Thukhita has offered many knowledgeable astrology videos. This is a place for all Myanmar Fans to come and enjoy.
ဗေဒင် လက္ခဏာ ယတြာနဲ့ ဟောစာတမ်းများ ဗဟုသုတရစရာ ဗွီဒီယိုမျာကို အမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
Subscribe လုပ်ပြီး အားပေးကြပါဦးနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Thukhita
၂၀၂၅ခုနှစ်က ပေါင်းခြင်း၉ဂဏန်းရလို့ ဒီနှစ်ထက်ကိုတော့ ကံကောင်းမှုတွေ ပိုများလာမှာပါ။ တစ်ခုသတိထားရမှာက သဘာဝကပ်ဘေးဖြစ်ပါတယ်။ တိရစ္ဆာန်တွေကနေတဆင့် ကူးစက်ရောဂါဖြစ်လာပြီး ဖြေဆေးရဖိုလအတော်တန်ကြာတဲ့အထိ စောင့်ဆိုင်းရပါလိမ့်မယ်။ ပျက်စီးမှုတွေ များပါလိမ့်မယ်။ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဒီနှစ်ဖြစ်သွားတာထက် ပိုကြီးမားတဲ့ သဘာဝကပ်ဘေးတွေဖြစ်နိုင်ပါတယ်။ ပြည်တွင်းမှာ စည်းလုံးမှုတွေ စပြီးပြေလာနေပြီ လာမယ့်နှစ်မှာ အစိတ်စိတ်အမွာမွာ ဖြစ်ကုန်လိမ့်မည်။
ဘာသာတရားကို စွဲမြဲအောင်လုပ်ပါ၊ အမြဲရွတ်ဖတ်ပူဇော်နေတဲ့ ဂါထာတော် ဂုဏ်တော်များကို ထုံနေအောင် အကြိမ်ရေများစွာ ရွတ်ဖတ်ပူဇော်ပါ၊ အသားကြီးငါးကြီး တက်နိုင်သလောက် ရှောင်ပါ ။ ဖြစ်လာတဲ့အချိန်မှ ထပြီးဘုရားတရားမလုပ်ကြပါနဲ့၊ ၂၀၂၅အတွက် မြင်မက်တဲ့ အတိတ်နိမိတ်တွေက မကောင်းပါဘူး၊ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
11 months ago | [YT] | 115
View 0 replies
Thukhita
"အရှေ့မျက်နှာလှည့်အိမ်"
အရှေ့ဘက်မျက်နှာလှည့်အိမ်ကို
တနင်္လာဂြိုဟ်မင်းက စိုးမိုးအကျိုးပြုသောအိမ်ဟု
သတ်မှတ်ကြသည်။
အရှေ့ဘက်ကို မျက်နှာလှည့်နေသောအိမ်များတွင်
နေထိုင်သောသူများအတွက် လာဘ်ပွင့်စေရန် ဒီယတြာလုပ်ပေးပါ။
ထိုအိမ်တွင် နေထိုင်သူများသည်
ကြံရည်လှူဒါန်းခြင်းကို ပြုလုပ်သင့်သည်။
ကြံပန်းခိုင်တို ကြံသကာတို လှူဒါန်းနိုင်ပါသည်။
ရဟန်း သံဃာတော်များကို ကြံရည်ကပ်လှူနိုင်သည်။
ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ်တံခါးတွင်
ထောင်ထားနိုင်သည်။
ဘုရားတစ်ဆူဆူ၏ တနင်္လာဒေါင့်တွင်လည်း
ကြံရည်လှူဒါန်းနိုင်သလို ကြံပင်စိုက်၍လည်းလှူဒါန်းနိုင်ပါသည်။
1 year ago | [YT] | 402
View 5 replies
Thukhita
တစ်သက်တာယတြာချေနည်း
ဗေဒင်မေးပြီး ယကြာချေရန် ငွေကြေးအခက်အခဲရှိသူများအတွက် အလွယ်ကူဆုံး တသက်သာ ယတြာချေနည်းလေးတွေပါ။
မိမိမွေးသက္ကရာဇ်ကိုတည်ပါ။ ရောက်ဆဲ သက္ကရာဇ်ဖြင့်ပေါင်းပါ။
ပေါင်းရကိန်းကို (၃) နှင့်မြှောက်ပြီး မြှောက်ရကိန်းကို (၇) နှင့်စားပါလေ။
တစ်ကြွင်းပါက ဆီမီးသက်စေ့ ပူဇော်ရပါမည်။
နှစ်ကြွင်းပါက ဘုရားတွင် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရပါမည်။
သုံးကြွင်းပါက ရုက္ခစိုးနတ်အား ပူဇော်ပသရပါမည်။
လေးကြွင်းပါက ငါး သက်စေ့လွှတ်ရပါမည်။
ငါးကြွင်းပါက ရဟန်း သံဃာတော်များအား အိမ်တွင်ပင့်ဖိတ်၍ ဆွမ်းကြွေးရပါမည်။
ခြောက်ကြွင်းပါက ယာယီခရီးထွက်ပေးရပါမည်။
ခုနစ်သို.မဟုတ် သုညကြွင်းပါက နေထိုင်ရာအရပ်ရွေ.ပြောင်းခြင်း သို့မဟုတ် အိပ်ရာနေရာပြောင်းအိပ်ရပါမည်။
အထက်ပါနည်းအတိုင်း နှစ်စဉ်ဆောင်ရွက်ပါက အခက်အခဲများကျော်လွှာကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ဆိုးကျိုးများကွယ်ပျောက် ကောင်းကျိုးရောက်စေမည်ဟု အဆိုရှိပါတယ်။
1 year ago | [YT] | 178
View 1 reply