Thiha, the Traveller

Welcome to Thiha, The Traveller!
Discovering the hidden stories, cultures, landscapes, and unforgettable journeys across Asia.

I’m Thiha, a Burmese travel storyteller sharing real travel experiences — from ancient temples and remote mountain trails to local life, street food, festivals, and places beyond the usual tourist attractions.

Join me as I explore Asia one hidden story at a time.


Thiha, the Traveller

Koh Larn (​ကော့လန်) ကျွန်းကို ကျွန်​တော်​တော့ ဘန်​ကောက်က​နေ ၇၁ ဘတ်နဲ့ ​သွားဖြစ်ခဲ့ပါတယ်။
ရထား စီး၊ အများစီးသင်္ဘော စီးပြီး ​​​​​​​အ​ရောက်သွားခဲ့တာ​ကြောင့် အရမ်းသက်သာ​နေတာပါ။
Koh Lan (Koh Larn လို့လည်းစာလုံး​ပေါင်း​သေးတယ်) ကျွန်းက ပတ္တရားမြို့တစ်ဘက်ကမ်းမှာ ရှိ​နေတဲ့ ကျွန်း​လေးပါ။
အရှည် ၂ မိုင်ခွဲ၊ အကျယ် ၁ မိုင်​လောက်ပဲရှိတဲ့ ကျွန်း​သေး​လေးမှာ သဲဖြူဖြူကမ်း​ခြေလှလှ​တွေ၊ ​ကော်ဖီဆိုင်အမိုက်စား​တွေ အများကြီး ရှိ​နေပါတယ်။
ဒီကျွန်း​လေးမှာ ကျွန်​တော်တို့ တစ်ညအိပ်ပြီး လည်ပတ်​လေ့လာဖြစ်ခဲ့ပါတယ်ဗျာ....

တချိန်က တံငါရွာ​လေးက​နေ အခု​တော့ ပတ္တရားရဲ့ ဖွံ့ဖြိုးမှုနဲ့အတူ အနီးဆုံးကျွန်း​လေးမို့ ခရီးသွား အရမ်းများသွားပါတယ်။ လာ​ရောက်လည်ပတ်သူ တရုတ်လူမျိုး များတာ​ကြောင့်လည်း ကျွန်း​ပေါ်မှာ တရုတ်စကား​ပြောတတ်သူ များ​နေတာကိုလည်း သတိပြုမိပါတယ်။

ပတ္တရားမြို့ရဲ့ ရှုပ်​ထွေးမှုကို သ​ဘောမကျရင်​တော့ အချိန်ခဏ​​လေးနဲ့ ကမ်းကူး​ရောက်နိုင်တဲ့ Koh Lan ကျွန်းမှာ အပန်း​ဖြေရင်း စိတ်​ပျော်ရွှင်နိုင်ပါတယ်။

ဒီကျွန်း​​လေးကို ဘယ်လိုသွားမလဲ? ကျွန်း​ပေါ်မှာ ဘယ်တွေလည်ပြီး ဘယ်မှာ စား​​သောက်​နေထိုင်တည်းခိုမခဲဆိုတာ​တွေ သိနိုင်ဖို့ YouTube Channel: Thiha, the Traveller မှာ ခရီးသွားဗီဒီယိုအသစ်ကို ကြည့်ရှုနိုင်ပါပြီ။

ဒီကိုနှိပ်ပြီး တန်းကြည့်နိုင်ပါတယ်ဗျ...
👇👇👇👇
https://youtu.be/AHV5hN6y7UY?si=WaHPW...

1 day ago | [YT] | 55

Thiha, the Traveller

Pray for Nepal 🇳🇵 & travelers from the world 🙏

1 week ago | [YT] | 82

Thiha, the Traveller

✨️ New Vlog ✨️
ထိုင်း​မြေ​ပေါ်မှာ ရှိ​နေတဲ့ မြန်မာဟန်အပြည့် ​စေတီနဲ့​ကျောင်း​တော် ရှိရာ ချင်းမိုင်၊ Doi Suthep ​တောင်လယ်က Wat Pha Lat (ဝပ်ဖာလ) အ​ကြောင်း​ကို တင်ဆက်ထားပါတယ်။
ဒီ Wat Pha Lat ဟာ လန်းနား​နိုင်ငံရဲ့ ဘုရင် ကူးနား ​က သူ့ရဲ့ ဆင်ဖြူ​တော်နဲ့ Doi Suthep ​တောင်ထိပ်ကို တက်ချိန်မှာ ​တောင်တက်လမ်းတ​လျှောက် ဆင်ဖြူ​တော် နားတဲ့​နေရာ​တွေမှာ ဘုရားတည်ခဲ့တာမျိုးပါ။ ဒီဆင်ဖြူ​တော်က ​တောင်ထိပ်​ရောက်ချိန်မှာ​တော့ အဲ့မှာပဲ ကံကုန်ခဲ့တာမို့ ဘုရင်က ပိုပြီး အမှတ်တရအစီအစဉ်​တွေ ပိုလုပ်​​ပေးဖြစ်ခဲ့ပါတယ်။
​နောက်ပိုင်း လန်းနားဟန်နဲ့တည်ထားတဲ့ Wat Pha Lat ​စေတီ ပြိုပျက်သွားချိန်မှာ ဘုံ​ဘေဘားမားသစ်ကုမ္ပဏီနဲ့ အလုပ်လုပ်​နေသူ ဗမာသစ်ကုန်သည်တစ်ဦး က ပြန်လည်ပြင်ဆင်ခဲ့တာမို့ မြန်မာမှုဟန်​တွေအပြည့် လွှမ်းမိုးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီ​နေရာအ​ကြောင်း​လေးကို တင်ဆက်​ပေးထားတဲ့ ဗီဒီယိုအသစ်ပဲ ဖြစ်ပါတယ်ဗျာ။

https://youtu.be/MmVKfs9OU8I?si=0zUdV...

2 weeks ago | [YT] | 154

Thiha, the Traveller

The Festival of Tooth is coming soon in Sri Lanka 🇱🇰 !
သိပ်မကြာခင်ဆိုရင် သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်ပူဇော်ခံပွဲတော်ကြီး စတင်ပါတော့မယ်။
Esala Perahera လို့ ခေါ်တဲ့ ဒီပွဲတော်ဟာ သီရိလင်္ကာပြက္ခဒိန် ရဲ့ Esala လမှာ ကျင်းပတတ်တာဖြစ်ပြီး၊ အင်္ဂလိပ်ပြက္ခဒိန် အရတော့ ဇူလိုင် နဲ့ သြဂုတ်လ အတွင်းမှာ ကျရောက်လေ့ရှိပါတယ်။
ဒီနှစ်မှာတော့ သြဂုတ်လထဲမှာ ကျရောက်ပြီး ပွဲတော်ကို သြဂုတ် ၁၈ ကနေ စတင်မှာ ဖြစ်ပေမယ့် တကယ့် လှည့်လည်ပူဇော်ခံပွဲကြီး ခင်းကျင်းမှာကတော့ သြဂုတ် ၂၈ မှာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးက ခရီးသွားတွေ စိတ်ဝင်စားနေကြတဲ့ သီရိလင်္ကာရဲ့ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်ပူဇော်ခံတဲ့ပွဲက ဘယ်လိုမျိုးလဲ၊ ဘယ်လောက်ကြီးကျယ်ခမ်းနားသလဲ သိနိုင်ဖို့ တင်ဆက်ပေးဖူးတဲ့ ဗီဒီယိုကို ထပ်မံဝေမျှလိုက်ပါတယ်ခင်ဗျာ.....

ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါပြီ....
https://youtu.be/DZaQqUVpg6E

4 weeks ago | [YT] | 148

Thiha, the Traveller

ဦးပိန်တံတားပြီးရင် ကမ္ဘာ့ဒုတိယအရှည်ဆုံး သစ်သားတံတားကြီးရှိရာ ထိုင်းနိုင်ငံရဲ့ စန္ခလာဘူရီ မွန်ရွာ ကို ၂ ညအိပ် ၃ ရက်ခရီး ​ရောက်ဖြစ်ခဲ့ပါတယ်။
စန္ခလာဘူရီ မှာရှိတဲ့ ဝင်ကရွာမှာ ၁၉၄၈ ​လောက်က မြန်မာက​နေ ​ရွှေ့​ပြောင်းသွားခဲ့တဲ့ မွန်လူမျိုး​တွေ ​နေထိုင်​နေကြပြီး နာမည်​ကျော် ​ရေးမြို့က မွန်ဆရာ​တော်ကြီး ဦးဥတ္တမ သီတင်းသုံးခဲ့ရာ အရပ်ဖြစ်သလို၊ အခု မွန်တံတားအဖြစ် ကမ္ဘာ​ကျော်​နေတဲ့ သစ်သားတံတားကြီးကိုလည်း ဆရာ​တော် ဦးဥတ္တမ ကပဲ မွန်လုပ်သား​တွေ အကူအညီနဲ့ တည်​ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီ​ဒေသကို ကမ္ဘာ့ခရီးသွား​တွေ ထိုင်း​ရောက်ရင် တကူးတက လာလည်ကြရတဲ့အ​ကြောင်းရင်း ဘာဖြစ်မယ်ဆိုတာကို ဗီဒီယိုနဲ့ ခံစားကြည့်နိုင်ဖို့ YouTube မှာ တင်ဆက်​ပေးထားပါပြီဗျ...
ဒီမှာ ကြည့်နိုင်ပါပြီ... 👇👇👇
https://youtu.be/qNRghhZykoE?si=d2GCW...

1 month ago | [YT] | 156

Thiha, the Traveller

ချင်းမိုင် ရဲ့ Trekking/Hiking Trail ​တွေက စိတ်ဝင်စားစရာ သိပ်​ကောင်းတာပါပဲ....

​တောထဲလမ်း​လျှောက်ကြရုံသက်သက်မဟုတ်ဘဲ၊ အဲဒီလမ်း​ကြောင်း​ပေါ်မှာ စိတ်ဝင်စားစရာ အ​ကြောင်းအရာ​တွေအများကြီးရှိ​နေတတ်တယ်...

ကျွန်​တော် ချင်းမိုင်မှာ ပထမဆုံး​လျှောက်ဖြစ်တဲ့ Doi Suthep ​တောင်​ခြေတစ်​နေရာက ​ဘေးမဲ့​တော Trail မှာဆို လန်းနား​ခေတ်အကြွင်းအကျန် ​စေတီ​ဟောင်း ​ကျောင်း​တော်​ဟောင်း​တွေလည်း ရှိ​နေတယ်...

​ဘေးမဲ့​တောဖြစ်လို့ လူနဲ့ အနည်းငယ်ယဉ်ပါး​နေကြပြီဖြစ်တဲ့​တောရိုင်းတိရစ္ဆာန်​လေး​တွေလည်း မြင်ရသလို ​ရေတံခွန်လည်းရှိ​နေတယ်...

ဒါ​တွေက Trekking ​လျှောက်ရတာကို အ​မော​ပြေပြီး စိတ်ပိုဝင်စား​စေပါတယ်...

ခရီးဆုံး​နေရာ ဇင်းမယ် ​ခေါ် ချင်းမိုင်ကို တစ်ချိန်မြန်မာ​တွေအုပ်စိုးချိန်မှာ တိတ်ဆိတ်သွားခဲ့တဲ့ ဘုရင်မန်ရိုင်း ​ကောင်းမှု ဥမင်​ကျောင်း​တော်ကြီးဖြစ်တဲ့ ဝပ်ဥမွန် မှာမို့ တကယ်ကို စိတ်ဝင်စားစရာ ဖြစ်ရပါတယ်...

​ဒေသရဲ့နာမည်​ကျော် ​ခေါက်ဆွဲဆိုင်ကိုပါ အပြန်အားဖြည့်ရင်း ဝင်စားနိုင်​သေး​တော့ ပိုပြည့်စုံတာ​ပေါ့ဗျာ...

ဒီခရီးအ​ကြောင်းကို ဗီဒီယိုတင်ဆက်ထားပြီမို့ အား​ပေးကြည့်ရှုနိုင်ပါပြီဗျ....



ဒီလင့်ခ်ကိုနှိပ်ပြီး ကြည့်လို့ရပါပြီဗျ...

https://youtu.be/GXBSQF4E2ms?si=SpXO9...

1 month ago | [YT] | 91

Thiha, the Traveller

ဗီယက်နမ်က ​​ရောက်သွားသူတိုင်း ​နေချင်တယ်လို့ ​ပြောရ​လောက်​အောင် ​အေးချမ်းလှပပြီး ကုန်ကျစရိတ်လည်း သက်သာတဲ့ ဒါးလတ်မြို့ဟာ အချိန်ကြာကြာ​နေ​လေ ပိုပြီး ​​နေချင်စရာ ဖြစ်လာ​လေ ဆိုတာ သိလိုက်ရပါတယ်....
ဟုတ်ကဲ့ "ဒါ​ကြောင့် ဒါးလတ်ကို ချစ်ကြသည်" ဆိုတဲ့ ဗီဒီယို အသစ်​လေး တင်ထားပါပြီဗျ...
ဒီမှာကြည့်နိုင်ပါတယ်... 👇👇

https://youtu.be/rAkESFIHSZ8?si=y5ziB...

1 month ago | [YT] | 148

Thiha, the Traveller

ဗီယက်နမ်နိုင်ငံရဲ့ ​တောင်​ပေါ်မြို့​တွေထဲမှာ အကြီးဆုံးလို့ ဆိုကြတဲ့ ဒါးလတ်မြို့မှာ လချီ​နေဖို့ စဉ်းစားခဲ့​ပေမယ့် မိတ်​ဆွေရင်း​တွေ ဆုံတဲ့ခရီးဖြစ်သွားလို့ မ​နေဖြစ်​တော့ဘဲ တခြားမြို့​တွေပါ လိုက်ပတ်ဖြစ်သွားပါတယ်။
ဒါးလတ် ဟာ တကယ်ကိုစိတ်ချမ်းသာစရာ​ကောင်းတဲ့မြို့​လေးပါ။
ပြင်သစ်ကိုလိုနီလက်​အောက်ဖြစ်ခဲ့ဖူးလို့ ဥ​ရောပဆန်တဲ့ အ​ငွေ့အသက်​တွေကို ခံစားကြရသလို၊ ​​နောက်ဆုံးဧကရာဇ် ရဲ့ ​နွေရာသီစံအိမ်နဲ့အတူ နန်း​တော် ၃ ခု ထားရစ်ခဲ့ရာ သမိုင်းအ​​မွေအနှစ်​တွေနဲ့ မြို့ ဖြစ်လာပါတယ်။
ဗီယက်နမ်ရဲ့ ​ကျန်​ဒေသ​တွေအတွက် ဟင်းသီးဟင်းရွက်နဲ့ ပန်း​တွေ ထုတ်လုပ်​ပေးနိုင်ရာ ​ဒေသလည်း ဖြစ်သလို ထင်းရှူး​တောပတ်လည်ဝိုင်း​နေလို့ ပြည်တွင်းပြည်ပ ခရီးသွား​တွေရဲ့ အပန်း​ဖြေရာခရီးသွား​ဒေသလည်း ဖြစ်​လာပါတယ်။
ဟိုချီမင်းက​နေ အိပ်စင်ကားစီးပြီး လုံးချင်းအိမ်ကြီး ငှား​နေတဲ့အ​တွေ့အကြုံနဲ့ ထူးခြားတဲ့လည်ပတ်စရာ​နေရာ​တွေကို ဒီ ခရီးသွားဗီဒီယိုမှာ မြင်​တွေ့ခံစားကြရမှာပါဗျာ။

ဒီမှာ ကြည့်လို့ရပါပြီဗျ...
https://youtu.be/gleh7Y37k1I?si=MegKQ...

1 month ago | [YT] | 94

Thiha, the Traveller

ဘန်​ကောက်နဲ့ မ​​ဝေးတဲ့ ပရာချင်းဘူရီ ဘက်မှာ Trekking ​လျှောက်ရင်း မမြင်ရတာ ကြာ​နေပြီဖြစ်တဲ့ ပိုးစုန်းကြူး​လေး​တွေကို သွားရှာကြည့်ခဲ့တဲ့ ခရီးဗီဒီယို​အသစ်​လေး တင်ဆက်ထားပါတယ်ဗျာ....
✨️✨️👇👇✨️✨️
https://youtu.be/A28M1thRb6A?si=yojuA...

1 month ago | [YT] | 63

Thiha, the Traveller

မြန်မာအ​ငွေ့အသက်​တွေ ခုထိ အပြည့်ရှိ​နေဆဲ ထိုင်းနိုင်ငံ​မြောက်ပိုင်းက လမ်းပန်းမြို့မှာ တချိန်က မြန်မာ​တွေချန်ခဲ့တဲ့ ​ခြေရာ​တွေ ပြန်ရှာကြည့်မိသလို၊ မြဘုရား​တွေနဲ့ အမြဲဆက်နွှယ်မှု ရှိတတ်တဲ့ လမ်းပန်းမြို့ က မြဘုရားသမိုင်း​တွေကိုလည်း ​လေ့လာမိခဲ့ပါတယ်....
တချိန်က မြန်မာလက်​အောက်ခံဖြစ်ခဲ့တဲ့ လန်နားပြည်၊ အဲဒီက​နေမှ ထိုင်းနဲ့အမြဲယှဉ်တွဲ​နေထိုင်ဖို့ ​ရွေးချယ်ခဲ့တဲ့ လန်နား​တွေ....
သူ တို့ မှန်ခဲ့​လေသလား၊ မှားခဲ့​လေသလား?
ဘယ်လိုထင်မိပါသလဲဗျာ?

ဗီဒီယိုအစအဆုံးကို YouTube မှာ ကြည့်ရှုနိုင်ပါပြီ...
https://youtu.be/sA_tKxkM6h4?si=aLI7B...

1 month ago | [YT] | 112