DEMON
လှူတဲ့တန်းတဲ့နေရာမှာ မြတ်စွာဘုရားဟောခဲ့တဲ့ စနစ်တကျလှူပုံလှူနည်းကို သိဖို့ အရေးကြီးတယ်။(၁) သက္ကစ္စံ ဒါနံ ဒေတိဘာပဲလှူလှူ တလေးတစား မွန်မွန်မြတ်မြတ်လုပ်ပြီးတော့ လှူပါတဲ့။(၂) သဟတ္ထာ ဒါနံ ဒေတိဘာပဲလုပ်လုပ် ကိုယ်တိုင် ကိုယ့်လက်နဲ့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပြီး လှူပါတဲ့။(၃) စိတ္တကတွာ ဒါနံ ဒေတိအမှတ်တမဲ့ မလှူဘဲ ကိုယ့်ထက်သီလသမာဓိမြတ်တဲ့သူဆို ပူဇော်လိုစိတ်၊ကိုယ့်အောက်နိမ့်ကျသူဆို ချီးမြှောက်လိုစိတ် အဲ့လို စိတ်ကိုဆောက်တည်ပြီးတော့ လှူပါတဲ့။(၄) အနပဝိဒ္ဓံ ဒါနံ ဒေတိစွန့်ပစ်ပစ္စည်းမျိုး လှူတာမဟုတ်ရဘူး၊ ကိုယ့်မှာ အသုံးဝင်နေတဲ့ပစ္စည်းမျိုး လှူတာပဲ ဖြစ်ပါစေတဲ့။(၅)အာဂမနဒိဋ္ဌိကော ဒါနံ ဒေတိ၊ကိုယ့်ဆီ ဒီဒါနရဲ့အကျိုးတရားရောက်လာမှာပဲဆိုတဲ့ အမြင်ရှိဖို့လည်း လိုအပ်တယ်တဲ့။ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ #ပါချုပ်ဆရာတော် #တရားမှတ်စု #KhinSandarSoeHtut
2 weeks ago | [YT] | 884
DEMON
လှူတဲ့တန်းတဲ့နေရာမှာ မြတ်စွာဘုရားဟောခဲ့တဲ့ စနစ်တကျလှူပုံလှူနည်းကို သိဖို့ အရေးကြီးတယ်။
(၁) သက္ကစ္စံ ဒါနံ ဒေတိ
ဘာပဲလှူလှူ တလေးတစား မွန်မွန်မြတ်
မြတ်လုပ်ပြီးတော့ လှူပါတဲ့။
(၂) သဟတ္ထာ ဒါနံ ဒေတိ
ဘာပဲလုပ်လုပ် ကိုယ်တိုင် ကိုယ့်လက်နဲ့
ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပြီး လှူပါတဲ့။
(၃) စိတ္တကတွာ ဒါနံ ဒေတိ
အမှတ်တမဲ့ မလှူဘဲ ကိုယ့်ထက်သီလသမာဓိမြတ်တဲ့သူဆို ပူဇော်လိုစိတ်၊ကိုယ့်အောက်
နိမ့်ကျသူဆို ချီးမြှောက်လိုစိတ်
အဲ့လို စိတ်ကိုဆောက်တည်ပြီးတော့ လှူပါတဲ့။
(၄) အနပဝိဒ္ဓံ ဒါနံ ဒေတိ
စွန့်ပစ်ပစ္စည်းမျိုး လှူတာမဟုတ်ရဘူး၊
ကိုယ့်မှာ အသုံးဝင်နေတဲ့ပစ္စည်းမျိုး လှူတာပဲ ဖြစ်ပါစေတဲ့။
(၅)အာဂမနဒိဋ္ဌိကော ဒါနံ ဒေတိ၊
ကိုယ့်ဆီ ဒီဒါနရဲ့အကျိုးတရားရောက်လာမှာပဲဆိုတဲ့ အမြင်ရှိဖို့လည်း လိုအပ်တယ်တဲ့။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရားမှတ်စု #KhinSandarSoeHtut
2 weeks ago | [YT] | 884