အားကစားရဲ့အထွေအထွေအကြောင်းအရာများကိုလေ့လာတင်ဆက်ပါမည်။
TLP THAR
" ဒိန်းမတ်လိဂ် " မှာ ခြေစွမ်းပြကစားနေတဲ့ မြန်မာနွယ်ဖွား ၊ ချင်းတိုင်းရင်းသားလေး တစ်ဦးဖြစ်တဲ့ " ဖန်ဇမန် " ဥရောပနိုင်တစ်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံရဲ့ ဒိန်းမတ်လိဂ် မှာ ခြေစွမ်းပြကစားနေတဲ့ မြန်မာနွယ်ဖွား လူငယ်တိုက်စစ်ကစားသမားလေးတစ်ဦးရှိပါတယ်။သူ့နာမည်ကတော့ " ဖန်ဇမန် " ပါ။အသက်က ၁၉နှစ် သာရှိသေးပြီးတော့ အရပ်က ၆ပေ အထိ ကိုရှိပါတယ်။" ဖန်ဇမန် " ဟာ မြန်မာနိုင်ငံ ၊ ချင်းတိုင်းရင်းသားလေး တစ်ဦး ဖြစ်ပါတယ်။လက်ရှိမှာတော့ ဒိန်းမတ် လိဂ်၃ ကလပ် If Lyseng အသင်းကို စက်တက်ဘာ ၂၂ ၊ ၂၀၂၄ မှာ အလွှတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိ ကစားနေပါတယ်။ပြီးတော့ အသင်းကိုရောက်ရှိတာနဲ့ နောက်နေ့မှာ အသင်းနဲ့အတူ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၁ဂိုးသွင်းယူထားပါတယ်။လက်ရှိမှာ" ဒိန်းမတ်နိုင်ငံသား " ခံယူထားပြီးတော့ ဒိန်းမတ် ယူ၁၆ နှင့် ယူ၁၇ အသင်းမှာ ၄ပွဲကစားခဲ့ဖူပါတယ်။၂၀၂၀ တုန်းကလဲ ကစားသမားကို Adidas က ၄ နှစ်သက်တမ်းရှိတဲ့ စာချုပ်နဲ့ စပွန်ဆာပေးခဲ့ဖူးပြီးအဲ့ဒီအချိန်က သူ့ အသက် ၁၅ နှစ်ပဲ ရှိသေးတာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုးနာမည်ကြီးအားကစားကုမ္ပဏီကြီးနဲ့ စာချုပ် ချုပ်ခွင့် ရဖို့ဆိုတာ မလွယ်ပါဘူး။ ပြီးတော့ Esbjerg fB မှာ ကစားနေတုန်းကလဲ အသင်းရဲ့ လက်ထောက်နည်းပြဟာ ရီးရဲမက်ဒရစ် နဲ့ စပါးကွင်းလယ်လူဟောင်း ရာဖေးလ် ဗန်ဒါဗတ် ဖြစ်ပြီးတော့ နာမည်ကျော် ကစားသမားတစ်ယောက် ရဲ့ လက်အောက်ကထွက်လာတဲ့ ကစားသမားတစ်ေယာက်ဖြစ်ပါတယ်။" ဖန်ဇမန် " ဟာ လက်ရှိမှာ ဒိန်းမတ် နှင့် မြန်မာ နှစ်နိုင်ငံ ကိုယ်စားပြု ကစားခွင့်ရှိနေပြီးတော့တစ်နေ့နေ့တစ်ချိန်ချိန်မှာ မြန်မာအသင်းအတွက်ကိုယ်စားပြုကစား မလားဆိုတာကိုေတာ့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။#tlpthar
1 year ago | [YT] | 2
View 0 replies
အာရှ အဆင့်မြင့်လိဂ်တစ်ခုဖြစ်တဲ့ ဂျေလိဂ်ရဲ့" ကာဝါဆာကီအသင်း " မှာကစားနေတဲ့ မြန်မာနွယ်ဖွား တိုက်စစ် ကစားသမားတစ်ဦးဖြစ်တဲ့ " တန်မီရာဂီ " ဂျေလိဂ် ကတော့ အာရှရဲ့ အဆင့်မြင့်ဆုံးလိဂ်ကြီးထဲက တစ်ခုဖြစ်သလို ၊ မြန်မာကစားသမားတွေ သာမက အရှေ့တောင်အာရှ ကစားသမားအများစုသွားရောက်ကစားချင်နေကြတဲ့ လိဂ်ကြီး တစ်ခုလဲဖြစ်ပါတယ်။ယခုအခါမှာတော့ ဂျေလိဂ် ရဲ့ "ကာဝါဆာကီအသင်း" မှာ မြန်မာေသွားေနှာ ကစားသမားတစ်ဦးဖြစ်တဲ့ " တန်မီရာဂီ " ကတော့ အသင်းနဲ့အတူ ခြေစွမ်းပြကစားနေပါတယ်။" တန်မီရာဂီ " ကိုတော့ " မြန်မာလူမျိုးဖခင် " နှင့် " ဂျပန်လူမျိုး မိခင် " တို့မှ ဂျပန်နိုင်ငံ ၊ ကာဝါဆာကီမြို့မှာ မွေးဖွားခဲ့ပါတယ်။ဂျပန် ယူ၁၆ ၊ ယူ၁၇ အသင်းတွေမှာ ကစားဖူးသလို ၊ " ကာဝါဆာကီ အသင်း " ရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးလဲဖြစ်ပါတယ်။" တန်မီရာဂီ " ဟာ အသက်၂၃ အရွယ်ရှိပြီးတော့ တောင်ပံကစားသမားတစ်ဦးလဲဖြစ်ပါတယ်။ကာဝါဆာကီအသင်း နဲ့အတူ စုစုပေါင်းပြိုင်ပွဲစုံ ၅၃ပွဲကစားထားပြီး ၅ဂိုးသွင်းယူ ၄ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်သလို ၊ဂျေ ၂ နှင့် ဂျေ၃ လိဂ်တွေမှာလဲ အငှားစာချုပ်နဲ့ သွားရောက်ကစားဖူးထားတာကြောင့် ဂျပန်ဘောလုံးလောကမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦးလို့ဆိုရမှာဖြစ်ပါတယ်။ဖီဖာစည်းမျဉ်းစည်းကမ်းတွေအရ လက်ရွေးစင်အသင်းကြီးနဲ့ ကစားဖူးထားခြင်းမရှိလို့မြန်မာသွေးနှောကစားသမားတစ်ဦးဖြစ်တဲ့ " တန်မီရာဂီ " ဟာ မြန်မာလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားခွင့်ရှိပါတယ်။တန်မီရာဂီသာ မြန်မာ့လက်ရွေးစင်အသင်းအတွက်ကိုယ်စားပြုကစားခဲ့မယ်ဆိုလျှင် အသင်းအတွက်အကျိုးဖြစ်ထွန်းတဲ့ ကစားသမားဖြစ်မှာတော့ အသေအချာပါပဲ့။#tlpthar
ဂျပန် ဂျေလိဂ်ရဲ့ ထိပ်သီးကလပ်အသင်း တစ်ခုဖြစ်တဲ့ Fc Machida Zelvia အသင်းမှ ရခိုင်လူမျိုး ၊မြန်မာဂိုးသမား " Mara Kaung Zan (ကောင်းဇံမြ) " ကို တရားဝင်ေရွးချယ်ခေါ်ယူ။ ဂျပန် ဂျေလိဂ်ရဲ့ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ " Fc Machida Zelvia " အသင်းကတော့ ရခိုင်လူမျိုး မြန်မာ ဂိုးသမားလေး တစ်ဦးဖြစ်တဲ့ " ကောင်းဇံ " ကို နိုဝင်ဘာ ၁၄ရက်နေ့က ၂၀၂၅ ရာသီအတွက် ခေါ်ယူလိုက်တယ်ဆိုပြီး တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။" ကောင်းဇံ " ဟာ တိုကျိုမြို့မှာ မြန်မာမိဘ နှစ်ပါးမှမွေးဖွားလာသူဖြစ်ပြီးတော့ အသက်က ၂၂ ၊ အရပ်က ၆ပေ ၂လက်မအထိကိုရှိပါတယ်။ပြီးတော့ " ကောင်းဇံ " ရဲ့အဖေ " ဦးမြတ်သူ " ဟာလဲ မြန်မာ့လက်ရွေးစင် ဘော်လီဘော ကစားသမားေဟာင်း တစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။" ကောင်းဇံ " ဟာ " ဆန်နို တက္ကသိုလ် " အသင်း၊ Tokyo Very Youth အသင်းေတွနဲ့အတူ လက်စွမ်းပြကစားခဲ့ပြီး အလားအလာကောင်းတွေအများကြီးရှိတာကြောင့်ဂျပန်ထိပ်သီးကလပ် " Fc Machida Zelvia " အသင်းမှ တရားဝင်စာချုပ် ချုပ်ဆိုပြီး ခေါ်ယူလိုက်တာဖြစ်ပါတယ်။ပြီးတော့ " ကောင်းဇံ " ကို ခေါ်ယူလိုက်တဲ့ " Fc Machida Zelvia " အသင်းဟာလဲ ပြီးခဲ့တဲ့ရာသီ ဂျပန် ဂျေလိဂ်မှာ မှာ ချန်ပီယံဆုသိမ်းပိုက်သွားတဲ့ " ဗက်ဆယ်ကိုဘေအသင်း " နဲ့ ရမှတ်၅မှတ်သာ ကွာဟပြီး အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့တဲ့အသင်းကောင်းတစ်သင်းလဲဖြစ်ပါတယ်။ပြီးတော့ " ကောင်းဇံ " ဟာ နိုင်ငံခြားမျိုးနွယ်ကလေးအားကျရတဲ့ ဂျပန်လက်ရွေးစင် ဂိုးသမားဖြစ်အောင်ကြိုးစားမယ်လို့ ပြောဆိုထားတဲ့အတွက်မြန်မာလက်ရွေးစင်အသင်းမှာ မြင်တွေ့ရဖို့အတွက် သိပ်ပြီး မျှော်လင့်လို့မရပါဘူး ။ဒါပေမယ့်လဲ ရခိုင်လူမျိုး ၊ မြန်မာနိုင်ငံမှ ရရှိလာတဲ့ အရင်းအမြစ် ကောင်းလေးဖြစ်တာကြောင့် စောင့်ကြည့်အားပေးဝန်းရံ ပေးရမှာဖြစ်ပါတယ်။#tlpthar
အနိုင်ရဖို့အခွင့်အရေးကောင်းတွေအများကြီးရှိတဲ့ " " ထွန်းမင်းအောင် " ရဲ့ တွဲဆိုင်း ။ ပရိတ်သတ်တွေ စောင့်မျှော်နေကြတဲ့" ထွန်းမင်းအောင် " ရဲ့ တွဲဆိုင်းကတော့ ယနေ့ညမှာပဲ့ " One Championships " စာမျက်နှာပေါ်ကနေ တရားဝင်ဖော်ပြလိုက်ပါပြီ။" ထွန်းမင်းအောင် " အတွက် ပွဲချောင်တယ်လို့ပြောရပါမယ်။" ထွန်းမင်းအောင် " ရဲ့ပြိုင်ဘက်ကတော့ မော်ရိုကိုနိုင်ငံသား " Abdelali Sehidi " ပဲ့ဖြစ်ပါတယ်။အသက်က ၂၄နှစ် ၊ အရပ်က ၆ပေ ၁လက်မရှိပြီးတော့ " ထွန်းအောင် " ထက်တောင်မှ ၂လက်မ ပိုမြင့်ပါတယ်။မွေ့ထိုင်း " Lwc Super Champ " မှာ ၃၃ပွဲအထိထိုးထားပြီးတော့ ၂၉ပွဲနိုင်ပြီး ၊ ၄ပွဲရှုံးထားပါတယ်။ONE မှာ ကေတာ့ " ထွန်းမင်းအောင် " က သူ့အတွက်ပထမဦးဆုံးထိုးရမယ့် ပွဲဦးထွက်ဖိုက်တာပါ။" Abdelali Sehidi " က " ထွန်းမင်းအောင်ထက်" အရပ်၂လက်မမြင့်တယ် ၊ မွေ့ထိုင်း ၃၃ပွဲမှာ ၂၉ပွဲ အထိ နိုင်ထားတယ်ဆိုပေမယ့် ထင်သလောက် အကောင်းကြီးထဲမှာ မပါဘူး။ပြီးတော့ ခြေကန်ချက်နဲ့ လက်သီးတွဲလုံး တခါတည်း ပေါင်းပြီးကစားေလ့ရှိတယ်။ Low Kick တွေပဲ့အဓိကထုတ်သံုးပြီး ကစားတာများတယ်။ဒါပေမယ့် သူရဲ့ Punch Kick တွေ ၊ Low Kick တွေက ထင်သလောက် အားပြင်းတဲ့အထဲမပါဘူး။ ဒါပေမယ့် ထွန်းမင်းအောင် အထင်သေးပေါ့ဆပြီးထို့လို့မရပါဘူး ။ အတတ်နိုင်ဆုံး အာရုံစိုက်ပြီးထို့ဖို့အကြံပြုချင်ပါတယ်။ပြီးတော့ ဒီပွဲက " ထွန်းမင်းအောင် " သာ မပေါမဆဘဲနဲ့ သေချာအာရုံစိုက်ပြီးထိုးမယ်ဆိုရင်အလှဲထိုးနဲ့ ဘတ် ၃သိန်းခွဲ ရဖို့အခြေအနေကောင်းတွေအများကြီးရှိပါတယ်။" ထွန်းမင်အောင် " တစ်ယောက် ရှုံးပွဲဆက်နေတဲ့ မြန်မာဖိုက်တွေရဲ့ ရလဒ်ဆိုးတွေကို ရပ်တန့်ပေးနိုင်ဖို့မျှော်လင့်ပါတယ် #tlpthar
1 year ago | [YT] | 4
' မြန်မာဖိုက်တာ ' တွေ အများကြီး ' One championship' မှာထိုးခွင့်ရလာခြင်းအပေါ် ရှင်းပြလာခဲ့တဲ့ ' ချက်ထရီ ' ။#tlpthar
မြန်မာသံမဏိ စိုးလင်းဦး ကိုအားပေးစကားပြောဆိုလိုက်တဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း ။#tlpthar
စိတ်မကောင်းဘူး ညီလေးရာ နောက်ပွဲမှာအကောင်းဆုံးပြန်လာနိုင်ပါေစကွာ...😌
1 year ago | [YT] | 7
ထိုင်း၊အယ်ဂျေးရီးယား ဖိုက်တာ နာဘီးလ် ကိုအမှတ်ဖြင့် ရှုံးနိမ့်သွားခဲ့တဲ့ စိုးလင်းဦး ။ စိုးကြီး ကတော့ သူ့ထက် အရပ် ၉လက်မ မြင့်တဲ့ နာဘီးလ် ကို ထိရောက်အောင်ထိုးဖို့အတွက် ဘယ်လိုမှ အဖြေရှာလို့မတွေ့ဘဲ နာဘီးလ် ကောင်းမွန်တဲ့ နည်းစနစ် နဲ့ ချည်းကပ်မှုတွေနဲ့အတူ အမှတ်နဲ့ အရှုံးပေးလိုက်ရပါတယ်။ ပထမအချီမှာ 'စိုးကြီး' က ပူးကပ်ထိုးဖို့ကြိုးစားခဲ့ပေမယ် အရမ်းအမောင်း အားသာချက်ရှိတဲ့ :နာဘီးလ်' က ဘယ်လိုမှပူးကပ်လို့မရအောင် ထိန်းချုပ်ထားနိုင်ပြီး သူ့ရဲ့ 'ဒူးတိုက်ချက်တွေ' နဲ့ အမှတ်ရအောင်ကြိုးစားနိုင်ခဲ့ပါတယ်ဒုတိယအချီမှာလဲ 'နာဘီးလ်' ရဲ့ ဒူးတိုက်ချက်တွေက'စိုးကြီး' ကိုတောက်လျှောင်ထိခဲ့ပါတယ်။တတိယအချီမှာတော့ 'စိုးကြီး' က 'နာဘီးလ်' နားဘယ်လိုမှ ကပ်လို့မရဘဲ အရပ်အမောင်း အားသာချက်ရှိတဲ့ 'နာဘီးလ်' ကပဲ့ ဒိုင်အဆုံးအဖြတ်နဲ့ ပြတ်ပြုတ်သားသားအနိုင်ရရှိခဲ့ပါတယ်။အားပြင်းတဲ့ လက်သီးက အားသာချက်ဖြစ်ပေမယ့် ခြေကန်ချက်မရှိတော့ ယခုလိုအရပ်ရှည်တဲ့ သူနဲ့တွေ့တဲ့အခါ စိုးကြီး ရဲ့ အားနည်းချက်တစ်ခုဖြစ်သွားရတာပေါ့။#tlpthar
1 year ago | [YT] | 0
အရေးနိမ့်ခဲ့ပေမယ့် ကမ္ဘာကျော်ဝါရင့် ဂျပန် ဖိုက်တာ တာကေးရုကို ပထမပချီမှာ Knockdown ကျအောင် ထိုးနိုင်ခဲ့တဲ့ သန့်ဇင်။ ဘာပဲ့ဖြစ်ဖြစ် သန့်ဇင် ဒီပွဲမှာအရမ်းကောင်းတယ် ဗျာ။ကိုယ့်ထက် Level အများကြီးကွာတဲ့ ဖိုက်တာတစ်ယောက်ကို ပြင်ဆင်ချိန် ရက်အနည်းငယ်သာရပေမယ့် ပထမအချီမှာ ဂျပန်ဖိုက်တာ တာကေးရု ကို Knockdown ကျအောင်ထိုးနိုင်တဲ့ အရည်အချင်းက တော်ရုံ Levelတစ်ခုမဟုတ်ဘူးဆူဖာလတ် တောင်မှ တာကေးရုကို Knockdown ကျအောင်မထိုးနိုင်ခဲ့ဘူးပထမအချီမှာ သန့်ဇင် က နည်းစနစ်မှန်မှန်နဲ့ အကွာအဝေးတခုထိန်းဆော့ထားနိုင်ခဲ့သလို Knockdown ပါကျအောင်ထိုးနိုင်ခဲ့တယ် ဒါမယ့် ဒုတိယအချီ မှာ သန့်ဇင် က ဂျပန်ဖိုက်တာကို ပူးကပ်ထိုးလိုက်တဲ့အနေအထားမှာ အခွင့်အရေးတွေအများကြီးပေးလိုက်ရသလိုဖြစ်သွားပြီးတော့တကေးရု အကြိုက်ထိုးခွင့်ပေးလိုက်ရသလိုဖြစ်သွားခဲ့တယ်။နောက်ဆုံးခွဲထားတဲ့ ဒဏ်ရာနေရာကိုထိပြီး ဆက်မထိန်းနိုင်တော့ဘဲ ဂျပန်ဖိုက်တာကို အလှဲထိုးနဲ့အရှုံးပေးလိုက်ရပါတယ်။ဒါမယ့် သန့်ဇင် အရမ်းကောင်းတယ် ။ စိတ်ဓာတ်မကျနဲ့ ။ဒီပွဲက 'သန့်ဇင်' ဟာ လူစားထိုးပေးတဲ့သဘောပဲ့ရှိပါတယ်။ အရှုံးမရှိဘူး။သန့်ဇင် ရဲ့ထိုးကွက်ကို ကမ္ဘာက သတိထားမိသွားပြီ။ အခွင့်ရေး ကောင်း တွေ အများကြီးရှိသေးတယ်နောက်ပွဲကို ဒီထက်ပိုသန်မာအောင်ကြိုးစားပြလိုက်စမ်းပါ 'သန့်ဇင်' ရေ။#tlpthar
1 year ago | [YT] | 3
'လောင်းကြေးထပ်' အဖွဲ့အစည်းတွေကခန့်မှန်းထားတဲ့ 'သန့်ဇင်' နှင့် 'တာကေးရု' တို့ပွဲ ရာခိုင်နှုန်း။ လောင်းကြေးထပ်အဖွဲ့အစည်းတွေကတော့ သန့်ဇင် နှင့် တာကေးရု တို့ပွဲကို ရာခိုင်နှုန်းကွာဟချက်အများကြီး သတ်မှတ်ထားတာမျိူမရှိဘဲသန့်ဇင် ကို နိုင်ချေ ၄၅% ခန့်မှန်းထားပြီးတော့ ၊တာကေးရု ကိုတော့ ၅၅% လောက်သာခန့်မှန်းထားကြပါတယ်။အဓိပ္ပာယ်က သန့်ဇင် ကို လျှော့တွက်လို့ မရဘဲ ဘယ်သူမဆို နိုင်သွားနိုင်တယ်ဆိုတဲ့ သဘောနဲ့ ခန့်မှန်းထားတာတွေ့ရှိရပါတယ်။#tlpthar
Load more
TLP THAR
" ဒိန်းမတ်လိဂ် " မှာ ခြေစွမ်းပြကစားနေတဲ့ မြန်မာနွယ်ဖွား ၊ ချင်းတိုင်းရင်းသားလေး တစ်ဦးဖြစ်တဲ့ " ဖန်ဇမန် "
ဥရောပနိုင်တစ်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံရဲ့
ဒိန်းမတ်လိဂ် မှာ ခြေစွမ်းပြကစားနေတဲ့
မြန်မာနွယ်ဖွား လူငယ်တိုက်စစ်ကစားသမားလေးတစ်ဦးရှိပါတယ်။
သူ့နာမည်ကတော့ " ဖန်ဇမန် " ပါ။
အသက်က ၁၉နှစ် သာရှိသေးပြီးတော့ အရပ်က ၆ပေ အထိ ကိုရှိပါတယ်။
" ဖန်ဇမန် " ဟာ မြန်မာနိုင်ငံ ၊ ချင်းတိုင်းရင်းသားလေး တစ်ဦး ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒိန်းမတ် လိဂ်၃ ကလပ် If Lyseng အသင်းကို စက်တက်ဘာ ၂၂ ၊ ၂၀၂၄ မှာ အလွှတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိ ကစားနေပါတယ်။
ပြီးတော့ အသင်းကိုရောက်ရှိတာနဲ့ နောက်နေ့မှာ အသင်းနဲ့အတူ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၁ဂိုးသွင်းယူထားပါတယ်။
လက်ရှိမှာ" ဒိန်းမတ်နိုင်ငံသား " ခံယူထားပြီးတော့
ဒိန်းမတ် ယူ၁၆ နှင့် ယူ၁၇ အသင်းမှာ ၄ပွဲကစားခဲ့ဖူပါတယ်။
၂၀၂၀ တုန်းကလဲ ကစားသမားကို Adidas က
၄ နှစ်သက်တမ်းရှိတဲ့ စာချုပ်နဲ့ စပွန်ဆာပေးခဲ့ဖူးပြီး
အဲ့ဒီအချိန်က သူ့ အသက် ၁၅ နှစ်ပဲ ရှိသေးတာပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုးနာမည်ကြီးအားကစားကုမ္ပဏီကြီးနဲ့ စာချုပ် ချုပ်ခွင့် ရဖို့ဆိုတာ မလွယ်ပါဘူး။
ပြီးတော့ Esbjerg fB မှာ ကစားနေတုန်းကလဲ အသင်းရဲ့ လက်ထောက်နည်းပြဟာ
ရီးရဲမက်ဒရစ် နဲ့ စပါးကွင်းလယ်လူဟောင်း
ရာဖေးလ် ဗန်ဒါဗတ် ဖြစ်ပြီးတော့
နာမည်ကျော် ကစားသမားတစ်ယောက် ရဲ့ လက်အောက်ကထွက်လာတဲ့ ကစားသမား
တစ်ေယာက်ဖြစ်ပါတယ်။
" ဖန်ဇမန် " ဟာ လက်ရှိမှာ ဒိန်းမတ် နှင့် မြန်မာ
နှစ်နိုင်ငံ ကိုယ်စားပြု ကစားခွင့်ရှိနေပြီးတော့
တစ်နေ့နေ့တစ်ချိန်ချိန်မှာ မြန်မာအသင်းအတွက်ကိုယ်စားပြုကစား မလားဆိုတာကိုေတာ့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
#tlpthar
1 year ago | [YT] | 2
View 0 replies
TLP THAR
အာရှ အဆင့်မြင့်လိဂ်တစ်ခုဖြစ်တဲ့ ဂျေလိဂ်ရဲ့
" ကာဝါဆာကီအသင်း " မှာကစားနေတဲ့ မြန်မာနွယ်ဖွား တိုက်စစ် ကစားသမားတစ်ဦးဖြစ်တဲ့ " တန်မီရာဂီ "
ဂျေလိဂ် ကတော့ အာရှရဲ့ အဆင့်မြင့်ဆုံးလိဂ်ကြီးထဲက တစ်ခုဖြစ်သလို ၊
မြန်မာကစားသမားတွေ သာမက အရှေ့တောင်အာရှ ကစားသမားအများစုသွားရောက်ကစားချင်နေကြတဲ့ လိဂ်ကြီး တစ်ခုလဲဖြစ်ပါတယ်။
ယခုအခါမှာတော့ ဂျေလိဂ် ရဲ့ "ကာဝါဆာကီအသင်း" မှာ မြန်မာေသွားေနှာ ကစားသမားတစ်ဦးဖြစ်တဲ့
" တန်မီရာဂီ " ကတော့ အသင်းနဲ့အတူ ခြေစွမ်းပြကစားနေပါတယ်။
" တန်မီရာဂီ " ကိုတော့ " မြန်မာလူမျိုးဖခင် " နှင့် " ဂျပန်လူမျိုး မိခင် " တို့မှ ဂျပန်နိုင်ငံ ၊ ကာဝါဆာကီမြို့မှာ မွေးဖွားခဲ့ပါတယ်။
ဂျပန် ယူ၁၆ ၊ ယူ၁၇ အသင်းတွေမှာ ကစားဖူးသလို ၊ " ကာဝါဆာကီ အသင်း " ရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးလဲဖြစ်ပါတယ်။
" တန်မီရာဂီ " ဟာ အသက်၂၃ အရွယ်ရှိပြီးတော့ တောင်ပံကစားသမားတစ်ဦးလဲဖြစ်ပါတယ်။
ကာဝါဆာကီအသင်း နဲ့အတူ စုစုပေါင်းပြိုင်ပွဲစုံ ၅၃ပွဲကစားထားပြီး ၅ဂိုးသွင်းယူ ၄ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်သလို ၊
ဂျေ ၂ နှင့် ဂျေ၃ လိဂ်တွေမှာလဲ အငှားစာချုပ်နဲ့ သွားရောက်ကစားဖူးထားတာကြောင့်
ဂျပန်ဘောလုံးလောကမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦးလို့ဆိုရမှာဖြစ်ပါတယ်။
ဖီဖာစည်းမျဉ်းစည်းကမ်းတွေအရ လက်ရွေးစင်အသင်းကြီးနဲ့ ကစားဖူးထားခြင်းမရှိလို့
မြန်မာသွေးနှောကစားသမားတစ်ဦးဖြစ်တဲ့
" တန်မီရာဂီ " ဟာ မြန်မာလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားခွင့်ရှိပါတယ်။
တန်မီရာဂီသာ မြန်မာ့လက်ရွေးစင်အသင်းအတွက်ကိုယ်စားပြုကစားခဲ့မယ်ဆိုလျှင်
အသင်းအတွက်အကျိုးဖြစ်ထွန်းတဲ့ ကစားသမားဖြစ်မှာတော့ အသေအချာပါပဲ့။
#tlpthar
1 year ago | [YT] | 2
View 0 replies
TLP THAR
ဂျပန် ဂျေလိဂ်ရဲ့ ထိပ်သီးကလပ်အသင်း တစ်ခုဖြစ်တဲ့ Fc Machida Zelvia အသင်းမှ ရခိုင်လူမျိုး ၊မြန်မာဂိုးသမား " Mara Kaung Zan (ကောင်းဇံမြ) " ကို တရားဝင်ေရွးချယ်ခေါ်ယူ။
ဂျပန် ဂျေလိဂ်ရဲ့ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ " Fc Machida Zelvia " အသင်းကတော့
ရခိုင်လူမျိုး မြန်မာ ဂိုးသမားလေး တစ်ဦးဖြစ်တဲ့
" ကောင်းဇံ " ကို နိုဝင်ဘာ ၁၄ရက်နေ့က
၂၀၂၅ ရာသီအတွက် ခေါ်ယူလိုက်တယ်ဆိုပြီး တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
" ကောင်းဇံ " ဟာ တိုကျိုမြို့မှာ မြန်မာမိဘ နှစ်ပါးမှမွေးဖွားလာသူဖြစ်ပြီးတော့ အသက်က ၂၂ ၊ အရပ်က ၆ပေ ၂လက်မအထိကိုရှိပါတယ်။
ပြီးတော့ " ကောင်းဇံ " ရဲ့အဖေ " ဦးမြတ်သူ " ဟာလဲ မြန်မာ့လက်ရွေးစင် ဘော်လီဘော ကစားသမား
ေဟာင်း တစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။
" ကောင်းဇံ " ဟာ " ဆန်နို တက္ကသိုလ် " အသင်း၊ Tokyo Very Youth အသင်းေတွနဲ့အတူ လက်စွမ်းပြကစားခဲ့ပြီး
အလားအလာကောင်းတွေအများကြီးရှိတာကြောင့်
ဂျပန်ထိပ်သီးကလပ် " Fc Machida Zelvia " အသင်းမှ တရားဝင်စာချုပ် ချုပ်ဆိုပြီး ခေါ်ယူလိုက်တာဖြစ်ပါတယ်။
ပြီးတော့ " ကောင်းဇံ " ကို ခေါ်ယူလိုက်တဲ့
" Fc Machida Zelvia " အသင်းဟာလဲ
ပြီးခဲ့တဲ့ရာသီ ဂျပန် ဂျေလိဂ်မှာ မှာ ချန်ပီယံဆုသိမ်းပိုက်သွားတဲ့ " ဗက်ဆယ်ကိုဘေအသင်း " နဲ့
ရမှတ်၅မှတ်သာ ကွာဟပြီး
အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့တဲ့အသင်းကောင်းတစ်သင်းလဲဖြစ်ပါတယ်။
ပြီးတော့ " ကောင်းဇံ " ဟာ နိုင်ငံခြားမျိုးနွယ်ကလေးအားကျရတဲ့ ဂျပန်လက်ရွေးစင် ဂိုးသမားဖြစ်အောင်ကြိုးစားမယ်လို့ ပြောဆိုထားတဲ့အတွက်
မြန်မာလက်ရွေးစင်အသင်းမှာ မြင်တွေ့ရဖို့အတွက် သိပ်ပြီး မျှော်လင့်လို့မရပါဘူး ။
ဒါပေမယ့်လဲ ရခိုင်လူမျိုး ၊ မြန်မာနိုင်ငံမှ ရရှိလာတဲ့ အရင်းအမြစ် ကောင်းလေးဖြစ်တာကြောင့် စောင့်ကြည့်အားပေးဝန်းရံ ပေးရမှာဖြစ်ပါတယ်။
#tlpthar
1 year ago | [YT] | 2
View 0 replies
TLP THAR
အနိုင်ရဖို့အခွင့်အရေးကောင်းတွေအများကြီးရှိတဲ့ " " ထွန်းမင်းအောင် " ရဲ့ တွဲဆိုင်း ။
ပရိတ်သတ်တွေ စောင့်မျှော်နေကြတဲ့
" ထွန်းမင်းအောင် " ရဲ့ တွဲဆိုင်းကတော့
ယနေ့ညမှာပဲ့ " One Championships " စာမျက်နှာပေါ်ကနေ တရားဝင်ဖော်ပြလိုက်ပါပြီ။
" ထွန်းမင်းအောင် " အတွက် ပွဲချောင်တယ်လို့
ပြောရပါမယ်။
" ထွန်းမင်းအောင် " ရဲ့ပြိုင်ဘက်ကတော့ မော်ရိုကိုနိုင်ငံသား " Abdelali Sehidi " ပဲ့ဖြစ်ပါတယ်။
အသက်က ၂၄နှစ် ၊ အရပ်က ၆ပေ ၁လက်မရှိပြီးတော့ " ထွန်းအောင် " ထက်တောင်မှ ၂လက်မ ပိုမြင့်ပါတယ်။
မွေ့ထိုင်း " Lwc Super Champ " မှာ ၃၃ပွဲအထိထိုးထားပြီးတော့ ၂၉ပွဲနိုင်ပြီး ၊ ၄ပွဲရှုံးထားပါတယ်။
ONE မှာ ကေတာ့ " ထွန်းမင်းအောင် " က သူ့အတွက်ပထမဦးဆုံးထိုးရမယ့် ပွဲဦးထွက်ဖိုက်တာပါ။
" Abdelali Sehidi " က "
ထွန်းမင်းအောင်ထက်" အရပ်၂လက်မမြင့်တယ် ၊
မွေ့ထိုင်း ၃၃ပွဲမှာ ၂၉ပွဲ အထိ နိုင်ထားတယ်ဆိုပေမယ့် ထင်သလောက် အကောင်းကြီးထဲမှာ မပါဘူး။
ပြီးတော့ ခြေကန်ချက်နဲ့ လက်သီးတွဲလုံး တခါတည်း ပေါင်းပြီးကစားေလ့ရှိတယ်။
Low Kick တွေပဲ့အဓိကထုတ်သံုးပြီး
ကစားတာများတယ်။
ဒါပေမယ့် သူရဲ့ Punch Kick တွေ ၊ Low Kick တွေက ထင်သလောက် အားပြင်းတဲ့အထဲမပါဘူး။
ဒါပေမယ့် ထွန်းမင်းအောင် အထင်သေးပေါ့ဆပြီးထို့လို့မရပါဘူး ။
အတတ်နိုင်ဆုံး အာရုံစိုက်ပြီးထို့ဖို့အကြံပြုချင်ပါတယ်။
ပြီးတော့ ဒီပွဲက " ထွန်းမင်းအောင် " သာ မပေါမဆဘဲနဲ့ သေချာအာရုံစိုက်ပြီးထိုးမယ်ဆိုရင်
အလှဲထိုးနဲ့ ဘတ် ၃သိန်းခွဲ ရဖို့အခြေအနေကောင်းတွေအများကြီးရှိပါတယ်။
" ထွန်းမင်အောင် " တစ်ယောက် ရှုံးပွဲဆက်နေတဲ့ မြန်မာဖိုက်တွေရဲ့ ရလဒ်ဆိုးတွေကို ရပ်တန့်ပေးနိုင်ဖို့မျှော်လင့်ပါတယ်
#tlpthar
1 year ago | [YT] | 4
View 0 replies
TLP THAR
' မြန်မာဖိုက်တာ ' တွေ အများကြီး ' One championship' မှာထိုးခွင့်ရလာခြင်းအပေါ် ရှင်းပြလာခဲ့တဲ့ ' ချက်ထရီ ' ။
#tlpthar
1 year ago | [YT] | 2
View 0 replies
TLP THAR
မြန်မာသံမဏိ စိုးလင်းဦး ကိုအားပေးစကားပြောဆိုလိုက်တဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း ။
#tlpthar
1 year ago | [YT] | 4
View 0 replies
TLP THAR
စိတ်မကောင်းဘူး ညီလေးရာ နောက်ပွဲမှာအကောင်းဆုံးပြန်လာနိုင်ပါေစကွာ...😌
1 year ago | [YT] | 7
View 0 replies
TLP THAR
ထိုင်း၊အယ်ဂျေးရီးယား ဖိုက်တာ နာဘီးလ် ကိုအမှတ်ဖြင့် ရှုံးနိမ့်သွားခဲ့တဲ့ စိုးလင်းဦး ။
စိုးကြီး ကတော့ သူ့ထက် အရပ် ၉လက်မ မြင့်တဲ့ နာဘီးလ် ကို ထိရောက်အောင်ထိုးဖို့အတွက်
ဘယ်လိုမှ အဖြေရှာလို့မတွေ့ဘဲ နာဘီးလ် ကောင်းမွန်တဲ့ နည်းစနစ် နဲ့ ချည်းကပ်မှုတွေနဲ့အတူ အမှတ်နဲ့ အရှုံးပေးလိုက်ရပါတယ်။
ပထမအချီမှာ 'စိုးကြီး' က ပူးကပ်ထိုးဖို့ကြိုးစားခဲ့ပေမယ် အရမ်းအမောင်း အားသာချက်ရှိတဲ့ :နာဘီးလ်' က
ဘယ်လိုမှပူးကပ်လို့မရအောင် ထိန်းချုပ်ထားနိုင်ပြီး သူ့ရဲ့ 'ဒူးတိုက်ချက်တွေ' နဲ့ အမှတ်ရအောင်ကြိုးစားနိုင်ခဲ့ပါတယ်
ဒုတိယအချီမှာလဲ 'နာဘီးလ်' ရဲ့ ဒူးတိုက်ချက်တွေက
'စိုးကြီး' ကိုတောက်လျှောင်ထိခဲ့ပါတယ်။
တတိယအချီမှာတော့ 'စိုးကြီး' က 'နာဘီးလ်' နားဘယ်လိုမှ ကပ်လို့မရဘဲ အရပ်အမောင်း အားသာချက်ရှိတဲ့ 'နာဘီးလ်' ကပဲ့ ဒိုင်အဆုံးအဖြတ်နဲ့ ပြတ်ပြုတ်သားသားအနိုင်ရရှိခဲ့ပါတယ်။
အားပြင်းတဲ့ လက်သီးက အားသာချက်ဖြစ်ပေမယ့် ခြေကန်ချက်မရှိတော့
ယခုလိုအရပ်ရှည်တဲ့ သူနဲ့တွေ့တဲ့အခါ စိုးကြီး ရဲ့ အားနည်းချက်တစ်ခုဖြစ်သွားရတာပေါ့။
#tlpthar
1 year ago | [YT] | 0
View 0 replies
TLP THAR
အရေးနိမ့်ခဲ့ပေမယ့် ကမ္ဘာကျော်ဝါရင့် ဂျပန် ဖိုက်တာ တာကေးရုကို ပထမပချီမှာ Knockdown ကျအောင် ထိုးနိုင်ခဲ့တဲ့ သန့်ဇင်။
ဘာပဲ့ဖြစ်ဖြစ် သန့်ဇင် ဒီပွဲမှာအရမ်းကောင်းတယ် ဗျာ။
ကိုယ့်ထက် Level အများကြီးကွာတဲ့ ဖိုက်တာတစ်ယောက်ကို ပြင်ဆင်ချိန် ရက်အနည်းငယ်သာရပေမယ့်
ပထမအချီမှာ ဂျပန်ဖိုက်တာ တာကေးရု ကို Knockdown ကျအောင်ထိုးနိုင်တဲ့ အရည်အချင်းက တော်ရုံ Levelတစ်ခုမဟုတ်ဘူး
ဆူဖာလတ် တောင်မှ တာကေးရုကို Knockdown ကျအောင်မထိုးနိုင်ခဲ့ဘူး
ပထမအချီမှာ သန့်ဇင် က နည်းစနစ်မှန်မှန်နဲ့ အကွာအဝေးတခုထိန်းဆော့ထားနိုင်ခဲ့သလို Knockdown ပါကျအောင်ထိုးနိုင်ခဲ့တယ်
ဒါမယ့် ဒုတိယအချီ မှာ သန့်ဇင် က ဂျပန်ဖိုက်တာကို ပူးကပ်ထိုးလိုက်တဲ့အနေအထားမှာ အခွင့်အရေးတွေအများကြီးပေးလိုက်ရသလိုဖြစ်သွားပြီးတော့
တကေးရု အကြိုက်ထိုးခွင့်ပေးလိုက်ရသလိုဖြစ်သွားခဲ့တယ်။
နောက်ဆုံးခွဲထားတဲ့ ဒဏ်ရာနေရာကိုထိပြီး ဆက်မထိန်းနိုင်တော့ဘဲ ဂျပန်ဖိုက်တာကို အလှဲထိုးနဲ့အရှုံးပေးလိုက်ရပါတယ်။
ဒါမယ့် သန့်ဇင် အရမ်းကောင်းတယ် ။ စိတ်ဓာတ်မကျနဲ့ ။ဒီပွဲက 'သန့်ဇင်' ဟာ လူစားထိုးပေးတဲ့သဘောပဲ့ရှိပါတယ်။ အရှုံးမရှိဘူး။
သန့်ဇင် ရဲ့ထိုးကွက်ကို ကမ္ဘာက သတိထားမိသွားပြီ။ အခွင့်ရေး ကောင်း တွေ အများကြီးရှိသေးတယ်
နောက်ပွဲကို ဒီထက်ပိုသန်မာအောင်ကြိုးစားပြလိုက်စမ်းပါ 'သန့်ဇင်' ရေ။
#tlpthar
1 year ago | [YT] | 3
View 0 replies
TLP THAR
'လောင်းကြေးထပ်' အဖွဲ့အစည်းတွေကခန့်မှန်းထားတဲ့ 'သန့်ဇင်' နှင့် 'တာကေးရု' တို့ပွဲ ရာခိုင်နှုန်း။
လောင်းကြေးထပ်အဖွဲ့အစည်းတွေကတော့ သန့်ဇင် နှင့် တာကေးရု တို့ပွဲကို
ရာခိုင်နှုန်းကွာဟချက်အများကြီး သတ်မှတ်ထားတာမျိူမရှိဘဲ
သန့်ဇင် ကို နိုင်ချေ ၄၅% ခန့်မှန်းထားပြီးတော့ ၊
တာကေးရု ကိုတော့ ၅၅% လောက်သာခန့်မှန်းထားကြပါတယ်။
အဓိပ္ပာယ်က သန့်ဇင် ကို လျှော့တွက်လို့ မရဘဲ ဘယ်သူမဆို နိုင်သွားနိုင်တယ်ဆိုတဲ့ သဘောနဲ့ ခန့်မှန်းထားတာတွေ့ရှိရပါတယ်။
#tlpthar
1 year ago | [YT] | 2
View 0 replies
Load more