉ်းစားထားတဲ့နံမည်လေးက "RiseUp Nihongo" လေးပါ။
Logo လေးကတော့ အောက်ကပုံလေးပါ။

Minasan တို့လဲနံမည်အသစ်လေးကိုကြိုက်ကြလားဟင်?
ကိုယ်စိတ်ထဲကောင်းမယ်ထင်တဲ့ နံမည်လေးတွေရှိရင်လဲ Comment မှာရေးပေးခဲ့ပါ။
အကိုလဲသဘောကျရင် ယူသုံးလိုက်မယ် ┏⁠(⁠^⁠0⁠^⁠)⁠┛

じゃ、またね。

1 month ago | [YT] | 8

RiseUp Nihogo

🌟皆さん、久しぶり┏⁠(⁠^⁠0⁠^⁠)⁠┛

အကိုအကြာကြီးပျောက်‌သွားတာမျှော်နေတဲ့ မိန‌စံတို့ရေ

အကို့ရဲ့ Facebook account နဲ့ page လေးကို follow ပေးကြပါအုံး‌။

ပညာဒါနတွေနဲ့ တခြား ဗဟုသုတတွေတင်ပေးသွားပါမယ်နော် ။

✴️Facebook account ✴️
www.facebook.com/share/1CBVshHoA1/

✴️HoshiKawa Facebook page✴️
www.facebook.com/profile.php?id=61564371931095

10 months ago | [YT] | 11

RiseUp Nihogo

Tokuteiginou Gaishoku နဲ့ ဂျပန်သို့ အလုပ်သွားလုပ်ချင်သူများ။

မိန်းကလေး (18နှစ် - 30နှစ်) အတွင်း
ယောက်ျားလေး (18 နှစ် - 22နှစ်) အတွင်း

🟥 Jlpt N3 လက်မှတ် လက်ဝယ်ပိုင်ဆိုင်ထားသူ။
🟥 Tokuteiginou Gaishoku အောင်လက်မှတ် လက်ဝယ်ပိုင်ဆိုင်ထားသူ။
🟥 Passport နဲ့ စာရွက်စာတမ်းများ လက်ဝယ်ပိုင်ဆိုင်ထားသူ။
🟥 Tattoo မရှိသူ။

လျှောက်ထားလိုပါက Telegram တွင် @bhonepyaethu7 သို့

🟥အမည်
🟥 ဖုန်းနံပါတ်
🟥 အောင်လက်မှတ် ဓာတ်ပုံများ

ပေးပို့၍ စာရင်းသွင်းထားနိုင်ပါသည်။
ဇန်နဝါရီလတွင် အင်တာဗျူး ရှိမည်။

အဆင်ပြေပါက ဖုန်းဖြင့် ပြန်လည်ဆက်သွယ်အကြောင်းကြားပြီး အင်တာ‌ဗျုးအကြောင်းရှင်းပြပါမည်ခင်ဗျာ

1 year ago | [YT] | 21

RiseUp Nihogo

皆さんတို့ရေ おやつဆိုတဲ့ ဝေါဟာရကို ကြားဖူးရဲ့လား။ N3 လောက်ဆို ဒီစကားလုံးလေးကို သိရဝောာ့မယ်နော်။ မုန့်ပဲသရေစာဆိုတဲ့ အဓိပ္ပာယ်ရတယ်။ သူ့ရဲ့ သမိုင်း‌ေ‌ကြာင်းလေးကို တစ်ချက် လေ့လာကြည့်‌ရအောင်။

おやつဆိုတဲ့ဝေါဟာရက やつどきဆိုတဲ့ ဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပြီးဝောာ့ ရေှး‌ေခတ်တုန်းက မွန်းလွဲပိုင်း 2နာရီကနေ 4နာရီ အထိအချိန်ကို やつどきလို့ ခေါ်ခဲ့ကြပါတယ်။ အဲ့ဒီ အချိန်မှာ စားကြတဲ့ အစာပြေအစားအစာလေးကို おやつလို့ခေါ်ခဲ့ကြတာဖြစ်ပါတယ်။

‌ဒါဖြင့် ဘာလို့ やつどきလို့ခေါ်ခဲ့ကြတာလဲရော သိပါသလား။ 江戸(edo) ခေတ်(မြန်မာမှာ တောင်ငူ ခေတ်) တုန်းက လူတွေဟာ အချိန်ကို သိရဖို့အတွက် 2နာရီခြားတစ်ခါ ခေါင်းလောင်းကြီးတီးပြီးတော့ အသိပေးခဲ့ကြတာပါ။ မွန်းလွဲ‌ပိုင်း 2နာရီမှာဝောာ့ ခေါင်းလောင်းကြီးက 8ချက် မြည်တာဖြစ်တဲ့အတွက် 八つ刻(やつどき)လို့ခေါ်ကြပြီး တစ်ဖြည်းဖြည်း おやつဆိုပြီး ဖြစ်လာပါတယ်။

အဲဒိုခေတ် တုန်းက ဂျပန်လူမျိုးတွေရဲ့ စားသောက်မှုက မနက်တစ်ကြိမ် ညတစ်ကြိမ် တစ်နေ့ ထမင်း 2ကြိမ်သာ ဖြစ်ပါတယ်။ (အရင်ခေတ်ဂျပန်က အရမ်းဆင်းရဲပါတယ်) အဲ့တာကြောင့် အလုပ်လုပ်‌နေတုန်း ‌နေ့တစ်ဝက် မှာတင် ဗိုက်ဆာလာတာမျိုးတွေဖြစ်ကုန်တာပေါ့။ အဲ့ဒီအချိန်မှာစားတ‌ဲ့ ပေါ့ပေါ့ပါးပါးအဆာပြေ စားတာကို 中食(ちゅうじき)တစ်နည်းအားဖြင့် 間食(かんじき)、小昼(こびる)စသဖြင့် ခေါ်ခဲ့ရကနေ やつどきလို့ ခေါ်လာကြပြီး နောက်ဆုံး おやつဖြစ်လာတာပါတဲ့။

ဒါကတော့လおやつဆိုတဲ့ ဝေါဟာရလေးရဲ့ သမိုင်းကြောင်းလေးပါ။

- Hoshigawa

1 year ago | [YT] | 15

RiseUp Nihogo

皆さんတို့ ဂျပန်စကားပုံလေး လေ့လာကြရအောင်။
စကားပုံကိုဂျပန်လို ことわざ လို့ခေါ်တယ်နော်။ ပုံမှာပြထားတဲ့ စာလေးကတော့
"塵も積もれば山になる”

(これを覚えよう◖⁠⚆⁠ᴥ⁠⚆⁠◗
‌塵(ちり)− ဖုန်မှုန့်
‌積む(つむ)− စုပုံသည်)

သူ့ရဲ့ 意味ကတော့ "ဖုန်မှုန့်လေးတွေတောင် စုပုံလိုက်ရင် တောင်ကြီး‌တစ်တောင်ဖြစ်လာတယ်" ဆိုပြီးဖြစ်ပါတယ်။

Minasan တို့လဲ ဘယ်လောက်ပဲဉာဏ်မကောင်းလို့ စာမကျက်နိုင်ဘူးပဲ‌ေြပာပြော အပေါ်ကလို ဖုန်မှုန့်လေးတွေတောင်စုလိုက်ရင် တောင်ကြီးဖြစ်လာတာပဲ။ တစ်နေ့တာကို ကိုယ်ကျက်နိုင်သလောက်ကျက် မယ်။ မနက်ဖြန်တိုင်းကို ကျက်လိုက်တဲ့စာတွေပြန်နွေးမယ်။ အသစ်ကျက်တာကိုလဲ အများကြီးမက်က်ဘဲ ကိုယ်ကျက်နိုင်သလောက်လေး နည်းနည်းချင်းစီ progressing လုပ်သွားမယ်ဆိုရင် ဉာဏ်အရမ်းကောင်းလွန်းပါတယ် ဆိုပြီး စာမေးပွဲနီးမှ စာထကျက်တဲ့ ကောင်တွေထက် ကိုယ်ကသာကိုသာပါလိမ့်မယ်။

"ဖြေးဖြေးနှင်သောသူသည် ခရီးဝေးပိုရောက်၏" ဆိုတဲ့ တရုတ်စကားပုံလေးလဲရှိတာပဲ။ ကိုယ်ကျက်နိုင်သလောက်ပဲနေ့တိုင်းကျက်လိုက် နွေးလိုက်လုပ်တာက ဒီနေ့ မိုတီ‌ေတွအပြည့်ရပြီး စာတွေ နှစ်ခန်းသုံးခန်းကျက်ပြီး နောက်နေ့မကျက်လိုက်တာထက် စာရင် ပိုကောင်းတယ်မဟုတ်လား။ ဒါဆို စာမေးပွဲနီးလဲ စိတ်ပူစရာမလိုတော့ဘူးလေ။

December Jlpt အတွက် ဒီ စကားပုံလေးနဲ့ မိုတီယူရင်း စာလုပ်ရကြမယ်နော် (⁠ ⁠ꈍ⁠ᴗ⁠ꈍ⁠)

- HoshiGawa

1 year ago | [YT] | 17

RiseUp Nihogo

「かしこまりました」နဲ့「承知しました」ဘာကွာလဲ ???

「かしこまりました」နဲ့「承知しました」နှစ်ခုစလုံးက တစ်ဖက်သူရဲ့ လိုအပ်ချက်တွေ တောင်းဆိုမှုတွေကို လက်ခံပြောဆိုတဲ့ အခါပြောရတဲ့ ယဉ်ကျေးတဲ့ အသုံးနှုန်းလေးပါပဲ။ ဒါပေမဲ့ အဲ့နှစ်ခုရဲ့ သုံးပုံသုံးနည်းနဲ့ သုံးရမဲ့အချိန်က နဲနဲ ကွာခြားမှုရှိပါတယ်။

「かしこまりました」の意味

「かしこまりました」ကတော့ တဖက်လူရဲ့ တောင်းဆိုမှုတွေ၊ အမိန့်ပေးမှုတွေကို သေသေချာချာ နားလည်သဘောပေါက်ပြီး လက်ခံလိုက်ပါတယ်ဆိုတဲ့ စိတ်သဘောထားကို ဖော်ပြတဲ့ ယဉ်ကျေးတဲ့ အသုံးနှုန်းဖြစ်ပါတယ်။ များသောအားဖြင့် ဧည့်သည်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုတာများပါတယ်။
例:「お会計はお任せください。かしこまりました。」

「承知しました」の意味

「承知しました」ကတော့ တဖက်လူရဲ့ ရည်ရွယ်ချက်တွေ ညွှန်ကြားချက်တွေကို နားလည်သဘောပေါက်ပြီး လက်တွေ့ပြုလုပ်မယ်ဆိုတဲ့ စိတ်ခံစားချက်ကိုဖော်ပြတဲ့ ဝေါဟာရတစ်ခုဖြစ်ပါတယ်။ Business လုပ်ငန်းခွင်တွေမှာ အသုံးပြုတာများပြီးတော့   ပိုပြီးတော့ formal ကျတဲ့ ဖော်ပြမှုလဲဖြစ်ပါတယ်။
例:「次回のミーティングは午後2時からです。承知しました。」

HoshiGawa Your JP Guide telegram channel လေးကိုလဲ join ပေးကြပါအုံးနော် ƪ⁠(⁠˘⁠⌣⁠˘⁠)⁠ʃ

t.me/hoshigawa1

1 year ago | [YT] | 4

RiseUp Nihogo

Minasan တို့ N3 ရောက်ရင် vocabulary တွေကိုအများကြီး မှတ်ရပါမယ်။ N 4မှာတုန်းကတော့ みんなの日本語အနောက်က vocab တွေပဲ ကျက်ခဲ့ပေမဲ့ N 3ကတော့ ဒီလိုမတူတဲ့အပြင် vocab ကျက်ရင် kanji ပါ တစ်ခါတည်း မှတ်ရမှာပါ။ ဘာလို့လဲဆို reading မှာ ふりがなမတင်ပေးထားလို့ပါ။

ဆိုတော့ N 3 vocab ကို minasanတို့‌ေတွ အများစုကတော့ soumatome ကိုင်တာများပါတယ်။
Soumatome ကမကောင်းဘူးလား‌ဆိုတော့ ရှင်းရှင်းပြောရရင် အဲ့တစ်အုပ်ထဲနဲ့ တော့ စာမေးပွဲသွားဖြေရင် ကံကို တအားယုံစားသလိုဖြစ်နေပါလိမ့်မယ်။ အခန့်မသင့် ကျဖို့ပါ ရာခိုင်နှုန်းများပါတယ်။

အဲ့တာကြောင့် N3 vocab ကို soumatome အပြင် Tango 2000 or Mimikara ကိုင်သင့်ပါတယ်။

Mimikaraကတော့ တခြားတွဲလုံးတွေနဲ့ဆို ကျက်ရတာ ထောက်နေပါတယ်။
အဲ့တာကြောင့် Tango 2000 လေးကို တင်ပေးလိုက်တာပါ။

Tango 2000 က စုစုပေါင်း Chapter 12ခုလောက်ပါပြီးတော့ chapter 1ခုမှာ Unit 5ခုလောက် ပါပါမယ်။

ဒါဆို minasanတို့က တစ်နေ့ကို ယူနစ် 1ခုကျက်ပြီး နေ့တိုင်း ကျက်ပြီးသား ‌vocab အခန်း‌ေတွ ပုံမှန် ပြန်ဖတ်နေရင်ပဲ စာမေးပွဲမှာတော်တော်အသက်ရှုချောင်နေပါပီ။

1 year ago (edited) | [YT] | 8

RiseUp Nihogo

皆さん、よくできましたか?〜⁠(⁠꒪⁠꒳⁠꒪⁠)⁠〜〜⁠(⁠꒪⁠꒳⁠꒪⁠)⁠〜

1 year ago | [YT] | 3

RiseUp Nihogo

Minasan တို့ထဲမှာ N 3 လေ့လာနေတဲ့သူတေ‌ွပါလား??

သတင်းကောင်းတစ်ခုက N 3 Shinkanzen ကို ဘာသာပြန် Note file တစ်ခု ‌ရေးနေပါတယ်။ အကုန်ရေးလို့ပြီးရင် free တင်ပေးပါမယ်။ file ရော ပညာဒါန video ရောပါ။

အခုက အလုပ်လဲရ‌‌ှုပ်နေတဲ့အချိန်မို့လို့ ဒီလကုန်ရင်တော့ နဲနဲပြန်အားသွားတဲ့ အခါ N 3 စီးရီးတစ်ခုစာ Jlpt ဝင်ဖြေလို့ရလောက်တ‌ဲ့ အနေထားအထိ ပညာဒါန တင်ပေးပါမယ်။

ဘယ် N 3 စာအုပ်ကိုပညာဒါန လုပ်ပေးရမလဲ comment မှာရေးပေးသွားပါအုံးနော်။

Watashi ကတော့ ဒီစာအုပ်လေးတွေ တင်ပေးမယ်လို့တွေးထားပါတယ်။

Goi - Tango 2000
Grammar - Shinkanzen
Kanji - soumatome
Reading - Shinkanzen

1 year ago | [YT] | 26