Welcome to Thiha, The Traveller!
Discovering the hidden stories, cultures, landscapes, and unforgettable journeys across Asia.
I’m Thiha, a Burmese travel storyteller sharing real travel experiences — from ancient temples and remote mountain trails to local life, street food, festivals, and places beyond the usual tourist attractions.
Join me as I explore Asia one hidden story at a time.
Thiha, the Traveller
Koh Larn (ကော့လန်) ကျွန်းကို ကျွန်တော်တော့ ဘန်ကောက်ကနေ ၇၁ ဘတ်နဲ့ သွားဖြစ်ခဲ့ပါတယ်။
ရထား စီး၊ အများစီးသင်္ဘော စီးပြီး အရောက်သွားခဲ့တာကြောင့် အရမ်းသက်သာနေတာပါ။
Koh Lan (Koh Larn လို့လည်းစာလုံးပေါင်းသေးတယ်) ကျွန်းက ပတ္တရားမြို့တစ်ဘက်ကမ်းမှာ ရှိနေတဲ့ ကျွန်းလေးပါ။
အရှည် ၂ မိုင်ခွဲ၊ အကျယ် ၁ မိုင်လောက်ပဲရှိတဲ့ ကျွန်းသေးလေးမှာ သဲဖြူဖြူကမ်းခြေလှလှတွေ၊ ကော်ဖီဆိုင်အမိုက်စားတွေ အများကြီး ရှိနေပါတယ်။
ဒီကျွန်းလေးမှာ ကျွန်တော်တို့ တစ်ညအိပ်ပြီး လည်ပတ်လေ့လာဖြစ်ခဲ့ပါတယ်ဗျာ....
တချိန်က တံငါရွာလေးကနေ အခုတော့ ပတ္တရားရဲ့ ဖွံ့ဖြိုးမှုနဲ့အတူ အနီးဆုံးကျွန်းလေးမို့ ခရီးသွား အရမ်းများသွားပါတယ်။ လာရောက်လည်ပတ်သူ တရုတ်လူမျိုး များတာကြောင့်လည်း ကျွန်းပေါ်မှာ တရုတ်စကားပြောတတ်သူ များနေတာကိုလည်း သတိပြုမိပါတယ်။
ပတ္တရားမြို့ရဲ့ ရှုပ်ထွေးမှုကို သဘောမကျရင်တော့ အချိန်ခဏလေးနဲ့ ကမ်းကူးရောက်နိုင်တဲ့ Koh Lan ကျွန်းမှာ အပန်းဖြေရင်း စိတ်ပျော်ရွှင်နိုင်ပါတယ်။
ဒီကျွန်းလေးကို ဘယ်လိုသွားမလဲ? ကျွန်းပေါ်မှာ ဘယ်တွေလည်ပြီး ဘယ်မှာ စားသောက်နေထိုင်တည်းခိုမခဲဆိုတာတွေ သိနိုင်ဖို့ YouTube Channel: Thiha, the Traveller မှာ ခရီးသွားဗီဒီယိုအသစ်ကို ကြည့်ရှုနိုင်ပါပြီ။
ဒီကိုနှိပ်ပြီး တန်းကြည့်နိုင်ပါတယ်ဗျ...
👇👇👇👇
https://youtu.be/AHV5hN6y7UY?si=WaHPW...
2 days ago | [YT] | 56
View 1 reply
Thiha, the Traveller
Pray for Nepal 🇳🇵 & travelers from the world 🙏
1 week ago | [YT] | 82
View 0 replies
Thiha, the Traveller
✨️ New Vlog ✨️
ထိုင်းမြေပေါ်မှာ ရှိနေတဲ့ မြန်မာဟန်အပြည့် စေတီနဲ့ကျောင်းတော် ရှိရာ ချင်းမိုင်၊ Doi Suthep တောင်လယ်က Wat Pha Lat (ဝပ်ဖာလ) အကြောင်းကို တင်ဆက်ထားပါတယ်။
ဒီ Wat Pha Lat ဟာ လန်းနားနိုင်ငံရဲ့ ဘုရင် ကူးနား က သူ့ရဲ့ ဆင်ဖြူတော်နဲ့ Doi Suthep တောင်ထိပ်ကို တက်ချိန်မှာ တောင်တက်လမ်းတလျှောက် ဆင်ဖြူတော် နားတဲ့နေရာတွေမှာ ဘုရားတည်ခဲ့တာမျိုးပါ။ ဒီဆင်ဖြူတော်က တောင်ထိပ်ရောက်ချိန်မှာတော့ အဲ့မှာပဲ ကံကုန်ခဲ့တာမို့ ဘုရင်က ပိုပြီး အမှတ်တရအစီအစဉ်တွေ ပိုလုပ်ပေးဖြစ်ခဲ့ပါတယ်။
နောက်ပိုင်း လန်းနားဟန်နဲ့တည်ထားတဲ့ Wat Pha Lat စေတီ ပြိုပျက်သွားချိန်မှာ ဘုံဘေဘားမားသစ်ကုမ္ပဏီနဲ့ အလုပ်လုပ်နေသူ ဗမာသစ်ကုန်သည်တစ်ဦး က ပြန်လည်ပြင်ဆင်ခဲ့တာမို့ မြန်မာမှုဟန်တွေအပြည့် လွှမ်းမိုးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာအကြောင်းလေးကို တင်ဆက်ပေးထားတဲ့ ဗီဒီယိုအသစ်ပဲ ဖြစ်ပါတယ်ဗျာ။
https://youtu.be/MmVKfs9OU8I?si=0zUdV...
2 weeks ago | [YT] | 154
View 3 replies
Thiha, the Traveller
The Festival of Tooth is coming soon in Sri Lanka 🇱🇰 !
သိပ်မကြာခင်ဆိုရင် သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်ပူဇော်ခံပွဲတော်ကြီး စတင်ပါတော့မယ်။
Esala Perahera လို့ ခေါ်တဲ့ ဒီပွဲတော်ဟာ သီရိလင်္ကာပြက္ခဒိန် ရဲ့ Esala လမှာ ကျင်းပတတ်တာဖြစ်ပြီး၊ အင်္ဂလိပ်ပြက္ခဒိန် အရတော့ ဇူလိုင် နဲ့ သြဂုတ်လ အတွင်းမှာ ကျရောက်လေ့ရှိပါတယ်။
ဒီနှစ်မှာတော့ သြဂုတ်လထဲမှာ ကျရောက်ပြီး ပွဲတော်ကို သြဂုတ် ၁၈ ကနေ စတင်မှာ ဖြစ်ပေမယ့် တကယ့် လှည့်လည်ပူဇော်ခံပွဲကြီး ခင်းကျင်းမှာကတော့ သြဂုတ် ၂၈ မှာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးက ခရီးသွားတွေ စိတ်ဝင်စားနေကြတဲ့ သီရိလင်္ကာရဲ့ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်ပူဇော်ခံတဲ့ပွဲက ဘယ်လိုမျိုးလဲ၊ ဘယ်လောက်ကြီးကျယ်ခမ်းနားသလဲ သိနိုင်ဖို့ တင်ဆက်ပေးဖူးတဲ့ ဗီဒီယိုကို ထပ်မံဝေမျှလိုက်ပါတယ်ခင်ဗျာ.....
ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါပြီ....
https://youtu.be/DZaQqUVpg6E
4 weeks ago | [YT] | 148
View 4 replies
Thiha, the Traveller
ဦးပိန်တံတားပြီးရင် ကမ္ဘာ့ဒုတိယအရှည်ဆုံး သစ်သားတံတားကြီးရှိရာ ထိုင်းနိုင်ငံရဲ့ စန္ခလာဘူရီ မွန်ရွာ ကို ၂ ညအိပ် ၃ ရက်ခရီး ရောက်ဖြစ်ခဲ့ပါတယ်။
စန္ခလာဘူရီ မှာရှိတဲ့ ဝင်ကရွာမှာ ၁၉၄၈ လောက်က မြန်မာကနေ ရွှေ့ပြောင်းသွားခဲ့တဲ့ မွန်လူမျိုးတွေ နေထိုင်နေကြပြီး နာမည်ကျော် ရေးမြို့က မွန်ဆရာတော်ကြီး ဦးဥတ္တမ သီတင်းသုံးခဲ့ရာ အရပ်ဖြစ်သလို၊ အခု မွန်တံတားအဖြစ် ကမ္ဘာကျော်နေတဲ့ သစ်သားတံတားကြီးကိုလည်း ဆရာတော် ဦးဥတ္တမ ကပဲ မွန်လုပ်သားတွေ အကူအညီနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီဒေသကို ကမ္ဘာ့ခရီးသွားတွေ ထိုင်းရောက်ရင် တကူးတက လာလည်ကြရတဲ့အကြောင်းရင်း ဘာဖြစ်မယ်ဆိုတာကို ဗီဒီယိုနဲ့ ခံစားကြည့်နိုင်ဖို့ YouTube မှာ တင်ဆက်ပေးထားပါပြီဗျ...
ဒီမှာ ကြည့်နိုင်ပါပြီ... 👇👇👇
https://youtu.be/qNRghhZykoE?si=d2GCW...
1 month ago | [YT] | 156
View 4 replies
Thiha, the Traveller
ချင်းမိုင် ရဲ့ Trekking/Hiking Trail တွေက စိတ်ဝင်စားစရာ သိပ်ကောင်းတာပါပဲ....
တောထဲလမ်းလျှောက်ကြရုံသက်သက်မဟုတ်ဘဲ၊ အဲဒီလမ်းကြောင်းပေါ်မှာ စိတ်ဝင်စားစရာ အကြောင်းအရာတွေအများကြီးရှိနေတတ်တယ်...
ကျွန်တော် ချင်းမိုင်မှာ ပထမဆုံးလျှောက်ဖြစ်တဲ့ Doi Suthep တောင်ခြေတစ်နေရာက ဘေးမဲ့တော Trail မှာဆို လန်းနားခေတ်အကြွင်းအကျန် စေတီဟောင်း ကျောင်းတော်ဟောင်းတွေလည်း ရှိနေတယ်...
ဘေးမဲ့တောဖြစ်လို့ လူနဲ့ အနည်းငယ်ယဉ်ပါးနေကြပြီဖြစ်တဲ့တောရိုင်းတိရစ္ဆာန်လေးတွေလည်း မြင်ရသလို ရေတံခွန်လည်းရှိနေတယ်...
ဒါတွေက Trekking လျှောက်ရတာကို အမောပြေပြီး စိတ်ပိုဝင်စားစေပါတယ်...
ခရီးဆုံးနေရာ ဇင်းမယ် ခေါ် ချင်းမိုင်ကို တစ်ချိန်မြန်မာတွေအုပ်စိုးချိန်မှာ တိတ်ဆိတ်သွားခဲ့တဲ့ ဘုရင်မန်ရိုင်း ကောင်းမှု ဥမင်ကျောင်းတော်ကြီးဖြစ်တဲ့ ဝပ်ဥမွန် မှာမို့ တကယ်ကို စိတ်ဝင်စားစရာ ဖြစ်ရပါတယ်...
ဒေသရဲ့နာမည်ကျော် ခေါက်ဆွဲဆိုင်ကိုပါ အပြန်အားဖြည့်ရင်း ဝင်စားနိုင်သေးတော့ ပိုပြည့်စုံတာပေါ့ဗျာ...
ဒီခရီးအကြောင်းကို ဗီဒီယိုတင်ဆက်ထားပြီမို့ အားပေးကြည့်ရှုနိုင်ပါပြီဗျ....
ဒီလင့်ခ်ကိုနှိပ်ပြီး ကြည့်လို့ရပါပြီဗျ...
https://youtu.be/GXBSQF4E2ms?si=SpXO9...
1 month ago | [YT] | 91
View 0 replies
Thiha, the Traveller
ဗီယက်နမ်က ရောက်သွားသူတိုင်း နေချင်တယ်လို့ ပြောရလောက်အောင် အေးချမ်းလှပပြီး ကုန်ကျစရိတ်လည်း သက်သာတဲ့ ဒါးလတ်မြို့ဟာ အချိန်ကြာကြာနေလေ ပိုပြီး နေချင်စရာ ဖြစ်လာလေ ဆိုတာ သိလိုက်ရပါတယ်....
ဟုတ်ကဲ့ "ဒါကြောင့် ဒါးလတ်ကို ချစ်ကြသည်" ဆိုတဲ့ ဗီဒီယို အသစ်လေး တင်ထားပါပြီဗျ...
ဒီမှာကြည့်နိုင်ပါတယ်... 👇👇
https://youtu.be/rAkESFIHSZ8?si=y5ziB...
1 month ago | [YT] | 148
View 0 replies
Thiha, the Traveller
ဗီယက်နမ်နိုင်ငံရဲ့ တောင်ပေါ်မြို့တွေထဲမှာ အကြီးဆုံးလို့ ဆိုကြတဲ့ ဒါးလတ်မြို့မှာ လချီနေဖို့ စဉ်းစားခဲ့ပေမယ့် မိတ်ဆွေရင်းတွေ ဆုံတဲ့ခရီးဖြစ်သွားလို့ မနေဖြစ်တော့ဘဲ တခြားမြို့တွေပါ လိုက်ပတ်ဖြစ်သွားပါတယ်။
ဒါးလတ် ဟာ တကယ်ကိုစိတ်ချမ်းသာစရာကောင်းတဲ့မြို့လေးပါ။
ပြင်သစ်ကိုလိုနီလက်အောက်ဖြစ်ခဲ့ဖူးလို့ ဥရောပဆန်တဲ့ အငွေ့အသက်တွေကို ခံစားကြရသလို၊ နောက်ဆုံးဧကရာဇ် ရဲ့ နွေရာသီစံအိမ်နဲ့အတူ နန်းတော် ၃ ခု ထားရစ်ခဲ့ရာ သမိုင်းအမွေအနှစ်တွေနဲ့ မြို့ ဖြစ်လာပါတယ်။
ဗီယက်နမ်ရဲ့ ကျန်ဒေသတွေအတွက် ဟင်းသီးဟင်းရွက်နဲ့ ပန်းတွေ ထုတ်လုပ်ပေးနိုင်ရာ ဒေသလည်း ဖြစ်သလို ထင်းရှူးတောပတ်လည်ဝိုင်းနေလို့ ပြည်တွင်းပြည်ပ ခရီးသွားတွေရဲ့ အပန်းဖြေရာခရီးသွားဒေသလည်း ဖြစ်လာပါတယ်။
ဟိုချီမင်းကနေ အိပ်စင်ကားစီးပြီး လုံးချင်းအိမ်ကြီး ငှားနေတဲ့အတွေ့အကြုံနဲ့ ထူးခြားတဲ့လည်ပတ်စရာနေရာတွေကို ဒီ ခရီးသွားဗီဒီယိုမှာ မြင်တွေ့ခံစားကြရမှာပါဗျာ။
ဒီမှာ ကြည့်လို့ရပါပြီဗျ...
https://youtu.be/gleh7Y37k1I?si=MegKQ...
1 month ago | [YT] | 94
View 2 replies
Thiha, the Traveller
ဘန်ကောက်နဲ့ မဝေးတဲ့ ပရာချင်းဘူရီ ဘက်မှာ Trekking လျှောက်ရင်း မမြင်ရတာ ကြာနေပြီဖြစ်တဲ့ ပိုးစုန်းကြူးလေးတွေကို သွားရှာကြည့်ခဲ့တဲ့ ခရီးဗီဒီယိုအသစ်လေး တင်ဆက်ထားပါတယ်ဗျာ....
✨️✨️👇👇✨️✨️
https://youtu.be/A28M1thRb6A?si=yojuA...
1 month ago | [YT] | 63
View 0 replies
Thiha, the Traveller
မြန်မာအငွေ့အသက်တွေ ခုထိ အပြည့်ရှိနေဆဲ ထိုင်းနိုင်ငံမြောက်ပိုင်းက လမ်းပန်းမြို့မှာ တချိန်က မြန်မာတွေချန်ခဲ့တဲ့ ခြေရာတွေ ပြန်ရှာကြည့်မိသလို၊ မြဘုရားတွေနဲ့ အမြဲဆက်နွှယ်မှု ရှိတတ်တဲ့ လမ်းပန်းမြို့ က မြဘုရားသမိုင်းတွေကိုလည်း လေ့လာမိခဲ့ပါတယ်....
တချိန်က မြန်မာလက်အောက်ခံဖြစ်ခဲ့တဲ့ လန်နားပြည်၊ အဲဒီကနေမှ ထိုင်းနဲ့အမြဲယှဉ်တွဲနေထိုင်ဖို့ ရွေးချယ်ခဲ့တဲ့ လန်နားတွေ....
သူ တို့ မှန်ခဲ့လေသလား၊ မှားခဲ့လေသလား?
ဘယ်လိုထင်မိပါသလဲဗျာ?
ဗီဒီယိုအစအဆုံးကို YouTube မှာ ကြည့်ရှုနိုင်ပါပြီ...
https://youtu.be/sA_tKxkM6h4?si=aLI7B...
1 month ago | [YT] | 112
View 4 replies
Load more