All of YouTube income will flow to IDPs and other requirements fields.

——————————
ဤချယ်နယ်လေးသည် ချစ်သောကာကာ
အားလုံး၏ချစ်ချင်းမေတ္တာများဖြင့် လိုအပ်နေသောနေရာများကို ကူညီပံ့ပိုးနိုင်ဖို့အတွက် ဖန်တီးထားရခြင်းဖြစ်ပါသည်။

“တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်စေချင်လျှင် ပညာရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ဟု ကျမက ယုံကြည်ထားပါသည်”

နွေဦးတော်လှန်ရေး အောင်ပြီးလျှင် ဤချယ်နယ်မှ ဝင်ငွေများသည် ပညာသင်ကြားလိုပြီး မပြည့်စုံသည့် လူငယ်များဆီသို့သာ စီးဆင်းပါမည်။

ယခုလည်း ချယ်နယ်မှ ဝင်ငွေများသည် တပြားမကျန် လိုအပ်သော နေရာများသို့ စီးဆင်းနေပါသည်။

မှတ်တမ်းများကို FB စာမျက်နှာ နှင့် Telegram Channel တွေ လစဉ် update တင်ထားပါသည်။

ချယ်နယ်လေးကို ပံ့ပိုးပေးသူ တဦးတယောက်ချင်းစီကို အထူးကျေးဇူးတင်ပါသည်။


#နွေဦးမိသားစု
#နွေဦးအောင်ပွဲ


NwayOo Family

မင်္ဂလာပါနော် NOF ရဲ့ ချစ်သောတို့ရေ…..

၃-၁၁-၂၀၂၅ ဝင်ငွေလေးပါနော်။

စတွင်မာတို့အတွက် အားဆေးတခွက်ပါ။

We already/ will donate all monthly income from NOF Youtube channel to all require need and help from Myanmar.

✊✊✊

#နွေဦးမိသားစု

3 weeks ago | [YT] | 57

NwayOo Family

နွေဦးရဲ့ ချစ်သောတို့ရေ

၂ ရက် ၁၁ လ ဝင်ငွေလေးပါရှင်။

ချစ်သောတို့ အတွက် အားဆေးပါနော်။

သောက်လိုက်ပါအုံး😁

3 weeks ago | [YT] | 53

NwayOo Family

မင်္ဂလာပါနော် NOF ရဲ့ တော်လှန်ကာကာတ်ု့ရေ …….

1/11/25 ဝင်ငွေလေး တက်မလာသေးပါဘူးရှင့်။

လိုင်းတွေ ကျနေသည့်အတွက် နေ့ခင်း အသစ်မတင်တော့ပါဘူးရှင့်။

အဟောင်းလေးတွေ လိုင်းရမှသာ ဝင်ကြည့်ပေးပါနော် တော်လှန်ကာကာတို့ရေ။

ညဘက်တော့ “မြရည်ကံသာ” အပိုင်းဆက်ကလေး တင်ထားပါတယ်ရှင်။
———————-။———————
ကာကာတို့ကို သတိပေးချင်တာက FB account မှာ ပရိုဖိုင်းအစစ်တွေ မတင်ကြပါနဲ့ရှင်၊ ယူကျု မှာလည်း မတင်ကြပါနဲ့နော်။

#နွေဦးမိသားစု
#နွေဦးအောင်ပွဲ

4 weeks ago | [YT] | 54

NwayOo Family

မင်္ဂလာပါ​နော် NOF ရဲ့ အမာခံ ရဲ​ဘော်ရဲဘက်တို့​ရေ….

31/10/25 ရက်​နေ့ အတွက် အား​ဆေး​လေးပါ။

income-18.10
views -1,348/-
———————
48 hour views - 2,631/-

Average RPM for 1000 views - S$12.51/-

ဗျူး တွေ တော်​တော်ကျပါတယ်။
ငွေ​ပေးနှုန်း​လေးက​တော့ ကောင်း​နေ​သေး​ပေါ့ရှင်။

ရသ​လောက် ဆက်ကြိုးစားကြတာ​ပေါ့💪💪💪

———————။——————

ကျမတို့ နေ့စဉ်ဝင်ငွေစာရင်းလေးတွေ အောက်ပါ နွေဦးမိသားစု FB page နှင့် နွေဦးအောင်ပွဲ တယ်လီဂရမ်ချယ်နယ်မှာ တင်ထားပါတယ်ရှင်။
www.facebook.com/share/16L379gr9d/?mibextid=wwXIfr
t.me/nwayooaungpwe972
#နွေဦးမိသားစု
#နွေဦးအောင်ပွဲ

4 weeks ago | [YT] | 37

NwayOo Family

မင်္ဂလာပါနော် နွေဦးရဲ့ အမာခံတော်လှန်ကာကာတို့ရေ….

ယူကျု က ရီပို့တက်လာမလား စောင့်နေတာ
တက်မလာသေးဘူးရှင်။

ဒါ့ကြောင့် နေ့လယ် (၂) နာရီ အစီအစဉ်အတွက် သီးသန့်အနေနဲ့ တင်လိုက်တာပါ။

ဒီကနေ့ နေ့လည် (၂) နာရီမှာ မမမွန်းက နေ့လည်စာ လေးနဲ့ ဧည့်ခံထားပါတယ်ရှင်။

ည (၇) နာရီမှာတော့ ဆရာကြီး မင်းသိင်္ခ၏ “မြရည်ကံသာ” ဝတ္ထုအပိုင်းဆက်ကလေး တင်ထားပါတယ်ရှင်။

——————။——————

ကာကာတို့ရေ ကျန်းမာမှ သာလျှင် ကိုယ်လုပ်ချင်တာတွေ ဆက်လက်လုပ်ကိုင်နိုင်မှာ ဖြစ်လို့ ကျန်းမာရေး အထူးဂရုစိုက်ကြမယ်။

click application တွေ တော်ယုံ points လောက် ရရင် ရပြီနော်။

ကိုယ်တွေရဲ့ မျက်လုံးလေးတွေလည်း သနားကြအုံးနော်။

#နွေဦးမိသားစု
#နွေဦးအောင်ပွဲ

4 weeks ago | [YT] | 49

NwayOo Family

မင်္ဂလာပါရှင့် တော်လှန်စတွင်မာ တို့ရှင့်🙏

ဒီ community မှာ မိမိတို့ ဆွေးနွေးချင်တာလေးတွေ ဆွေးနွေးလို့ ရကြောင်းပါ။

ကိုကိုအိုက် မရိပ်မိအောင် တီလေးတို့ စကားလုံးတွေတော့ သတိထားမှရမယ်နော်😁

သူက ပန်းတိုင်လို community မျိုးထင်တယ်။

Audio book channel ဆိုတော့ စာအုပ်အကြောင်းတွေ ဆွေးနွေးကြတာပေါ့ နော့။

#နွေဦးမိသားစု
#နွေဦးအောင်ပွဲ

1 month ago | [YT] | 48

NwayOo Family

မင်္ဂလာပါ​နော် NOF ရဲ့ အမာခံ ရဲ​ဘော်ရဲဘက်တို့​ရေ….

30/10/25 ရက်​နေ့ အတွက် အား​ဆေး​လေးပါ။

income-17.22
views -1,532/-
———————
48 hour views - 2,978/-

Average RPM for 1000 views - S$12.24/-

ဗျူး နဲ့ ငွေ​ပေးနှုန်း​လေးနည်းနည်း​လေးကျသွားပါတယ်။

ကျမတို့ October လအတွက် အခုထိ SGD 522 ဝင်​နေတယ် ပေါ့​နော်။

31 ရက်အတွက် ဝင်​ငွေ 15 SGD ထား
အဲ့ဒါဆိုလျှင် SGD 537
အင်ဗဲလစ် ဖြတ်ခံရမှာ 27 ~ 30 ကြားထား
အဲ့တာဆို SGD 507
အခွန်က 15% ထား
အဲ့တာဆို ရင် SGD431 လောက်ကျန်မယ်​နော်
အဲ့ထက်လည်း ပိုရချင် ရနိုင်တယ်​နော်။

ဆက်ကြိုးစားကြစို့…..

✊✊✊

——————-။————————-
NOF ရဲ့ တော်လှန်ကာကာတို့​ရေ

မြန်မာစံ​တော်ချိန် နေ့လည် (၂) နာရီမှာ​
ဆရာညီမင်းညို ၏ ကဗျာများကို တော်လှန်ကဗျာရွတ်သူ ကလစ်ကာ​နေ့သစ်​ဇော်ကမျှ​ဝေဖတ်ပြ​ပေးထားပါတယ်ရှင်။

ည (၇) နာရီမှာ​တော့ ဆရာကြီး မင်းသိင်္ခ ၏ “မြရည်ကံသာ” ဝတ္ထုကို တော်လှန်ကလစ်ကာ နွေဦးသစ္စာက မျှ​ဝေ ဖတ်ပြ​ပေးထားပါတယ်ရှင်။

NOF ရဲ့ အမာခံ တော်လှန်ကာကာတို့​ရေ
နေ့လည် (၂) နာရီ နဲ့ ည (၇) နာရီ မှာ ဆုံကြမယ်​နော်။

—————————။————————-

ကျမတို့ ရဲ့ တော်လှန်ကလစ်ကာ​တွေကို ကျေးဇူးတင်စကား​လေးလည်း အထူး​ပြောကြားလိုပါတယ်ရှင်။

ဘာလို့လဲ ဆို ကျမ premiere တွေ ဝင်ကြည့်လိုက်လျှင်လအများစုက ဒီကာကာ​တွေကြီးပဲ
ဖြစ်​နေလို့ပါ။

ဝမ်းလည်းဝမ်းသာတယ်၊ ဂုဏ်လည်း အင်မတန်ယူမိပါတယ်။

အားလည်း ဖြစ်မိတယ်။
ကျမစိတ်တခုခု ဖြစ်တိုင်း ကလစ်ကာ​တွေကို
ကြည့်ပြီး ပြန်အားတင်းရတယ်။

ကာကာတို့​ရေ ရေရှည်ခရီးဆို​တော့
ကျန်းမာ​ရေး လည်း အထူးဂရုစိုက်ကြပါ​နော်။

💪💪💪

#နွေဦးမိသားစု
#နွေဦးအောင်ပွဲ

မှတ်ချက်။
ကျမတို့ နေ့စဉ်ဝင်ငွေကို Facebook Page နှင့် Telegram channel မှာ နေ့စဉ်တင်ပေးထားပါတယ်ရှင်။

1 month ago | [YT] | 42

NwayOo Family

မင်္ဂလာပါရှင့်နွေဦးမိသားစုဝင်တော်လှန်ထောက်ပို့ကာကာတို့ရေ🙏

ဒီကနေ့မှာတော့ ဆရာထူးဆွေအောင်၏ “စလုံးရေ စ” ဝတ္ထုလေးကို တော်လှန်စာဖတ်သူ ဘုန်းမြတ်ထင်က ဖတ်ပြပေးခဲ့တာ ဇာတ်သိမ်းပိုင်းသို့ ရောက်ရှိခဲ့ပါပြီရှင်။

မနက်ဖြန်မှာတော့ ဆရာကြီးမင်းသိင်္ခ၏ “ဘာဘာ ဘာမှမသိဘူး” ဆိုသည့်ဝတ္ထုလေးကို တော်လှန်စာဖတ်သူ ဘဘုန်းကနေပဲ ဖတ်ပြပေးထားတာလေးကို အပိုင်း(၁) အနေ နဲ့ စတင်တင်ဆက်ပေးပါမည်ရှင်။

ဘဘုန်းက ဘာဘာ ကို (၃) ပိုင်းနဲ့အပြီး ဖတ်ပြပေးထားတာဖြစ်၍ (၃) ရက်ဆက်တိုက်တင်ပေးပါမည်နော်။

သိုးဖြစ်ပါ၍ တော်လှန်ထောက်ပို့ကာကာတို့ရေ မြန်မာစံတော်ချိန်နံနက် (၁၀) နာရီတိုင်းမှာ NOF မှာဆုံကြမယ်နော်။

ကျန်းမာရေး၊ လုံခြုံရေးလည်း အထူးဂရုစိုက်ကြမယ်နော်✊🫡💪

#နွေဦးမိသားစု
#နွေဦးအောင်ပွဲ

8 months ago | [YT] | 85

NwayOo Family

အားလုံးပဲ မင်္ဂလာညချမ်းလေးပါရှင့်🙏

ဆရာကြီးရွှေဥဒေါင်း၏ မြတ် သက် မော်

အပိုင်း (၃) လေးကို playlist ထဲကနေ ရွှေဥဒေါင်း လို့ရှာပြီး နားသောတဆင်ပေးလို့ ရပါတယ်ရှင့်။

လွန်ခဲ့တဲ့ ၁၃ ရက်နေ့ကတည်းက published ဖြစ်နေတာ ကျမ သတိမထားလိုက်မိတာရှင့်။

အဆင်မပြေဖြစ်သွားမှုအတွက် တောင်းပန်ပါသည်ရှင့်။

#နွေဦးမိသားစု

#နွေဦးအောင်ပွဲ

8 months ago | [YT] | 80

NwayOo Family

မင်္ဂလာနံနက်ခင်းလေးပါရှင်🙏

YouTube က report တက်မလာသေးတော့ အပတ်စဉ် ကြာသာပတေား နေ့ကနေ စနေ နေ့ထိ NOF ၏ ည (၇) နာရီမှာ တင်ဆက်ပေးမည့် Audiobook လေးအကြောင်း မျှဝေပေးချင်ပါတယ်ရှင်။

ဒီနေ့ည (၇)နာရီကနေစပြီး ဆရာကြီးရွှေဥဒေါင်း၏ “မြတ် သက် မော်”
ဆိုသည့် ဝတ္ထုလေးကို တော်လှန်စာဖတ်သူဘုန်းမြတ်ထင် မှ ဖတ်ပြတင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်ရှင်။

ကာကာတို့ ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်ရှင်။

မြန်မာစံတော်ချိန် နေ့လည် (၂) နာရီတိုင်းမှာတော့ တော်လှန်ကဗျာရွတ်သူနေ့သစ်ဇော် ကဗျာများ၊ အခြားတော်လှန်စာဖတ်သူကာကာများ အချိန်ရရင်ရသလိုဖတ်ပြတင်ဆက်ပေးထားသည့်ကဗျာ၊ဝတ္ထုတိုလေးတွေကို အလျဉ်းသင့်သလို တင်ဆက်ပေးသွားပါမည်ရှင်။

ခုရက်ပိုင်းတော်လှန်ရေးကလည်း အချိန်ကြာလာသည်နှင့်အမျှ အချို့သော တော်လှန်ကာကာတွေ ကျန်းမာရေး တော်တော်ထိလာတာ မြင်နေ၊ ကြားနေရပါတယ်ရှင်။

ဒါ့ကြောင့် ကျန်းမာရေးလေးဂရုစိုက်ပေးကြပါနော်။
“ကျန်းမာခြင်းသည်လာဘ်ကြီးတပါး” ဆိုသည့် ဆိုရိုးစကားအတိုင်း ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေလုပ်ခွင့်ရနေမှာပါရှင်။

ဒါ့ကြောင့် အရာရာတိုင်းကို သတိ၊ အသိလေးနဲ့ယှဉ်ပြီး ဆက်လျှောက်ကြမယ်နော်✊✊✊

#နွေဦးမိသားစု
#နွေဦးအောင်ပွဲ

8 months ago | [YT] | 78