Phoo Kyaw Zin

CASHFLOW 101 သင်တန်း ဆိုတာ …⁉️
ငွေကြေးအသိပညာနဲ့ အခြေခံရင်းနှီးမြှုပ်နှံမှုပညာတွေကို
သင်ထောက်ကူပြု CashFlow ကစားနည်းနဲ့အတူ
✔️ “အထိရောက်ဆုံး”
✔️ “အလျှင်မြန်ဆုံး” နဲ့
✔️ “ရိုးရှင်းလွယ်ကူဆုံး”
လေ့လာ သင်ယူနိုင်မယ့် တစ်ခုတည်းသော သင်တန်းပါပဲ။

ကျွန်တော်တို့ အားလုံးလိုချင်တဲ့ Financial Freedom ဆိုတဲ့
ငွေကြေးလွတ်မြောက်မှုဖြစ်စဉ်ကို ကစားနည်းနဲ့ပုံဖော်ထားပြီး ရင်းနှီးမြှုပ်နှံမှုပညာ (Investment) နဲ့ MBA = Money, Business, Accounting ပညာတို့ကို အချိန်တိုအတွင်း လေ့လာသင်ယူနိုင်တဲ့ သင်တန်းတစ်ခုပါ။

CASHFLOW 101 Game ဆိုတာ …⁉️
ကမ္ဘာကျော် ငွေပညာပေးစာအုပ်ဖြစ်တဲ့ RichDad PoorDad စာအုပ်ရေးသူ Robert T. Kiyosaki ရဲ့တီထွင်ဖန်တီးမှုဖြစ်ပါတယ်။ ငွေအကြောင်းသင်ပေးတဲ့ ပညာပေးကစားနည်းပါ။

CashFlow Game ကို တချို့တွေ ကြားဖူးကြလိမ့်မယ်။
စာအုပ်တွေထဲမှာ ဖတ်ဖူးကြလိမ့်မယ်။ ဒါပေမယ့် မကစားဖူးသေးလို့ - ဒီဂိမ်းကို လက်တွေ့ကျကျ သင်ယူလေ့လာချင်တဲ့ သူတွေ၊ ကျွမ်းကျင်စွာ ကစားချင်တဲ့သူတွေ အများကြီးရှိတဲ့အတွက် ဒီသင်တန်းကို စီစဉ်ဖြစ်တာပါ။

နိုင်ငံတကာမှာတော့ RichDad Education ရဲ့
Cashflow Club တွေနဲ့အတူ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊
ကစားပွဲတွေယနေ့ထက်တိုင်ပြုလုပ်ကျင်းပလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ CashFlow 101 ရဲ့ အနှစ်သာရတွေကို မြန်မာလိုပဲ ရှင်းရှင်းလင်းလင်း သင်ယူလေ့လာချင်တယ်ဆိုရင်တော့ ဒီသင်တန်းတစ်ခုပဲ ရှိပါတယ်။

သင်တန်းပြီးနောက်မှာလည်း Cashflow Club အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ပြီး လစဉ် Meeting တွေမှာ ပါဝင်နိုင်အောင်စီစဉ်ထားတဲ့ Training Program တစ်ခုဖြစ်ပါတယ်။

————————-

ဘာတွေသင်ယူရရှိမှာလဲ ⁉️

ဒီသင်တန်းမှာ
Financial IQ ၊ Investment သင်ခန်းစာတွေအပြင်
Cashflow 101 Game ကိုပါ လေ့လာသင်ယူရတာမို့

💲 ငွေကြေးအသိပညာတွေ၊
💲 ငွေလည်ပတ်စီးဆင်းပုံတွေ၊
💲 ငွေရှာဖွေရေးနည်းလမ်းတွေ၊
💲 ငွေကြေးဆိုင်ရာအတွေးအခေါ်တွေ၊
💲 ရင်းနှီးမြှုပ်နှံမှုသဘောတရား​တွေ၊
💲 ကိုယ်ပိုင်ဘဏ္ဍာရေးရှင်းတမ်းတွေ၊
💲 Passive Income တည်ဆောက်နည်းတွေ၊
💲 ကြွယ်ဝမှုကို စနစ်တကျတည်ဆောက်ခြင်းတွေ၊
💲 စီးပွါးရေးနဲ့ ပိုင်ဆိုင်မှုအခွင့်အလမ်းတွေ၊
💲 ကြွက်ပြေးလမ်းနဲ့အမြန်လမ်းသဘောတရားတွေ၊
💲 စုငွေ၊ ဘတ်ဂျက်၊ အကြွေး၊ အငြိမ်းစားစီမံကိန်းတွေ၊
💲 လုပ်ငန်း၊ စတော့စျေးကွက်၊ အိမ်ခြံမြေ ရင်းနှီးမှုတွေ၊
စတဲ့ စတဲ့ တန်ဖိုးရှိသင်ခန်းစာတွေကို နားလည်လာစေပါတယ်။

ZOOM Meeting - Online Class ဖြစ်ပြီး
Cashflow E-Game software အပြင်
Website ကတဆင့် Cashflow Classic - Board Game version များကိုပါ လေ့လာသင်ယူရမှာဖြစ်လို့ …

တကယ်ကို စိတ်ဝင်စား ပျော်ရွှင်ဖို့ကောင်းသလို
ငွေကြေးပညာတွေလည်း အများကြီးရရှိစေမှာ အသေချာပါပဲ။

————————-
တကယ်လို့ ဒီစာဖတ်နေသူ သင်ဟာ -👇

✔️ ငွေကြေးအသိဉာဏ်တွေ မြှင့်တင်လိုရင်
✔️ ငွေနဲ့ပတ်သက်လို့ စီမံခန့်ခွဲမှုတွေလုပ်ချင်ရင်
✔️ ဝင်ငွေတွေတိုးပွါးများစွာရှာဖွေလိုရင်
✔️ ငွေကြေး စုဆောင်းမှုနဲ့ ဘတ်ဂျက်တွေချချင်ရင်
✔️ ပေးစရာအကြွေးနွံထဲက ရုန်းထွက်ချင်နေရင်
✔️ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘာမှန်းသေချာမသိသေးရင်
✔️ ငွေနဲ့ပတ်သက်လို့ စီမံကိန်းတွေ ချမှတ်ထားချင်ရင်
✔️ ငွေကြေးပြဿနာတွေ ဖြေရှင်းနိုင်လိုရင်
✔️ ငွေကြေးလွတ်မြောက်ဖို့ကို စတင်လိုရင်
✔️ ငွေအတွက် တသက်လုံး အလုပ်မလုပ်ချင်ရင်

✅ အခုလာမယ့် ဩဂုတ်လ ၂၅ ရက်နေ့မှာ စတင်မယ့်
ငွေကြေးအသိပညာသင်တန်း Cashflow-101 (Batch-9) ကို တက်ရောက်လေ့လာလိုက်ပါလို့ အကြံလေးပြုပါရစေ…

————————-

ဘယ်လိုသင်ယူရမလဲ ⁉️

ဒီသင်တန်းကို Zoom Meeting နဲ့ Face to face တိုက်ရိုက် အနီးကပ် ဆွေးနွေးသင်ကြားပေးမှာပါ။

တိုက်ရိုက် Zoom မတက်နိုင်ရင်လည်း မပူပါနဲ့။

Zoom Recorded Video တွေကို သင်တန်း ရဲ့ သီးသန့် Fb Group နဲ့ Telegram ထဲမှာ ပြန်တင်ပေးထားမှာ ဖြစ်လို့ အချိန်မရွေး ပြန်ကြည့်လေ့လာနိုင်ပါတယ်။

Telegram Group Chat လည်း လုပ်ပေးထားတာမို့လို့
သင်တန်းသားတွေနဲ့ခင်မင်ရင်းနီးစွာမိတ်ဆက်နိုင်သလို
သင်ခန်းစာများကိုလည်းဝင်ရောက်ဆွေးနွေးမေးမြန်းနိုင်ပါသေးတယ်။

ဒါ့အပြင် …
အခု Batch ကို စ တက်ပေမယ့် -
အရင် Batch တွေတုန်းက သင်ကြားခဲ့တဲ့ Zoom Video တွေကိုပါ လေ့လာချင် လေ့လာနိုင်ပါသေးတယ်။

သတင်းကောင်းတစ်ခုကတော့ -
Cashflow Club မှာ ပါဝင်ခွင့်ရပြီး လစဉ်ပြုလုပ်တဲ့
Cashflow Game Night - meeting တွေမှာလည်း
တက်ရောက်နိုင်မှာပါ။

ဒါ့အပြင် -
နောက်အသစ်ဖွင့်မယ့် တန်းခွဲတွေမှာလည်း
ထပ်မံတက်ရောက် လေ့လာနိုင်ပါသေးတယ်။
ကဲ …
ဒါဆိုရင် ဒီသင်တန်းဟာသင့်အတွက် တကယ့်ကို တန်တဲ့၊
တန်ဖိုးရှိတဲ့ ရေရှည်သင်တန်းတစ်ခုဖြစ်နေပါပြီ...။

————————-

သင်တန်းအချိန်ကာလ ⁉️

▪️ သင်တန်းရက်များ - Aug 25 မှ Aug 31 အထိ
▪️ သင်တန်းကာလ - (၇) ရက်ဆက်တိုက်
▪️ သင်တန်းအချိန် - ညစဉ် 7pm မှ 9pm++ အထိ
▪️ သင်ကြားရေးပုံစံ - Zoom Meeting

(သင်တန်းအပ်ပြီးပါက သင်တန်း Private Group ထဲ Join ရမှာဖြစ်ပြီး Zoom ID - Link များ တင်ပေးသွားမှာဖြစ်ပါတယ်။)

————————-

သင်တန်းနည်းပြကဘယ်သူလဲ ⁉️

Cashflow 101 ရဲ့ သင်တန်းနည်းပြ Trainer ကတော့ -
ဆရာဖူးကျော်ဇင်
Phoo Kyaw Zin - Future Wave
MBA (SSBR), B.A (Eng),
Founder of Future Wave Training

ဆရာက သင်ကြားရေးအတွေ့အကြုံ (၁၂) နှစ် ကျော်ရှိတဲ့ Professional Trainer and Public Speaker ဖြစ်ပြီး
Master Your Money Game စာအုပ်ကို ရေးသားထုတ်ဝေခဲ့တဲ့ Best-selling စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ လက်ရှိထိ စာအုပ် (၅) အုပ်ထုတ်ထားပြီး Future Wave စာပေ စာပေဖြန့်ချီရေးလုပ်ငန်းကိုတည်ထောင်ထားသူဖြစ်ပါတယ်။

Cashflow 101 Game ကို နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားခဲ့ပြီး ပထမဆုံးစာအုပ်အဖြစ် “ငွေကြေးကစားပွဲ” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ Cashflow Workshop များစွာကို အဖွဲ့အစည်းများအတွက်ပြုလုပ်ပေးခဲ့ပြီး နိုင်ငံအနှံ့သင်တန်းများ၊ ဟောပြောပွဲများ ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။

Future Wave Training Company ရဲ့ Founder & MD ဖြစ်ပြီး ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ (၁၀၀) ကျော်ကို Corporate Training သင်တန်းများ ဝန်ဆောင်မှုပေး သင်ကြားပေးနေသူ Corporate Trainer တစ်ဦးဖြစ်ပါတယ်။

ဆရာ့ရဲ့သင်ကြားမှုနဲ့မျှဝေမှုတွေကို နားထောင်ကြည့်ချင်တယ်ဆိုရင်တော့
ဒီမှာ သွားရောက်လေ့လာကြည့်နိုင်ပါတယ်။
YouTube Video Link : youtube.com/@PhooKyawZin/videos

————————-

သင်တန်းကြေး ဘယ်လောက်လဲ⁉️

RichDad’s CashFlow 101 ဟာ
နိုင်ငံတကာမှာတော့ နာရီပိုင်းလောက် Workshop တစ်ခုကို
မြန်မာငွေ သိန်း ဆယ်ချီ/ ရာချီ ကုန်ကျနိုင်ပါတယ်။

အခုသင်တန်း ကတော့ သင်တန်းကြေး မြန်မာငွေ ၂ သိန်းကျပ်တည်းနဲ့ တန်ဖိုးရှိတဲ့ပညာရပ်တွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။

“ပထမဆုံးအပ်နှံသူ ၃၀ ဦး” အတွက် Early birds အထူးနှုန်းထားဖြင့် 10% Discount လျော့ပေးမှာဖြစ်လို့ -

အခုအပ်မယ်ဆိုရင် …
▪️သင်တန်းကြေး - ၁၈၀၀၀၀ ကျပ်သာ ဖြစ်ပါတယ်။ ✨
( Early birds ၃၀ ဦး ကျော်ပါက ပုံမှန်အတိုင်း ၂ သိန်းကျပ်ဖြင့်သာ လက်ခံပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ)

ရင်းနှီးမြှုပ်နှံမှုတွေထဲ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့
သင့်ဦးနှောက်မှာရင်းနှီးမြှုပ်နှံခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ လုံးဝ အရှုံးမရှိတဲ့ရင်းနှီးမြှုပ်နှံမှုပါပဲ။

ဒါ့ကြောင့်💰 ဒီသင်တန်းအတွက် သုံးလိုက်တဲ့ သင်တန်းကြေးက သင့်အတွက် အကောင်းဆုံး ရေရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါလိမ့်မယ်။ ‼️

————————-

BONUS အနေနဲ့ … 🎉

✅ စဉ်ဆက်မပြတ်သင်ယူနိုင်ဖို့ Cashflow Club အဖွဲ့ဝင်ဖြစ်ခွင့်၊
✅ ငွေကြေးကစားပွဲ E-book စာအုပ် Download ရယူခွင့်၊
✅ Cashflow Game Night ပြိုင်ပွဲများတွင် လစဉ်ပါဝင်ခွင့်၊
✅ တစ်ကြိမ်အပ်ပြီးတာနဲ့ နောက်တန်းခွဲတွေမှာ အခမဲ့ ဝင်တက်နိုင်ခွင့် … တို့ ရရှိပါမယ်။

🔸 တက်ရောက်လေ့လာချင်တယ်ဆိုရင်တော့
သတ်မှတ်လူဦးရေ မပြည့်ခင်လေး အမြန်ဆုံး စာရင်းပေးအပ်နှံပြီး နေရာဦးထားဖို့ တိုက်တွန်းပါရစေ။

👇

သင်တန်းအပ်ဖို့အတွက်
Page Messenger မှာ
CF101 လို့ ရေးပြီး လာပြောပေးပါခင်ဗျာ။
m.me/FutureWaveTrainingMyanmar
Admin က အသေးစိတ် ရှင်းပြပါလိမ့်မယ်။

Future Wave Training ရဲ့
တရားဝင် Cashflow Club Member များရဲ့
မိတ်ဆက်ထောက်ခံမှုဖြင့် လာရောက်အပ်နှံပါကလည်း
10% Discount လျော့ပေးမှာဖြစ်ပါတယ်။

🔰 Cashflow 101 သင်တန်းကို တက်ပြီး
“ကြွက်ပြေးလမ်းကလွတ်အောင်ရုန်းထွက်လိုက်ပါ” ‼️

CASHFLOW 101 – Batch 9
Financial Education & Investment Strategies
Online Training Program 2025

1 month ago | [YT] | 131