Top News Myanmar 

ပြည်တွင်းရေးအခြေအနေများ နေ့စဉ်တင်ဆက်ပေးနေသော ယူကျု့ချန်နယ်ဖြစ်ပါသည်။ အားပေးမှုအတွက်ကျေးဇူးတင်ပါကြောင်း.........

Please, Subscribe Channel!!!
youtube.com/channel/UC--XV6bWjey3o7adn2N95iQ

Please for copyright issues relating to our channel please contact us directly at : thetruth209461@gmail.com
For Any Copyright Concerns, Contact Us at our email address. We will act upon your query immediately.
© All rights reserved by respective owners.
Thank you!


Top News Myanmar

ခင်ဦးမြိုနယ်ရှိ ရေဘေးသင့်ကျေးရွာများကို ဆန်အိတ် ၁၃၀ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုနယ်ရှိ ရေဘေးသင့်ကျေးရွာတွေကို ဆန်အိတ် ၁၃၀ ထောက်ပံ့ကူညီခဲ့ပြီး ကလေးငယ်တွေကို မုန့်ပဲသရေစာတွေ ပေးဝေခဲ့ကြောင်း ခင်ဦးမြိုနယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ခင်ဦးမြိုနယ်တွင် ရေဘေးသင့်ကျေးရွာ ၄ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၈၀၀ ခန့်ကို တစ်
အိမ်ထောင်လျှင် ဆန် ၄ ပြည်နှုန်းနဲ့ ဆန်အိတ် ၁၃၀ ကို ဩဂုတ် ၁၆ ရက်နေ့မှာ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲတွေ၊ မြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲတွေက ထောက်ပံ့ကူညီ လှူဒါန်းမှုတွေ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အဲဒီထောက်ပံ့မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာနမှတဆင့် CSR ရန်ပုံငွေ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ မြိုနယ် ပအဖ၊ ပကဖနဲ့ ဒေသအသီးသီးရှိ အလှူရှင်တွေရဲ့ စုပေါင်းလှူဒါန်းမှူတွေနဲ့ ကူညီဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

3 days ago | [YT] | 441

Top News Myanmar

နိုင်ငံတော် သမ္မတကြီးဦးဝင်းမြင့်တော့
ပြန်လည်လွတ်မြောက်လာပါပြီ။အန်တီ ဒေါ်
အောင်ဆန်းစုကြည်လည်း နေအိမ် အကျယ်
ချုပ်ပြောင်းမယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတွေ
ထွက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်တွေ
ကြီးနေကြပြီမို့ အခုလိုလွတ်မြောက်လာကြတာဝမ်းသာကြိုဆိုပါတယ်။

4 months ago | [YT] | 4,558

Top News Myanmar

Breaking News : ဗိုလ်နဂါး စစ်ကော်မရှင်တပ်ထံ လက်နက်ချအညံ့ခံ
မဇ္ဈိမ ။ ။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးသည် စစ်ကော်မရှင်တပ်ထံ လက်နက်ချအညံ့ခံသွားပြီဟု မြ၀တီရုပ်မြင်သံကြားက ယနေ့ည (ဖေဖော်ဝါရီ ၁၈ ရက်)တွင် ကြေညာသည်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် BNRA ၏ တပ်စခန်းတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) လက်အောက်ခံတပ်များက တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဗိုလ်နဂါးဘက်ပြောင်းအညံ့ခံသွားမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခ) နဂါးနှင့် ၎င်းမိသားစုဝင်များ တပ်မတော်လုံခြုံရေးစခန်းမှတဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်သည်။" ဟု စစ်တပ်ဝါဒဖြန့် မြ၀တီက ကြေညာသည်။
နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ - ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BRNA) ခေါင်းဆောင် ဗိုလ်နဂါးသည် စစ်ကော်မရှင်တပ်ထံ လက်နက်ချအညံ့ခံသွားပြီဟု မြ၀တီရုပ်မြင်သံကြားက ယနေ့ည (ဖေဖော်ဝါရီ ၁၈ ရက်)တွင် ကြေညာသည်။(မြ၀တီရုပ်မြင်သံကြား)
#ဗိုလ်နဂါး

6 months ago | [YT] | 92

Top News Myanmar

မြန်မာစစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် နှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း၊ မြန်မာပြည်သူများနှင့်အတူ အမေရိကန်က ရပ်တည်နေ

ရန်ကုန်၊ ဇန်နဝါရီ ၄

မြန်မာစစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် နှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိုက်တွန်းပြောဆိုသည်။

ယနေ့ ကျရောက်သည့် မြန်မာလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်တွင် အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေ ဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း၊ အမေရိကန်အနေဖြင့် စစ်အုပ်စုအား အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ရရှိစေရန်၊ မတရားဖမ်းဆီးထိန်း သိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့် အကျပ်အတည်းများကို ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းစွာ အဖြေ ရှာနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းကြောင်း ၊ ဤသည်မှာ လုံခြုံစိတ်ချရပြီး သာယာဝပြောသော အင်ဒို-ပစိဖိတ် ဒေသကြီး ဖြစ်ထွန်းလာစေရန်အတွက် မရှိမဖြစ် လိုအပ်ချက်ပင် ဖြစ်ကြောင်းအမေရိ ကန် နိုင်ငံ ခြားရေးဝန်ကြီးက ဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာပြည်သူလူထုနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်ထောက်ခံကြောင်း တစ်ဖန်ပြန် လည် အတည်ပြုပြောကြားလိုကြောင်း၊ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများ၏ ငြိမ်းချမ်း၍ တရားမျှတကာ သာယာဝပြောသော အနာဂတ်ဆီသို့ သွားလိုသည့် စိတ်ပိုင်းဖြတ်မှုအပေါ် ဆက်လက်ကတိ ကဝတ် ပြု ရပ်တည်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
#yangonnews

7 months ago | [YT] | 335

Top News Myanmar

တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တရားဝင် သိမ်းပိုက်ရရှိကြောင်း ကြေညာ၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိပြီး ၁၂၀ မမ လက်နက်ကြီး အမြောက် ၂ လက် အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တရားဝင် သိမ်းပိုက်ရရှိကြောင်း ကြေညာလိုက်ပြီး စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရရှိပြီး ၁၂၀ မမ လက်နက်ကြီး အမြောက် ၂ လက် အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း Force for Federal Democracy - FFDက သတင်းထုတ်ပြန်သည်။

မောတောင်မြို့သိမ်းတိုက်ပွဲမှာ တိုက်ပွဲကာလမှာ ၃ ရက်ခန့်သာကြာမြင့်ခဲ့ပြီး KNU/KNLA ဦးဆောင်မှုနှင့်အတူ မောတောင်မြို့သိမ်းတိုက်ပွဲကို KNLA တပ်မဟာ ၄ မှ တပ်ရင်း ၂၀၃၊တပ်ရင်း ၁၁ ၊KNDOတပ်ရင်း ၇ ၊ တပ်ရင်း ၁၂၊ BPLA ၊ FFD တို့က ပါဝင်ပူးပေါင်းသိမ်းပိုက်ခဲ့ကြောင်း ၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီး ၁၂၀ မမ အမြောက် ၂ လက် ၊ ၁၂၀ မမ လက်နက်ကြီး ကျည် ၁၈၇ တောင့် ၊ .5 စက်သေနတ် ၁လက် ၊ ၆၀ မမ ၃ လက် ၊ RPG ၂လက်၊ ငါးကြင်းမှီး ၁ လက်၊လက်နက်ငယ် ၃၆ လက် နှင့်အခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

မောတောင်မြို့မှာ စစ်‌ကောင်စီ၏ ကုန်သွယ်စီးဆင်းမှု၌ အရေးပါသော တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်ပြီး စစ်တပ်ဘက်မှ အနည်းဆုံး အင်အား ၅၀ ကျော်မှာ ထိုင်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိတွင် ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော မြန်မာစစ်သားများထံမှ လက်နက်များ သိမ်းယူပြီး ခိုလှုံခွင့် ပေးထားကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

9 months ago | [YT] | 537

Top News Myanmar

သတင်းကောင်း
မင်းအောင်လှိုင်ရဲ့ စစ်ကော်မရှင် တပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFs တို့ မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူ နဲ့ သပိတ်ကျင်း မြို့နယ် သုံးခုမှာ ပြင်းပြင်းထန်းထန်း စစ်ပွဲဖြစ်နေပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ အဲ့ဒီဒေသကို ရွေးကောက်ပွဲ ကျင်းမမယ်လို့ ကြေညာထားတဲ့ ဒေသလည်း ဖြစ်တယ်။

တခဏ အိပ်ပျော်နေတဲ့ PDF ကျားတွေကို လန့်နိုးနေမှာတော့ နာပြီသာ မှတ်ပေတော့။ လက်နက်မရှိခင်ကတောင် မအလ တပ်တွေအထိနာနေတာ အခုဆို မတွေးရဲ စရာဖြစ်သွားမယ်။ PDF တွေ တပ်ပေါင်းစု စုဖွဲ့နိုင်ကြပါပြီ။ စစ်ရေးအတွေ့အကြုံလည်း အကုန်ရှိနေကြပြီ အဆင်သင့်ဖြစ်ပြီနော် အတင်းဆွဲစိခံတွေ တစ်​ယောက်မှ မပါဘူး။

9 months ago | [YT] | 549

Top News Myanmar

SSNDF/KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ မှ တွေ့ဆုံပွဲပြုလုပ်

သြဂုတ် ၆၊ ၂၀၂၅

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ က ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်မှာ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာ SSNDF / KNDF ဗျူဟာအမှတ် ၉ ရဲ့ ဘဏ္ဍာရှာဖွေရေး တာဝန်ခံနဲ့ တပ်ရင်း အမှတ် ၁၀၃ က တပ်ဦးဆောင်တဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး မိန့်ခွန်းစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲဟာ ဧပြီလ (၁၇) ရက် သင်တန်းဆင်းပြီးချိန်က စတင်ပြီး ရှေ့တန်းမှာ စဥ်ဆက်မပြတ် တိုက်ပွဲဝင်နေတဲ့ တပ်ရင်း ၁၀၃ က ရဲဘော်အများစု စုံစုံလင်လင် ပြန်လည်ဆုံဆည်းနိုင်ခဲ့တဲ့ ဂုဏ်ပြုအခမ်းအနား တစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

1 year ago | [YT] | 1,076

Top News Myanmar

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု...

ဇူလိုင် ၂၁၊ ၂၀၂၅

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

တော်လှန်ရေးရဲ့ ကြမ်းတမ်းတဲ့ အချိန်တွေအတွင်း အခက်အခဲ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရပ်တည်နေတဲ့ ပြည်သူ့သူရဲကောင်းတွေနဲ့အတူ နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

SOF အနေနဲ့ ပြည်သူလူထုအတွက် ယုံကြည်အားကိုးရတဲ့ တပ်မတော်တစ်ရပ် ဖြစ်လာအောင် ကြိုးစားအားထုတ်ဖို့ အသိပေး တိုက်တွန်းထားပြီး မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ပေးဆပ်မှုတို့နဲ့ (၄) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တော်လှန်ရေးခရီးအတွင်း အသက်၊ သွေး၊ ချွေး တို့ကို ပဓာန မထားဘဲ တစ်နိုင်ငံလုံး လွတ်လပ်ရေးအတွက် တိုက်ခိုက်ရုန်းကန်ခဲ့တဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် (၄) နှစ်တာကာလအတွင်း အသက်၊ ခန္ဓာ၊ ဘဝ တို့ကို ပေးဆပ်စွန့်လွှတ်သွားတဲ့ ပြည်သူ့သူရဲကောင်း SOF ရဲဘော်တွေကိုလည်း လေးနက်တည်ကြည်စွာ ဦးညွှတ် ဂုဏ်ပြုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပုံစာ - SOF တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

1 year ago | [YT] | 1,187

Top News Myanmar

မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း တရုတ်ထုတ်လက်နက်များ သိမ်းဆည်းရမိ...

ဇူလိုင် ၂၁၊ ၂၀၂၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်ထုတ် လက်နက်အမြောက်အများ ပါဝင်နေတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေထဲမှာ တရုတ်နိုင်ငံထုတ် လက်နက်ခဲယမ်းသေတ္တာ အများအပြား တွေ့ရှိရပြီး လက်နက်ခဲယမ်းတွေဟာ တရုတ်အစိုးရပိုင် NORINCO (China North Industries Corporation) ထုတ် လက်နက်ခဲယမ်းသေတ္တာ ၁၀ လုံးကျော် သိမ်းဆည်းရရှိတာကို MDY-PDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

Norinco ထုတ် ခဲယမ်းသေတ္တာပုံးတွေမှာ GBP128 Warhead ‌ရေးထားပြီး မိုင်းကွင်းတွေ ရှင်းရာမှာ အသုံးပြုတဲ့ စစ်မြေပြင်အင်ဂျင်နီယာသုံး mine-clearing line charge (MCLC) ဖြစ်ကာ တရုတ်စစ်တပ်မှာလည်း GBP-128 ကို man-portable MCLC အဖြစ် သုံးနေတယ်လို့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေအကြောင်း ရေးသားဖော်ပြနေတဲ့ Tactical Raptor 2.0 က ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်း ကြေးနီတူးဖော်ရယူနေတဲ့ ဝမ်ပေါင်ကုမ္ပဏီဟာ ဒီကနေ့ MDY-PDF ကသိမ်းဆည်းမိတဲ့ တရုတ်လက်နက်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ တရုတ်အစိုးရပိုင် Norinco ကုမ္ပဏီကြီးရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်ပါတယ်။ ယင်းဝမ်ပေါင်ကုမ္ပဏီဟာ မြန်မာနိုင်ငံ လက်ပံတောင်းတောင်ကနေ ကြေးနီ ထုတ်ယူပြီး တရုတ်နိုင်ငံကိုတင်သွင်းနေသလို၊ တဖက်မှာလည်း ဝမ်ပေါင်ကုမ္ပဏီရဲ့ မိခင်ကုမ္ပဏီ Norinco ဟာ အဆိုပါကြေးနီများကို အသုံးပြုပြီး လက်နက်များထုတ်လုပ်ကာ မြန်မာစစ်အုပ်စုထံ ပြန်လည်တင်ပို့နေတာလည်း ဖြစ်ပါတယ်။

1 year ago | [YT] | 662

Top News Myanmar

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာတွင် တပ်စွဲထားသော စစ်တပ်၏ ကာကင်းစခန်း ၃ ခု ကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂၈

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာတွင် တပ်စွဲထားသော စစ်တပ် ကာကင်းစခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၁၅ ဦး ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၆ ရက်နေ့တွင် တီးတိန်မြို့နယ်၊ တန့်ယန်းရွာနှင့် ခိုင်ကမ်း အကြားရှိ မွှာလ်ပီးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်၏ ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကင်းစခန်း ၃ ခုကို ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်သား ၁၅ ဦး ထက်မနည်း သေဆုံးကာ အရှင်ဖမ်းမိသူများလည်းရှိကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“အခု တိုက်ပွဲဖြစ်တဲ့ နေရာက တီးတိန်မြို့နယ်၊ တန်ယန်းရွာနဲ့ ခိုင်ကမ်းကြားမှာပါ။ အဲတာက စစ်တပ် ကင်းချတဲ့ စခန်းပေါ့။ စခန်း ၃ ခုလောက် ချင်းတပ်မတော်က သိမ်းလိုက်တယ်။ စစ်ခွေး ၁၅ ကောင်ကျော် သေတယ်။ အရှင်ဖမ်းမိတာလည်းရှိတယ်။ အတိအကျတော့ မသိရဘူး။ လက်နက်ခဲယမ်းတွေလည်း သိမ်းမိတယ်။ အကုန်လုံးမောင်း ထုတ်လိုက်ပြီ ချင်းတပ်မတော်က ထိုးစစ်လုပ်တာ စစ်ခွေးတွေ နောက်ဆုတ်နောက်ဆုတ်နဲ့အခု ခိုင်ကမ်းရွာအထိ ရောက်သွားပြီလို့ သတင်းရထားတယ်” ဟု ချင်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို တိုက်ခိုက်မှုကို Chin National Army – CNA က ဦးဆောင်ကာ PDF Zoland နှင့် CNDF တပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်းချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

1 year ago | [YT] | 1,026